ဧပြီလ နှင့် မေလ ကာလများသည် မိုးကြိုကာလ ဖြစ်သည်။ ယင်း မိုးကြိုကာလတွင် အပူချိန် မြင့်တက်ခြင်း ၊ မိုးရွာသွန်းခြင်း ၊ မိုးရွာသွန်း ပါက လေပြင်း တိုက်ခတ်ခြင်း ၊ မိုးကြီးခြင်း များနှင့် မိုးကြိုးပစ်ခြင်း များ ဖြစ်ပေါ်နိုင်သည်။
အဆိုပါ အပူချိန် မြင့်ခြင်း ၊ မိုးကြီးခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ လေပြင်းတိုက်ခြင်း နှင့် မုန်တိုင်းဖြစ်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ် များအတွက် အများပြည်သူတို့ အနေဖြင့် မိုးလေ၀သ သတင်းကို စိတ်ဝင်တစား အချိန်ပေး၍ ဖတ်မှတ် သတိပြု နားထောင်သင့်သည်။ မြန်မာနိုင်ငံ အတွက် အန္တရာယ် မရှိနိုင်သော မုန်တိုင်း ဖြစ်ပါက " မုန်တိုင်းသတင်း " ဟုသာ အမည်တပ် ကြေညာပြီး မြန်မာနိုင်ငံ အတွက် အန္တရာယ် ရှိသော မုန်တိုင်းများ ဖြစ်မှသာ " မုန်တိုင်း သတိပေးချက် " ဟု အမည်တပ် ထုတ်ပြန်လေ့ ရှိသည်ကို သိရှိ ထားရမည် ဖြစ်သည်။ မုန်တိုင်း အဖြစ်များသော ကာလများမှာ မိုးကြိုကာလ ဧပြီလ နှင့် မေလ ဖြစ်ပြီး မိုးနှောင်းကာလ မှာ အောက်တိုဘာလ နှင့် နိုဝင်ဘာလ တို့ ဖြစ်သည်။
သတိပြုသင့်သည့် မိုးကြိုကာလ မုန်တိုင်းအန္တရာယ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1s8FhoQ
Comments
Post a Comment