Skip to main content

Erectile Dysfunction Physiology ပန်းသေ-ပန်းညှိုး ဇီဝကမ္မဗေဒနှင့် ရောဂါဗေဒ







ဒီအကြောင်းကို ရေးထားတာကြာပါပြီ။ (ဘလော့ခ်) မှာသာတင်ထားပြီး၊ (ဖေ့စ်ဘွတ်) မှာမတင်ပါ။ ကနေ့မနက် မေးခွန်း ၂ ခုကို (ကွန်မင့်) နေရာကနေမေးလာတယ်။ တင်ပေးဘို့ဆုံးဖြတ်ပါတယ်။ နားလည်ခွင့်ပြုကြပါလို့ တောင်းပန်ပါတယ်။

၁။ ဆရာမင်္ဂလာပါ။ Erectile dysfunction ကုထုံးအဆင့်ဆ့င်သိပါရစေ။ ပန်းသေ ပာုတ်မပာုတ် ဘယ်လိုသိနိုင်မလဲ ကျေးဇူးပြု၍ဖြေကြားပေးပါ။

၂။ Dear sir I am 40 years old and my penis does not erect when I stimulate with my hand. I am a smoker and I think my penis is a little short and small in this duration. I feel this disease two weeks ago. Please treat my felling.


ပန်းသေ-ပန်းညှိုးကို Erectile Dysfunction နဲ့ Impotence လို့ခေါ်တယ်။ “လိင်ဆက်ဆံမှုပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက်အောင် မသန်မာနိုင်တာနဲ့ လိင်ဆက်ဆံရာမှာ အပြည့်အဝမဖြစ်နိုင်တာ” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ လိင်အင်္ဂါ သန်မာမှုဆိုတာ (ဟိုက်ဒရောလစ်) တံခါးမျိုးလိုဘဲ လိင်တံထဲကို သွေးတွေစီးဝင်လာရာကနေ ဖြစ်လာစေရပါတယ်။


လိင်အင်္ဂါသန်မာဘို့ရာ ဖြစ်စဉ် ၂ ခုရှိပါတယ်။

(၁) Reflex erection ဆိုတာ လိင်အင်္ဂါကို ထိကိုင်တဲ့အခါ တုံ့ပြန်မှု၊ Peripheral nerves အဖျားပိုင်းက အာရုံကြောတွေနဲ့ ခါးဆစ်ထဲက အာရုံကြောတွေကနေ လုပ်ပေးတယ်။ လိင်အင်္ဂါကို ထိကိုင်တာနဲ့ အာရုံကြောစနစ်ကြောင့် Nitric oxide (နိုက်ထရစ်အောက်ဆိုက်) တွေ ထွက်လာစေတယ်။ သူ့ကြောင့် လိင်တံထဲက Corpora cavernosa ထဲမှာရှိတဲ့ Smooth muscles အနုစားကြွက်သားတွေ Relaxation ပျော့ကျယ်လာစေမယ်။


(၂) Psychogenic erection စိတ်ပိုင်းကနေလုပ်ပေးတာ။ Sexual arousal လိင်စိတ်ဖြစ်ပေါ်လာခြင်းကနေ အစပျိုးတယ်။


ကျား-အစိကနေလဲ Testosterone (တက်စတိုစတီရုန်း) ဟော်မုန်း ကိုထုတ်ပေးတယ်။ ဒါ့အပြင် ဦးနှောက်ထဲမှာရှိတဲ့ (ပစ်ကျူထရီ) အိတ်ကလေးကလဲ သူ့အလုပ်သူ ကောင်းကောင်းလုပ်နိုင်ဘို့ လိုသေးတယ်။


ဒါ့ကြောင့် -

1. Hormonal deficiency ဟော်မုန်း နည်းနေရင်၊

2. Disorders of the neural system အာရုံကြော မကောင်းရင်၊

3. Lack of adequate penile blood supply သွေးပို့လွှတ်မှု မကောင်းရင် နဲ့

4. Psychological problems စိတ်အခြေအနေမှာ အားနည်းချက်ရှိရင် ပန်းညှိုး-ပန်းသေ ဖြစ်စေနိုင်တယ်။


ED ရောဂါဟာ တကမ္ဘာလုံးမှာ ဖြစ်ကြတာများတယ်။ အသက် ၆ဝ ကျော်ရင် ၃၅% မှာ ပန်းသေ-ပန်းညှိုး ရှိနေကြတယ်။ ဖြစ်စေနိုင်တဲ့ အကြောင်းခံတွေ အမျိုးမျိုးရှိတယ်။ အသက် ၆ဝ ကျော်သူတွေမှာ ၄ဝ ကျော်တွေထက် ၄ ဆ ပိုဖြစ်တယ်။ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ၊ သွေးတိုး၊ ဆေးလိပ်စွဲတာ၊ အရက်စွဲတာ၊ အားကုန်နေတာ၊ လူအဝလွန်တာ၊ (တက်စတိုစတီရုန်း) ဟော်မုန်းနည်းနေတာ၊ (အာဆင်းနိတ်) အဆိပ်သင့်တာ။


ယောက်ျားတွေဟာ Medications ဆေးများများသောက်လေလေ ပန်းသေ-ပန်းညှိုး ဖြစ်နိုင်ခြေ များလေလေဖြစ်တယ်လို့ Kaiser Permanente သုတေသီတွေကနေ British Journal of Urology International မှာရေးသားလိုက်ပါတယ်။ ဖြစ်စေနိုင်တာသာမကဘူး ဖြစ်နေရင်လဲ ပိုဆိုးစေနိုင်ပါသေးတယ်။ California Men's Health Study ကနေ Diana C. Londoño က ဦးဆောင်ပြီး၊ ၄၆ နှစ်ကနေ ၆၈ နှစ်ကြားအရွယ်ရှိတဲ့ အတန်းအစားပေါင်းစုံက ယောက်ျားပေါင်း ၃၇၇၁၂ ယောက်ကို ၂ဝဝ၂ ကနေ ၂ဝဝ၃ ကြားမှာ သူတို့သောက်ခဲ့တဲ့ ဆေးမှတ်တမ်းတွေကို စုဆောင်းပါတယ်။ အဓိကဆေး ၃ မျိုးဖြစ်ပါတယ်။


ဆေးဝါးကြောင့်ဖြစ်တာတွေထဲမှာ SSRIs စိတ်မကျဆေးတွေ၊ Nicotine (နီကိုတင်း) နဲ့ မူးယစ်ဆေးတွေက အများဆုံး ဖြစ်တယ်။ ခါးရိုးဆစ် ထိခိုက်တာ၊ ဦးနှောက်ထိခိုက်တာ၊ (ပါကင်ဆန်) ရောဂါ၊ (အယ်လ်ဇိုင်းမား) ရောဂါ၊ (မာလ်တီပယ်-စကယ်လရိုးဆစ်) ရောဂါ နဲ့ (စထုပ်ခ်) ရောဂါ၊ Peyronie's disease ရောဂါတွေ ရှိနေတာ။ အူမကြီး၊ ဆီးကျိတ်၊ ဆီးအိမ်၊ အစာဟောင်းအိမ်တွေမှာ ခွဲစိတ်တာ၊ ဓါတ်ကင်တာ၊ စိတ်အခြေခံတွေကတော့ လက်တွေ့စိုးရိမ်စိတ်၊ စိတ်ဖိအား များခြင်း၊ တကယ့်စိတ်ကျရောဂါ၊ (စကစ်ဇိုဖရီးနီးယား)၊ ဆေးစွဲခြင်း၊ (ပင်းနစ်) ထိန်းမနိုင်-သိမ်းမရ စိတ်ရောဂါ၊ စိတ်ကျခြင်း၊ (ပါဇင်နယ်လ်တီ) တကိုယ်ရေစိတ်ရောဂါ၊ အဆိုးမြင်စိတ်တွေ၊ ၂ဝဝ၂ သုတေသနတခုအရ စက်ဘီးစီးတာနဲ့လဲ ဆက်စပ်မှုရှိတယ်။ ၂ဝ၁၁ သုတေသနတခုအရ NSAIDs အကိုက်အခဲပျောက်ဆေးတွေကို တနေ့ ၃ ကြိမ်၊ ၃ လမက သောက်သူတွေဟာ ၂၂% ပိုဖြစ်တာ တွေ့ရတယ်။


ဆေးစစ်နည်းတွေ -

• Hypogonadism, Prolactinoma, Coronary artery disease and Peripheral vascular disease နဲ့ Diabetes ရောဂါတွေရှိ-မရှိ စစ်ရမယ်။

• Duplex ultrasound ရိုက်ရင် သွေးစီးလျှောက်မှုကို သိနိုင်တယ်။

• Penile nerves function စမ်းသပ်နည်း၊

• Nocturnal penile tumescence (NPT) နည်း၊

• ယောက်ျားတယောက်ဟာ အိပ်နေတုံး (REM) အဆင့်အတွင်းမှာ လိင်သန်မာမှု ၅-၆ ကြိမ်ဖြစ်တာ ပုံမှန်ပါ။ အဲလိုမဖြစ်ရင် Nerve function နဲ့ Blood supply တွေ ချို့ယွင်းနေမယ်။ Snap gauge နဲ့ Strain gauge ကရိယာတွေနဲ့ တိုင်းတာ စစ်ဆေးနိုင်တယ်။

- Penile biothesiometry စမ်းသပ်နည်း၊

- Dynamic infusion cavernosometry (DICC) နည်း၊

- Corpus cavernosometry နည်း၊

- Magnetic resonance angiography (MRA) နည်း။


ဘာလို့ဖြစ်သလဲအပေါ်မူတည်ပြီး ကုသရတယ်။

• (အာဆင်းနိတ်) အဆိပ်သင့်သူတွေမှာ Potassium (ပိုတက်ဆီယန်) ဓါတ်ဆား နည်းနေတာကို ပြင်ပေးရတယ်။

• Alprostadil penis suppository ဆေးကို ဆီးသွားပြွန်ထဲ ထည့်ပေးရတယ်။

• Papaverine, Phentolamine, Prostaglandin E1 ဆေးကို လိင်အင်္ဂါမှာ ကိုယ့်ဖါသာ ထိုးရတယ်။ Alprostadil (Alprostadil, Caverject Impulse, Edex) ဆေးတွေ၊

• Penile prosthesis လိင်အင်္ဂါအတု တပ်မယ်၊

• Penis pumps (Vacuum constriction device) (ပန့်ပ်) ကရိယာသုံးမယ်၊ (ရေးထားပါတယ်။)

• Vascular reconstructive surgery ခွဲစိတ်ကုသနည်။

• Testosterone replacement (တက်စတိုစတီရုန်း) ဟော်မုန်းပေးခြင်း၊ (ရေးထားပါတယ်။)

• Alprostadil (Vitaros) cream လိမ်းဆေးလဲ ကနေဒါမှာ ခွင့်ပြုချက်ရထားတယ်။


(တက်စတိုစတီရုန်း) ဟော်မုန်းနည်းနေသူဟာ လိင်စိတ်လာတာ နည်းနေမယ်၊ နေမကောင်းထိုင်မသာဖြစ်နေမယ်၊ စိတ်ဓါတ် ကျနေမယ်၊ အာရုံစိုက်ရတာ မှတ်သားရတာ အားနည်းနေမယ်၊ ကိုယ်ခန္ဓာလဲ ပိန်လှီနေမယ်၊ (ကိုလက်စထော) အလုပ်မမှန်ဖြစ်နေမယ်၊ သွေးအားနည်းနေမယ်၊ အရိုးအားနည်းနေမယ်၊ ကိုယ်မွှေးပေါက်တာ ပါးနေမယ်၊ (တက်စတိုစတီရုန်း) နည်း-မနည်း သွေးစစ်ရင်သိမယ်။ မနက်ခင်းမှာ စမ်းတာပိုကောင်းတယ်။ နည်းနေသူတွေကို

- Testosterone IM ၂-၃ ပါတ်တခါ ထိုးနိုင်တယ်။

- Testosterone patches ကပ်ခွါကပ်ထားနိုင်တယ်။ တနေ့တခါ ကပ်ရတယ်။ နေရာပြောင်းပြီးကပ်နိုင်တယ်။ သောက်ဆေး မရှိသေးပါ။ ရှိရင်လဲ အသဲကို ပိုထိခိုက်စေနိုင်တယ်။

- Testosterone ဆေးပေးရင် Prostate ဆီးကျိတ်ကိုကြီးစေတယ်။ Prostate cancer ဆီးကျိတ်-ကင်ဆာ ရှိရင် မသင့်ဘူး။


Testosterone ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေ = အဆီပြန်မယ်၊ ဝက်ခြံပေါက်မယ်၊ ကိုယ်ရောင်မယ်၊ ရင်သားထွားမယ်၊ အိပ်ရေးပျက်မယ်၊ ကျား-အစေ့ သေးသွားနိုင်တယ်၊ ကိုလက်စထော အနည်း-အများပြောင်းမယ်၊ သွေးနီဥများမယ်၊ သုက်ပိုးနည်းစေပြီး ကလေးမရဖြစ်စေနိုင်တယ်၊


ရောဂါအခံတွေလဲမရှိ၊ ပြောခဲ့တာတွေကိုလဲ ပြင်လို့မှ မရသေးရင် Psychological counseling (Stress, Anxiety or Depression) စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူပါ။ သက်သာ-ကောင်းမွန်-ပျောက်ကင်းစေမှာ အမှန်ပါ။


ဆရာဝန်မလိုဘဲ ပျောက်ကင်းနိုင်တာတွေလဲ ရှိပါတယ်။

- လိင်ဆက်ဆံတာကို လိုတာထက်ပိုပြီး စိတ်လှုပ်ရှားနေတာ ပြင်ပါ။

- အလုပ်-မိသားစုအတွင်း စိတ်အခန့်မသင့် ဖြစ်နေတာ ပြင်ပါ။

- ကိုယ့်ဇနီး-မိန်ကလေးနဲ့ ဆက်ဆံရေး ကျဲနေတာ ပြင်ပါ။

- ကိုယ့်ကိုယ်ကို လိင်ကိစ္စမှာ ယုံကြည်မှု မနည်းသင့်ဘဲ နည်းနေတာ ပြင်ပါ။

- ကိုယ့်မိန်းကလေးဖေါ်ကနေ အနုတ်သဘော ပြောတာကို ပြောင်းစေပါ။ မေ့ထားလိုက်ပါ။

- လူနေမှုဘဝ ပုံစံပောင်းသင့်ရင် ပြောင်းပါ။ ဥပမာ Smoking ဆေးလိပ်၊ အရက်ဖြတ်ပါ၊ ကိုယ်အလေးချိန်လျှော့ချပါ၊ (အေရိုးဘစ်) လေ့ကျင့်ခန်းလုပ်တာ ပိုကောင်းစေမယ်။


တခြားနည်းတွေရှိပေမဲ့ FDA ကနေ အသိအမှတ်ပြုပေးမထားပါ။

- Acupuncture အပ်စိုက်နည်း၊

- Korean red ginseng (Panax ginseng) ကိုရီးယား (ဂျန်ဆင်း)၊

- Yohimbine (ယိုဟင်ဘီးန်)၊

- DHEA (dehydroepiandrosterone) (ဒီအိတ်ခ်ျအီးအေ)၊

- Ginkgo (ဂျင်ဂို)၊

- L-arginine (အယ်လ်-အာဂျနင်း)၊

- Herbal Viagra ဟာဘယ် ဗိုင်ယာဂရာ၊


Dr. တင့်ဆွေ

https://www.facebook.com/pages/Dr-Tint-Swe/490031307758025





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://feedproxy.google.com/~r/myanmarnewsnow/LNje/~3/7MuAVFoeJa8/erectile-dysfunction-physiology.html

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3