Skip to main content

အိန္ဒိယ ရွေးကောက်ပွဲ ဟိန္ဒူအမျိုးသားရေးဝါဒီ မိုဒီ၏ BJP ပါတီ အနိုင်ရ နယူးဒေလီ၊ မေ...



အိန္ဒိယ ရွေးကောက်ပွဲ ဟိန္ဒူအမျိုးသားရေးဝါဒီ မိုဒီ၏ BJP ပါတီ အနိုင်ရ



နယူးဒေလီ၊ မေ ၁၇



အိန္ဒိယ ရွေးကောက်ပွဲတွင် အတိုက်အခံ BJP ပါတီက ဆယ်စုနှစ် သုံးခုအတွင်း မဲအပြတ်အသတ် အသာဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ပါတီခေါင်းဆောင် မိုဒီက နယူးဒေလီမြို့တော်တွင် အောင်ပွဲခံ အခမ်းအနား ကျင်းပနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။



ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ ပါတီဖြစ်သော ကွန်ဂရက်ပါတီမှာ အရေးနိမ့်သွားပြီး လာမည့် ရက်ပိုင်းအတွင်း ရာထူးမှ နုတ်ထွက်သွားမည်ဟု မျှော်လင့်ရသည်။



ဟိန္ဒူအမျိုးသားရေး ဝါဒီတစ်ဦးဖြစ်သူ မိုဒီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စီးပွားရေး ပြန်လည်ဆန်းသစ်နိုင်ရေး လုပ်ဆောင်သွားမည်ဟု ရွေးကောက်ပွဲတွင် ကတိပြုထားသည်။

ထို့အပြင် ပါလီမန်နေရာ အများစုကို BJP ပါတီက အနိုင်ရရှိထားသဖြင့် ညွန့်ပေါင်းအဖွဲ့များ မပါဘဲ အစိုးရအဖွဲ့သစ် တစ်ရပ် ဖွဲ့စည်းနိုင်မည်ဟု ရွေးကောက်ပွဲ ရလဒ်များတွင် ဖော်ပြထားသည်။



သို့သော်လည်း မိုဒီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဂူဂျာရတ်ပြည်နယ်၌ ၂၀၀၂ ခုနစ်တွင် ဖြစ်ပွားခဲ့သော လူ့အဖွဲ့အစည်းများကြား ပဋိပက္ခတွင် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူ အများစုမှာ မွတ်ဆလင်များ ဖြစ်သဖြင့် မိုဒီ၏ ဦးဆောင်မှုကို အချို့သော အိန္ဒိယနိုင်ငံသားများက စိုးရိမ်နေသည်။

ဟိန္ဒူအမျိုးသားရေးဝါဒီ မိုဒီအပေါ် စွပ်စွဲပြောကြားမှုများ ပေါ်ပေါက်ခဲ့သော်လည်း စွပ်စွဲချက်များကို မိုဒီက အမြဲငြင်းဆိုခဲ့ပြီး တရားစွဲဆိုခြင်းလည်း မခံခဲ့ရပေ။



ရွေးကောက်ပွဲ အောင်ပွဲခံ အခမ်းအနား ဆင်နွှဲနိုင်ရန် နယူးဒေလီမြို့တော်သို့ ရောက်ရှိလာသော မိုဒီကို ထောက်ခံအားပေးသူများက အလံများ၊ ဗုံများ ကိုင်ဆောင် ကြိုဆိုခဲ့သည်။



ယင်းကဲ့သို့ အောင်ပွဲခံ အခမ်းအနား ကျင်းပနေသော်လည်း ရွေးကောက်ပွဲ မဲရေတွက်မှုမှာ မပြီးဆုံးသေးဘဲ BJP ပါတီက လက်ရှိအချိန်ထိ ပါလီမန် အမတ်နေရာ ၂၇၂ နေရာ ရရှိထားပြီး မဟာမိတ် ပါတီများပါ ထည့်သွင်း ရေတွက်ပါက နေရာပေါင်း ၃၃၀ နေရာအထိ ရရှိမည်ဖြစ်သည်။

“အိန္ဒိယ အနိုင်ရရှိခဲ့ပါပြီ။ ကောင်းမြတ်တဲ့နေ့တွေ ရောက်လာတော့မှာပါ” ဟု မိုဒီက ပြောကြားခဲ့သည်။



ကက်ရှမီးယား ဒေသမှသည် တောင်ပိုင်း ကန်ရာကူမာရီ ဒေသရှိ နိုင်ငံတစ်ဝန်းလုံးမှ ပြည်သူများက အစိုးရအဖွဲ့သစ်ကို ပိုင်ဆိုင်ကြောင်း အိန္ဒိယနိုင်ငံသားများ အားလုံးအတွက် စစ်မှန်သော အစိုးရဖွဲ့ပြီး နိုင်ငံသားအားလုံးကို အုပ်ချုပ်သွားမည် ဖြစ်ကြောင်း မိုဒီက ပြောကြားလိုက်သည်။



မွတ်ဆလင်အများစု သေဆုံးခဲ့သော ၂၀၀၂ ခုနစ် အဓိကရုဏ်းဖြစ်ရပ် အပြီးတွင် ဂူဂျာရပ် ပြည်နယ်ဝန်ကြီးချုပ် မိုဒီကို အမေရိကန်နှင့် ဗြိတိန်တို့က လိုလားခြင်း မရှိခဲ့သော်လည်း လက်ရှိတွင် မိုဒီ၏အောင်ပွဲကို အမေရိကန်သမ္မတ အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းတို့က ချီးကျူး ဂုဏ်ပြုလိုက်သည်။

“နိုင်ငံရေးအကွဲအပြဲခေတ် နိဂုံးချုပ်သွား ပါပြီ။ ဒီနေ့ကစပြီး လူထုတွေကို စုစည်းပေးမယ့် နိုင်ငံရေး စတင်လာပါပြီ” ဟု ရွေးကောက်ပွဲအနိုင်ရရှိခဲ့သူ မိုဒီက ပြောကြားသည်။



အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ကာလမှစ၍ ပြည်တွင်း နိုင်ငံရေးလောကကို လွှမ်းမိုးထားသော ကွန်ဂရက် ပါတီမှာ အကျင့်ပျက်လာဘ်စားမှု သတင်းများ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများ၊ ခေါင်းဆောင်မှု အားနည်းမှု များကြောင့် ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၄ နေရာသာ အနိုင်ရနိုင်သည်ဟု ခန့်မှန်းထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1jqWKtf

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...