Skip to main content

ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့ကို ပြင်ဆင်...



ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့ကို ပြင်ဆင်



တောင်ငူ၊ မေ ၁၇



ယခုနှစ်အတွင်း ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့ကို အဆင့်မြင့် နိုင်လွန်ကတ္တရာ ခင်းခြင်းနှင့် လမ်းအကျယ် တိုးချဲ့ ဖောက်လုပ်ခြင်း လုပ်ငန်းများ၊ စတီးလက်ရန်း တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို စတင် လုပ်ဆောင်လျက် ရှိကြောင်း အမြန်လမ်း ကွပ်ကဲထိန်းသိမ်းမှု အင်ဂျင်နီယာမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။



ယင်းသို့ တိုးချဲ့လုပ်ဆောင်နေခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှု များလာခြင်းကြောင့် မဟုတ်ဘဲ မူလကတည်းက ရှိနှင့်ပြီး လျာထားချက်များ အတိုင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် နှစ်လမ်းသာ သွားနိုင်သည့် အသွား၊ အပြန် လမ်းပိုင်းများကို အနည်းဆုံး သုံးလမ်း မောင်းနိုင်သည့် လမ်းဖြစ်ရန် တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမြန်လမ်း ကွပ်ကဲထိန်းသိမ်းမှု အင်ဂျင်နီယာမှူးရုံးမှ အင်ဂျင်နီယာမှူး ဦးပြည့်ဖြိုးဆယ်က ပြောကြားသည်။



“အမြန်လမ်းမှာ ယာဉ်တိုက်မှုတွေ မဖြစ်ခင်ကတည်းက ပုံမှန်လမ်းပြုပြင် ထိန်းသိမ်းရေးတွေကို လုပ်နေတာပါ။ အခုလည်း အမြန်လမ်းအစ မိုင်တိုင် အမှတ် ၀ ကနေ ၂၅/၀ မိုင်အထိ အဆင့်မြင့် နိုင်လွန်ကတ္တရာ ခင်းတဲ့လုပ်ငန်းကို လုပ်နေပါတယ်။ ၂၀၁၄ အကုန် အပြီးလုပ်မှာပါ” ဟု ၎င်းကဆိုသည်။



ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် အမြန်သေလမ်းမကြီးဟု ဝေဖန်မှုများ ဟိုးလေးတကျော် ထွက်ပေါ်နေချိန် နေပြည်တော်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၌ မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က ၃၃၆ မိုင် သုံးဖာလုံ ရှည်လျားသည့် ယင်းအမြန်လမ်းသည် တစ်မိုင်လျှင် ကျပ်သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ်ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်နေသေးကြောင်း ဝန်ခံ ပြောဆိုကြသည်။



အမြန်လမ်း လေးလမ်းသွားကို စံချိန်စံညွှန်းမီ ရှစ်လမ်းသွားအဖြစ် ပြုလုပ်ပါက ကျပ် ဘီလီယံ ၅၅၀ ခန့် ထပ်မံကုန်ကျမည် ဖြစ်ပြီး အမေရိကန်အစိုးရ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ရန် စီစဉ်လျက်ရှိသော အမြန်လမ်းကို လမ်းတစ်ခြမ်းလျှင် ယာဉ်လေးစီး မောင်းနှင်နိုင်သည့် ရှစ်လမ်းသွားအဖြစ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးစိုးတင့်က ပြောကြားသည်။



အထိတ်တလန့် ဖြစ်ဖွယ် ယာဉ်တိမ်းမှောက်မှုများကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ပြုလုပ်ခဲ့သော အကျွတ်အလွတ်ပွဲ ကျင်းပအပြီး တစ်ရက်အကြာ မေလ ၁၂ ရက် ညတွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင်ယာဉ်သည် အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၅ မိုင် ၅ ဖာလုံ အရောက် အရှိန်လွန်ကာ မီးရထား ခုံးကျော်တံတားအောက် ပြုတ်ကျ တိမ်းမှောက်ခဲ့၍ အစိုးရဝန်ထမ်း သုံးဦး အပါအဝင် ခရီးသည် ၁၄ ဦး သေဆုံးကာ ခရီးသည် ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည့် အတွက် အမြန်လမ်း၏ အရည်အသွေးနှင့် ပတ်သက်ပြီး ဝေဖန်သံများ ပိုမိုထွက်ပေါ်လာချိန်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။



“ရှစ်လမ်းသွား ချဲ့ဖို့ထက် ရှိပြီသား လမ်းကို နိုင်ငံတကာ စံနှုန်းအတိုင်း အရည်အသွေးမီ လုပ်ဖို့ လိုပါတယ်၊ နိုင်ငံတကာက ဟိုင်းဝေးလမ်းတွေလည်း ရှစ်လမ်းသွား မဟုတ်ပါဘူး။ လေးလမ်းကိုပဲ အန္တရာယ်ကင်းကင်းနဲ့ မြန်အောင် မောင်းနိုင်အောင် ဖောက်ထားတယ်။ တရုတ်နဲ့ ယိုးဒယားက လမ်းတွေမှာတောင် အကွေ့တွေကို အရှိန်ချပြီး ကွေ့စရာ မလိုအောင် ဖောက်ထားတယ်။ တံတား အတက်အဆင်းတွေမှာ ကားမခုန်ဘူး” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ဝေဖန်ပြောကြားသည်။



၃၆၅ မိုင်ခန့် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်ချိန် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် မေလ ၁၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၆၇ ဦး၊ ဒဏ်ရာရရှိသူပေါင်း ၁၁၁၄ ဦး ရှိခဲ့ရာတွင် ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ၀ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပြီး လမ်းအရည်အသွေးကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း အစိုးရအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1vmiL0f

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3