အင်အန်ဒီနှင့် ၈၈ မန္တလေးဟောပြောပွဲ လူသိန်းချီတက်ရောက်
မဇ္ဈိမသတင်းဌာန
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဟောပြောပွဲကို မေလ ၁၈ရက် နံနက် ၈နာရီခွဲတွင် စတင်ပြီဖြစ်သည်။
ဟောပြောပွဲသို့ မန္တလေးမြို့ခံ ပရိတ်သတ်အပါအဝင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကျသူများ သိန်းနှင့်ချီ တက်ရောက်လာသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဟောပြောမည်ဖြစ်သည်။
မေလ ၁၈ရက်ကလည်း ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းတွင် ဟောပြောခဲ့သေးသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1jHFJp4
Comments
Post a Comment