Skip to main content

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ နောက်ထပ်သက်သေ ၃ ဦး စစ်မေးမည်



ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း (ခိုတောင်ကျွန်း)မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စမှာ သံသယရှိသူအဖြစ် ဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ ကျူးလွန်ခြင်း ရှိမရှိ သက်သေပြနိုင်ဖို့ အတွက် နောက်ထပ်သက်သေ ၃ ဦးကို စစ်ဆေး မေးမြန်းဖို့ ရှိနေပါတယ်။

ဖမ်းဆီးခံ လူငယ် ၂ ဦးဘက်ကနေ ခုခံချေပပေးမယ့် ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင်တွေဟာ မနက်ဖြန် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဆူရတ်ဌာနီကို သွားပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို သွားမေးမယ်လို့ ဒီကိစ္စမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။


“အဖမ်းခံထားရတဲ့ ကလေး ၂ ယောက်ထဲက စူရတ်ဌာနီကိုလာရင်း အဖမ်းခံရတဲ့ ၀င်းဇော်ထွန်း ကို လာကြိုတဲ့ အလုပ်သမားတွေကို မေးမှာပါ။ သူတို့က စူရတ်ဌာနီမှာ ပန်ရံအလုပ်သမား လိုတယ်လို့ ပြောတော့ ၀င်းဇော်ထွန်းက အလုပ်လုပ်ဖို့ လာတာလေ။ ဘတ် (အလုပ်သမားကတ်) လည်း ရိုက်ပေးမယ်ပြောလို့ လာတာ၊ အဲဒီမှာ ရဲတွေက သူ့ကို ဖမ်းလိုက်တာ၊ တကယ်တမ်း ကျူးလွန်သူဆိုရင် အဲဒီကိုဘယ်လာမှာလဲ၊ တခြားကို ထွက်ပြေးမှာပေါ့။ အဲဒီကိစ္စအတွက် သက်သေတွေကို သွားမေးမှာဖြစ်ပါတယ်။ သူတို့အလုပ်နားချိန် ညနေပိုင်းလောက်ပေါ့။”


ရှေ့နေကောင်စီအဖွဲ့ဝင်တွေဟာ စူရတ်ဌာနီပြီးရင် ကော့တောင်ကျွန်းဘက်ကိုလည်း ခရီးဆက်ပြီး နောက်ထပ်သက်သေတွေ ရှာဖွေမေးမြန်းဦးမယ်လို့ သူက ဆက်ပြောပါတယ်။


ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေလည်း မကြာခင် ထိုင်းနိုင်ငံကို ရောက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။


အဲဒီတာဝန်ရှိသူတွေဟာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေတို့ဦးဆောင်တဲ့ အထူးအဖွဲ့တဖွဲ့ ဖြစ်ကြောင်း သံအမတ်ကြီး ဦးဝင်းမောင်ရဲ့ အပြောကို ကိုးကားပြီး ဦးအောင်မျိုးသန့်က ပြောပါတယ်။


ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ဦးဟာ လူသတ်မှု မကျူးလွန်ရကြောင်း၊ ထိုင်းရဲတွေက ရိုက်နှက် စစ်မေးတဲ့အတွက် ၀န်ခံခဲ့ရကြောင်း ပြောဆိုပြီး ကနဦးပိုင်းက ထိုင်းရဲထံမှာ ပေးထားတဲ့ ဖြောင့်ချက်ကို ပြန်လည်ရုပ်သိမ်းထားကြပါတယ်။ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းရဲတပ်ဖွဲ့ကို ရိုက်နှက်စစ်ဆေးတဲ့ကိစ္စ လာရောက်ဖြေရှင်းဖို့ ၄ ကြိမ် ဖိတ်ခေါ်ခဲ့ပြီး ထိုင်းရဲကလည်း ၄ ကြိမ်လုံး ပျက်ကွက်ခဲ့ပါတယ်။


ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်နေ့ထိ လာရောက်ဆက်သွယ်ရှင်းလင်းမှု မပြုဘူးဆိုရင် ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သူတို့ကို တရားစွဲရေး၊ မစွဲရေး ဆုံးဖြတ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။


ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။


By ဒီဗွီဘီ

http://ift.tt/1xMb437






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1sDmhj2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...