Skip to main content

ကြယ်တံခွန်ပေါ် ဂြိုဟ်ဆင်းယာဉ် ဆင်းသက်မှု စတင်



အာကာသ သိပ္ပံ သမိုင်းမှာ အထူးခြားဆုံး အခိုက်အတံ့ အဖြစ် ကမ္ဘာမြေနဲ့ ကီလိုမီတာ သန်း ၅၀ဝ ကျော် အကွာမှာ ရှိတဲ့ ကြယ်တံခွန် တစ်ခုရဲ့ မျက်နှာပြင်ပေါ်ကို ဂြိုဟ်ဆင်းယာဉ် ဆင်းသက်မှု စတင် လိုက်ပါတယ်။

67P ကြယ်တံခွန်ရဲ့ မျက်နှာပြင်ပေါ် ဆင်းသက်မယ့် ဂြိုလ်ဆင်းယာဉ် Philae ဟာ မိခင်ယာဉ် ရိုဆက်တာ ကနေ ထွက်သွားတာ ၂ နာရီ ကြာခဲ့ပြီးနောက် ယာဉ် ၂ ခုကြား အဆက်အသွယ် အားလုံး ကောင်းနေတယ်လို့ ဥရောပ အာကာသ အေဂျင်စီက သိပ္ပံပညာရှင် တွေက အတည်ပြု ခဲ့ပါတယ်။


အခုဆို 67P ကြယ်တံခွန်ဆီ ဆင်းသက်ဖို့ ကီလိုမီတာ အနည်းငယ်ပဲ ကွာတော့တဲ့ အဲဒီ ဂြိုလ်ဆင်းယာဉ် ကနေ မိခင် ယာဉ်မကြီးက ခွာထွက် ခဲ့တဲ့ ဓာတ်ပုံတွေကို ပေးပို့မှာကို စောင့်နေတယ်လို့ သိပ္ပံပညာရှင် တွေက ပြောပါတယ်။


Philae ဂြိုလ်ဆင်းယာဉ်ဟာ သက်တမ်း အားဖြင့် နှစ် သန်းပေါင်း ၄၀ဝ၀ ကျော်နေပြီလို့ ခန့်မှန်းထားကြတဲ့ ဒီ ကြယ်တံခွန်ဆီက ရေခဲနဲ့ မြေမှုန် တွေကို ဓာတ်ခွဲ လေ့လာပြီး အဲဒီကနေ တဆင့် စကြာဝဠာနဲ့ နေအဖွဲ့အစည်း ဖြစ်တည်လာပုံ တွေကို ပိုမို သိရှိလာ နိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။


ဒီခရီစဉ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စတင် ခဲ့တာ ဖြစ်ပြီး ဒေါ်လာ သန်း တစ်ထောင် ကုန်ကျ ခဲ့ပါတယ်။


အရင်က အခုလို ကြယ်တံခွန် တစ်ခုပေါ်ကို ညင်ညင်သာသာ ဆင်းသက် နိုင်ခဲ့မှု မရှိသေးဘဲ အခု ဆင်းသက်မှု အောင်မြင်ခဲ့ပါက အာကာသ သိပ္ပံ သမိုင်းမှာ အထူးခြားဆုံး အောင်မြင်မှု အဖြစ် မှတ်တမ်း တင်နိုင်မှာ ဖြစ်ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

http://ift.tt/10ZjeKC











မိခင်ယာဉ်ကနေ ထွက်ခွာအပြီး ၂ နာရီ အကြာ အထိ အဆက်အသွယ် ကောင်းနေ




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1v3Ipc4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...