Skip to main content

၁၀ မိနစ်တွေ့ဆုံ၊ အပြုံးများနှင့် ဓာတ်ပုံရိုက်ကြသော နိုင်ငံရေး ထမင်းလက်ဆုံ စားပွဲကြီး – လင်းထိုက် (Y.I.T)



အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာပြည်လာရန် ၁၂ ရက် အလိုတွင် ကျင်းပသော ထိုထိပ်သီး ဆွေးနွေးပွဲ၏ ရည်ရွယ်ချက် ကား နိုင်ငံ့အနာဂတ် ကောင်းမွန်ရေး အတွက် စိတ်ရင်း စေတနာမှန် ဦးတည်ချက် မရှိသည်မှာ ထင်ရှားနေ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


နေပြည်တော် သမ္မတအိမ်တော်ရာမှာ အောက်တိုဘာ ၃၁ ရက်က နိုင်ငံ့~ ထိပ်သီး ခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ တိုင်းပြည် အပြောင်းအလဲအတွက် အရေးပါလှတဲ့ ပုဂ္ဂိုလ်များရဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမယ် ဆိုတဲ့အသံကြား တာနဲ့ ပြည်သူအပေါင်းမှာ ဘာတွေ များ တွေ့ဆုံ ဆွေးနွေးပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဘယ်လိုများ ဖြေရှင်းကြမလဲ ဆိုပြီး မျှော်လင့်ချက် ကြီးမားစွာ ထားခဲ့ကြပါတယ်။ တွေ့ဆုံ ဆွေးနွေးမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း သူ့နယ်ပယ်နဲ့သူ ထိပ်သီးတွေပါပဲ။ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဒုသမ္မတနှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာချုပ်၊ ဦးတင်အေး၊ ဦးဌေးဦး၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းထွန်းစတဲ့ အုပ်ချုပ်ရေးပိုင်း အကြီးအကဲ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ လူထုခေါင်းေ ဆာင်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ၊ တပ်မတော်အကြီးအကဲ၊ တိုင်းရင်းသား ကိုယ် စားပြု ခေါင်းဆောင်တွေ နဲ့ ပါတီ ခေါင်းဆောင်တွေပါတဲ့ နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲဆိုတော့ တစ်တိုင်းပြည်လုံး စိတ်ဝင်စား ခဲ့ကြပါတယ်။ ပြီးတော့ သက်ဆိုင်ရာ ထိပ်သီးတွေကို ဖိတ်ကြားရာမှာ “ထိပ်တန်းလျှို့ဝှက်” ဆိုတာက ပါလိုက်သေးဆိုတော့ လူထုရဲ့ စိတ်ဝင်စားမှုက ပိုမိုမြင့်တက် လာပါတယ်။


ဆွေးနွေးပွဲ မစတင်မီ မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကြပြီး ဆွေးနွေးပွဲကို မနက် ၉ နာရီခွဲမှာ စတင်ပါတယ်။ ဆွေးနွေးပွဲ စတာနဲ့ မီဒီယာတွေကို အပြင်ထွက်ပေးဖို့ သမ္မတကပြောတော့ ဘာတွေများ ကြီးကျယ် လျှို့ဝှက်တဲ့ အကြောင်းအရာတွေ များ ပြောမှာလဲဆိုပြီး တော်တော် စိတ်လှုပ်ရှားမိပါတယ်လို့ မီဒီယာသမား တစ်ဦးက ဆိုပါတယ်။ ၂ နာရီကြာတွေ့ဆုံ ဆွေးနွေးပွဲမှာ တစ်ဦးကို ၁၀ မိနစ်စီ ဆွေးနွေးခွင့် ရပါတယ်။ သမ္မတက အဖွင့်မိန့်ခွန်းမှာ နိုင်ငံရေး အင်အားစုတွေ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းများ ရှာဖွေဖို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ကို ပြောပါတယ်။


ပြီးတော့ တစ်ဦး ၁၀ မိနစ် အချိန်ရတဲ့ ဆွေးနွေးပွဲမှာ သမ္မတက အချက်(၃)ချက် ပြောကြားတယ်လို့ ဆိုပါတယ်။


(၁) ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆက်လက် ရှင်သန်အောင် လုပ်ဖို့၊


(၂) ငြိမ်းချမ်းရေးဖြစ်စဉ် ခိုင်မာအောင် ပြုလုပ်သွားဖို့၊


(၃) ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ဖို့ နိုင်ငံရေး တည်ငြိမ်ဖို့ လိုကြောင်းစတဲ့ အချက်တွေဖြစ်ပြီး ဘာအကြောင်းအရာမှ အသစ်မပါပါဘူး။ သမ္မတရဲ့ မိန့်ခွန်း ပေါင်းချုပ်ထဲက ဖန်တစ်ရာတေနေတဲ့ အကြောင်းအရာတွေထဲက အချက်အချို့ကိုပဲ ပြန်ပြောကြား သွားပါတယ်။ ထူးခြားတာ တစ်ခုကတော့ ““၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ရာမှာ နိုင်ငံရေး တည်ငြိမ်မှုလိုကြောင်း””ပြောသွားတာပါပဲ။ နိုင်ငံရေး တည်ငြိမ်မှုလိုကြောင်း သက်ဆိုင်ရာ Stakeholder တွေကိုခေါ်ပြီး သတိပေးတဲ့ သဘောဆောင် တယ်လို့ သုံးသပ်မိပါတယ်။


ကာချုပ်ရဲ့ ၁၀ မိနစ် ပြောကြားမှုမှာတော့ အခြေခံဥပဒေပြင်ဖို့ သဘောတူကြောင်း၊ ဒါပေမဲ့ အခြေခံဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းချက်များ အတိုင်းပြင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရန် လိုတယ်လို့ ပြော ပါတယ်။ အရင် ကာချုပ်ရဲ့ မိန့်ခွန်းတွေမှာ ပါနေကျ အကြောင်းအရာနဲ့ သိပ်ထူးမခြားနားပါဘဲ။ ကာချုပ်ရဲ့ ပြောကြား ချက်ကို ကောက်ချက်ချရရင် လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းကို လက်မခံနိုင်ဘူးလို့ ဆိုလိုရာ ရောက်ပါတယ်။ ဒါကိုပဲ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မီဒီယာတွေ မေးမြန်းချက်ကို ပြန်ဖြေကြားရာမှာ ““အားလုံးက လွှတ်တော်တွင်းကနေပဲ ဖွဲ့စည်းပုံ ပြုပြင်သွားနိုင်ဖို့ကို သဘောတူတယ်။ အဲလိုပြင်တဲ့အခါ မိမိ လိုချင်တာကို လမ်းပေါ် ထွက်တာမျိုးကို ဘယ်သူမှ လက်မခံဘူး””ဆိုပြီး ပြောကြားသွားပါတယ်။ ဒါဟာ တပ်မတော်ရဲ့ သဘောထားလား၊ အစိုးရအဖွဲ့ရဲ့ သဘောထားလား၊ ဦးရဲထွဋ်ရဲ့ ကိုယ်ပိုင် သဘောထားလား ဆိုတာတော့ ဘယ်လိုမှ မသဲကွဲပါဘူး။ ဦးရဲထွဋ်ပြောသလို အားလုံးက လွှတ်တော်တွင်းက ဖွဲ့စည်းပုံပြုပြင်ဖို့ သဘောတူတယ်ဆိုတဲ့ အချက်သာ မှန်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ပါ လွှတ်တော်တွင်းက ပြင်ဖို့သဘောတူ လိုက်တယ်လို့ ဆိုလိုရာ ရောက်ပါတယ်။ ၄၃၆ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒလက်မှတ် ငါးသန်းနီးနီးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လို သဘောထားမလဲဆိုတာ ဦးရဲထွဋ်ပြောကြားချက်အရ ဒွိဟပွားစရာ ဖြစ်လာပါတယ်။


တွေ့ဆုံပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနဲ့ တွေ့စဉ်ပြောကြား ရာမှာတော့ ““ခေါင်းဆောင်စွဲ၊ ပါတီစွဲကြောင့်လည်း မဟုတ်ဘူး။ ၀ါဒစွဲကြောင့်လည်း မဟုတ်ဘူး။ လေးပွင့်ဆိုင်တွေ့ဖို့က လက်တွေ့ကျကျ လိုအပ်မယ် ထင်လို့ပါ””လို့ ဆိုပါတယ်။


7 Day သတင်းစာက ဦးခွန်ထွန်းဦးနဲ့ အင်တာဗျူးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ““ဟိုတို့တိ၊ ဒီတို့တိပေါ့။ တစ်ယောက်ကို ၇ မိနစ်၊ ၁၀ မိနစ်ပေးတယ်။ မဆီမဆိုင်တွေလည်း လျှောက် ပြောတယ်။ ဘယ်ခုနှစ်က ဘာပြောတယ်တို့၊ ဘာတို့။ ဒေါ်စုက လုံးဝကို မကြည့်တော့တာ။ သူ့မှာ မန်းဒိတ် မပါဘူးတဲ့။ ဒါတွေ ကျွန်မ မဆွေးနွေးနိုင်ဘူးတဲ့။ ဒါပဲ။ ဗြောင်ပြောတယ်လေ။ ဖိတ်စာရတာ နောက်ကျတယ်တဲ့။ ဗဟိုကော်မတီနဲ့ ကျွန်မ မဆွေးနွေးရဘူးတဲ့။ တခြားဟာပဲ ပြောတယ်”” ဆိုပြီး ဦးခွန်ထွန်းဦးက 7 Day သတင်းစာကို ပြောကြားခဲ့ပါတယ်။


သုံးသပ်ရရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရုပ်ပြဆွေးနွေးပွဲဆိုတာ ကြိုတင် ယုံကြည်ထားပုံပေါ်ပြီး ဆွေးနွေးမှု ဘာမှ မလုပ်ခဲ့ခြင်းကို ထောက်ရင် ဖိတ်ကြားလို့သာ သွားရောက် တက်ခဲ့ရုံ တက်ခဲ့ခြင်းသာ ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ တပ်မတော်ကိုတော့ သူ့အနေနဲ့အမြင် မတူမှုများ ရှိပေမယ့် တပ်မတော်ကို ချစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။ ဒါကလည်း ဟောပြောပွဲတွေမှာ ဒေါ်အောင် ဆန်းစုကြည်ပြောကြားဖူးတဲ့ စကားတစ်ရပ်သာ ဖြစ်ပါတယ်။


လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးကတော့ အခြေခံဥပဒေပိုပြီး ရှင်းလင်းဖို့၊ ပိုပြီး ပြည်ထောင်စုစနစ်ဆန်ဖို့ ပြောင်းဖို့ လိုတယ်ဆိုပြီး ပြောတယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။ ဦးရဲထွဋ်ကပဲ ““ဦးတင်အေးက ရွေးကောက်ပွဲ မျှမျှတတ လုပ်မယ်။ ဘယ်လိုပုံစံနဲ့ မဲစာရင်းတွေမှန်အောင် လုပ်ဖို့ ကြိုးစားနေတယ်။ ဒီမိုကရေစီနိုင်ငံရေးမှာ ပါတီတွေဟာ ဘယ်လောက် အဓိကကျလဲဆိုတာ ပြောတယ်””လို့ ဆိုပါတယ်။ သုံးသပ်ရရင်တော့ ထူးမခြားနား ဓာတ်ပြားဟောင်း စကားလုံးတွေပါပဲ။


ဦးခွန်ထွန်းဦးကတော့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး 7 Days သတင်းစာနဲ့ အင်တာဗျူးမှာ သူ့ရဲ့ သုံးသပ်ချက် တချို့ကို ပြောကြားခဲ့ပါတယ်။


- ““ကျွန်တော် သိရသလောက်တော့ သူတို့ ဒါကိုပြောတာ မပြီးပြတ်သေးဘူး။ ပြန်တွေ့ပြီး ပြောကြလိမ့်မယ် ထင်တယ်။ ဖွဲ့စည်းပုံကို တချို့က ပြင်ချင်တယ်။ တချို့က မပြင်စေချင်ဘူး။ ၄၃၆ က ဒီနေ့ ဆွေးနွေးတဲ့အထဲမှာ မပါဘူး။ ခေါ်ကတည်းက ပြင်ဖို့ ဆွေးနွေးတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးက ရပ်နေတာ အဲဒါပဲလေ””


- ““ ယေဘုယျဆန်ဆန် မေးတဲ့အခါကျ တော့ယေဘုယျဆန်ဆန်ပဲ ဖြေကြတာပေါ့။ ဆွေးနွေးတယ်ဆိုတာ မဟုတ်တော့ တင်ပြပါတယ်ပဲ ပြောရတယ်။ အခုကဆွေးနွေးတာ မဟုတ်ဘူး။ တွေ့ဆုံတာ။ တွေ့ဆုံ ထမင်းစားပွဲပါပဲ””လို့ ဆွေးနွေးပွဲကို သုံးသပ်ပါတယ်။


ကြံ့ခိုင်ရေးဒုဥက္ကဋ္ဌ ဦးဌေးဦး ပြောကြားချက်ထဲမှာတော့ ဒီဆွေးနွေးပွဲက အစပဲရှိသေးကြောင်း၊ တူတာတွေ ပေါင်းလုပ် မတူတာတွေ ညှိနှိုင်းကြဆိုတဲ့ အချက်ပေါ် အခြေခံကြောင်း၊ ဒါမျိုးမကြာခဏ လုပ်နိုင်ရင် ပိုကောင်ားပေါ့ စသည်များ ပြောကြား သွားခဲ့ပါတယ်။


ဦးခင်မောင်ဆွေ ပြောတဲ့အထဲမှာတော့ “အခြေခံဥပဒေကို လွှတ်တော်ထဲမှာပဲ ပြင်ဆင်မယ်ဆိုတဲ့ အချက်ဟာ အားလုံး သဘောတူတဲ့အထိ သဘောမျိုး တွေ့မြင်ရတယ်။ ရလဒ်ကတော့ ကောင်းတယ် ပြောရမှာပဲ”ဆိုပြီး ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။


အချုပ်အားဖြင့် သုံးသပ်ရသော်-


(၁) “ထိပ်တန်းလျှို့ဝှက်”ဟု ဖိတ်စာတွင် ပါရှိ၍ ထိပ်သီးနိုင်ငံရေး ဆွေးနွေးပွဲဟု ဆိုသော်လည်း အရင်းစစ် လိုက်လျှင် ဆွေးနွေးပွဲဟူသော အဓိပ္ပာယ်ပင် မမြောက်ခဲ့ပေ။ “တွေ့ဆုံပွဲ” တစ်ခုတွင် ထိပ်သီးများ စုဝေး ဓာတ်ပုံရိုက်ကြသည့် ပွဲမျိုးသာ ဖြစ်သွားခဲ့သည်။


(၂) တစ်ဦးလျှင် ၁၀ မိနစ်သာ စကားပြောကြားခြင်း တင်ပြခြင်း (ဆွေးနွေးခြင်းမဟုတ်) မှန်သော် လည်း ရှေ့ဆက်မည်သို့ နိုင်ငံ့အတွက် ဗျူဟာများ ချမှတ်မည့်ကနဦး ခြေလှမ်းဟုလည်း မဆိုသာပြန်ချေ။ ရှေ့ အနာဂတ်အတွက် ဘာလုပ်ကြမည်ကို သဘောတူ ဆုံးဖြတ်ချက် တစ်ရပ်လည်း ထွက်မလာခဲ့ပါ။


(၃) ထိုသို့တွေ့ဆုံမှုမျိုး မကြာခဏ လုပ်နိုင်လျှင် ကောင်းသည်ဟု ပြောကြား နေကြသော်လည်း အခါ အားလျော်စွာ လုပ်မည်ဟု ဆိုသောအခါ Time Frame (အချိန်သတ်မှတ်ချက်) တစ်ခုလည်း ရေရေရာရာ မချမှတ် နိုင်ခဲ့ချေ။


(၄) အတိုက်အခံနှင့် အာဏာပိုင်များ လက်ဆွဲနှုတ်ဆက်နေပုံ ဓာတ်ပုံများ ကမ္ဘာ့သတင်းစာ စာမျက်နှာများတွင် တက်လာရုံသက်သက် ဓာတ်ပုံအရိုက်ခံ တွေ့ဆုံခြင်း မည်ကာမတ္တသာ ဖြစ်ခဲ့သည်ဟု ဆိုရပေမည်။ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှု ချောမွေ့နေသယောင် လက်ဆွဲနှုတ်ဆက် ပြုံးရွှင် ဓာတ်ပုံများဖြင့် ကမ္ဘာအား မျက်လှည့်ပြခြင်းဟု ဆိုလျှင်လည်း မှားမည်မထင်။ ပကတိ အခြေအနေအရ မြန်မာ့နိုင်ငံရေး အခင်းအကျင်း သည် ရှေ့မတိုးသာ နောက်မဆုတ်သာ အကျပ်အတည်းတစ်ရပ် ဆိုက်ရောက်နေချိန်ဖြစ်သည်။ သတင်းမီဒီယာ သမားများ ဖမ်းဆီးထောင်ချခံနေရခြင်း၊ လယ်သိမ်း၊ မြေသိမ်း ပြဿနာများနှင့်အတူ လယ်သမားများ ဖမ်းဆီး ထောင်ချခံနေရပြီး ကိုပါကြီးကဲ့သို့ သတင်းထောက်တစ်ဦးအား စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်ကာ ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းစသည့် မတရားမှုများဖြင့် ပြုပြင်ပြောင်းလဲရေး နောက်ပြန်လှည့်နေချိန်တွင် ယခု ထိပ်သီးဆွေးနွေးပွဲ ကျင်းပခြင်းသည် ကမ္ဘာကို မျက်လှည့်ပြချင်သည့် ရည်ရွယ်ချက်သာ ဖြစ်သည်ဟု သုံးသပ်ကြသည်။ ထို့ပြင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာပြည်လာရန် ၁၂ ရက် အလိုတွင် ကျင်းပသော ထိုထိပ်သီး ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ကား နိုင်ငံ့အနာဂတ် ကောင်းမွန်ရေး အတွက် စိတ်ရင်း စေတနာမှန် ဦးတည်ချက် မရှိသည်မှာ ထင်ရှားနေသည်ဟုပင် ဆိုရချေတော့မည်။


(၅) သမ္မတ ပြောကြားသော ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ဖို့ရန် နိုင်ငံရေး တည်ငြိမ်မှု လိုသည် ဟူသော အချက်နှင့် ကာချုပ်ပြောကြားသော အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခြေခံဥပဒေ ဘောင်ထဲမှသာ လုပ်ဆောင်ရမည် ဟူသော ပြောကြားချက်များကို ထောက်ရှုလျှင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းကြောင့် တက်ကြွ လှုပ်ရှားသူများ ဦးဆောင်၍ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြမည်ကို ဟန့်တား သတိပေးသည့် အချက်ကို ပေါ်လွင်စေသည်။ ၈၈ ပွင့်လင်းကလည်း လိုအပ်လျှင် ပြည်သူနှင့်အတူ လူထုတိုက်ပွဲ ဆင်နွှဲသင့် ဆင်နွှဲရမည် ဖြစ်ကြောင်း ၈၈ ခေါင်းဆောင် မင်းကိုနိုင်က မကြာသေးခင်က မိန့်ခွန်းတစ်ခုတွင် ပြောကြား ခဲ့သေးသည်။ NLD နှင့် ၈၈ မှလည်း ၄၃၆ လှုပ်ရှားမှု ပြန်လည် အသက်ဝင်အောင် အကောင်အထည် ဖော်မည်ဟု အရိပ်အမြွက် ပြောကြားသည်များရှိရာ လွှတ်တော်ပြင်ပ နိုင်ငံရေးကို အာဏာပိုင်များ စိုးရိမ်လျက် ရှိပုံရပါသည်။ ကိုပါကြီး အသတ်ခံရမှုကလည်း တိုင်းပြည်လုံးကျွတ်ပင် အစိုးရနှင့် စစ်တပ်အပေါ် ဝေဖန်မှုနှင့် ဆန္ဒပြမှုများ ပြင်းထန်နေချိန်နှင့်လည်း တိုက်ဆိုင်နေရာ ထိပ်သီး ဆွေးနွေးပွဲကို နိုင်ငံရေးဟန်ပြ ထွက်ပေါက် ရှာကာ တက်သုတ်ရိုက် စီစဉ်လိုက်ပုံရပါသည်။


၁၀ မိနစ် စကားပြော၊ တွေ့ဆုံ၍ ပြုံးရွှင်စွာ ဓာတ်ပုံရိုက် ထမင်းစုဆုံစားပွဲကြီးဟု ဆိုလျှင်ပင် တွေ့ဆုံဓာတ်ပုံရိုက် ရင်းနှီးမှု သဘောသည် နှလုံးသားထဲမှ စစ်မှန်သော အပြုံးများဖြင့်ဆိုလျှင်ဖြင့် ထိုတွေ့ဆုံမှုသည် နောင် အနာဂတ် အတွက် အလားအလာကောင်းသော တွေ့ဆုံမှုတစ်ခုဟု ကောက်ချက် ချရမည်သာ ဖြစ်သည်။


လင်းထိုက် (Y.I.T)


မြန်မာသံတော်ဆင့်သတင်းဌာန- http://ift.tt/1t7d2bL






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1GvAJ66

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3