Skip to main content

လွယ်လင်ခရိုင်အတွင်း မိုင်းပွန်ဒေသခံ မိုင်းနင်းမိ တဦးသေဆုံး တဦးဒဏ်ရာရ



နိုဝင်ဘာ ၆ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းပွန်တိုက်နယ် အရှေ့ဘက်တွင် ထောင်မိုင်း တလုံးပေါက်ကွဲ ရာ ၂ ဦးဒဏ်ရာရရှိရာ ဒဏ်ရာပြင်းထန်သည့်တဦးမှာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့အတွင်းလူနာ ဖြင့်ပို့ဆောင်ကုသစဉ် နိုဝင်ဘာ ၂ ရက်နေ့က သေဆုံးသွားသည်ဟု ဒေသခံများကပြောသည်။


နိုဝင်ဘာ ၁ ရက်နေ့မွန်းလွဲ ပိုင်းက လွယ်လင်မြို့နယ် မိုင်းပွန်တိုက်နယ် အုပ်စု ဒေသခံ လင်မယား၊ စိုင်းမောင်ချစ် အသက် ၅၄ နှစ်၊ နန်းဟွမ် အသက် ၃၀ နှစ်က မိုင်းပွန်အရှေ့ဘက် ဇစ်ဇီရွာအလွန် တစ်မိုင်ခန့်အကွာ တောပိုင်းဘက် ဆေးဥ ဆေးမျှစ် ထွက်ရှာရာ ထောင်မိုင်းနင်းမိကာ စိုင်းမောင်ချစ် ဒဏ်ရာအပြင်းအထန်ရရှိပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံတွင်သေဆုံးသွားခဲ့သည်။ ဇနီးဖြစ်သူ နန်းဟွမ် လည်း လွယ်လင်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု မိုင်းပွန်ဒေသခံ ဒေါ်နန်းဟန်က ပြောသည်။


“ဒဏ်ရာက ပြင်းထန်တယ်။ မိုင်းပွန် ရတနာ ဆေးခန်းရောက်လာတယ်။ စိတ်ပူရလို့ လွယ်လင် ပြည်သူ့ ဆေးရုံကို ပို့လိုက်တာ။ စိုင်းမောင်ချစ်က ရင်ဘတ်မှာ ဒဏ်ရာအပြင်းအထန်ရတယ်။ သူ့ဇနီး နန်းဟွမ် လဲ ခြေတဘက် လက်တဘက် ဖြတ်ရမယ့်ပုံဘဲ” - ဟု နန်းဟန်က ပြောသည်။


ပအိုဝ်းအမျိုးသားတပ်မတော် PNA ခေါ် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့က ၎င်းတို့၏ ဖေ့စ်ဘုတ် စာမျက်နှာ တွင်သျှမ်းပြည်တပ်မတော် RCSS/SSA ဒေသခံ တပ်စိတ်မှူး စိုင်းသောနနှင့်အဖွဲ့၏ ထောင်မိုင်းကြောင့် အပစ်မဲ့ပြည်သူ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိသည်ဟု ရေးသားထားသည်။


“ ကျနော်တို့က အပစ်စရပ်ကတည်းက ထောင်မိုင်းလုပ်တဲ့ မူဝါဒ မရှိတော့ဘူး။ အခုလို ကျနော်တို့ကို လာညှိုးတာ နားလည်မှု လွှဲမှားလို့ဘဲနေမှာ။ ကျနော်တခုပြောလိုပါတယ်။ ကျနော်တို့ အပစ်မရပ်ခင် တုန်းက ဒီလိုမျိုး ပြဿနာသိပ်မဖြစ်ခဲ့ဘူး။ အပစ်ရပ်ကာမှ ဒီကိစ္စတွေ ဆက်တိုက် ပေါ်လာတယ်။ ဒီကြားထဲမှာ တတိယ အင်အားစုများရှိနေမလားပေါ့။ စဉ်းစားစရာဘဲ” - ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကပြောသည်။


ထို့အပြင် ဗိုလ်မှူးလောဝ်ဆိုင်က လက်ရှိအနေအထားအရ သျှမ်းပြည်တိုင်းရင်းသားလူမျိုးစုများ စိတ် ရှည်သီးခံပြီး ပြဿနာများအား ငြိမ်းချမ်းစွာဖြင့် လက်တွဲဖြေရှင်းသင့်ကြောင်း၊ နှစ်ဘက်လုံး သမိုင်း ဟောင်းပြန်ဆွပြီး ပြဿနာရှာနေမည်ဆိုလျှင် သျှမ်းပြည်အမျိုးသားရင်ကြားစေ့ရေးအတွက် ထိခိုက်စေမှာ မလွှဲကြောင်း ပြောပါသည်။


နိုဝင်ဘာလ ၃ ရက်နေ့က တောင်ကြီးရောက် RCSS/SSA ကိုယ်စားလှယ် စဝ်ယွတ်မိုင်းနှင့်အဖွဲ့က PNO ရုံးသို့ သွားရောက်ပြီး ဖြစ်ပွားနေသည့် ပြဿနာများလျှော့ချရေး၊ ရင်းနှီးမှုတည်ရောက်ရေး အတွက် ပအိုဝ်း PNO/PNA ခေါင်းဆောင် ဦးနေဝင်းထွန်းနှင့် တွေ့ဆုံခဲ့သည်ဟုလည်း ကြားသိရသည်။


သျှမ်းသံတော်ဆင့်

http://ift.tt/1lQu8oX


ဓါတ်ပုံ - မိုင်းနင်းမိ၍ သေဆုံးသွားရသည့် စိုင်းမောင်ချစ် (ဓါတ်ပုံ- PNA)







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/13OVTgw

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...