Skip to main content

မုန်တိုင်းမိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်တွင် ရေကြီးရေလျှံ မှုများဖြစ်



ရန်ကုန် နိုဝင်ဘာ ၆

ဘင်္ဂလား ပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းကြီး အား ကောင်းလာပြီး မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိ လာခြင်းကြောင့် ရန်ကုန်၊ ပုသိမ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် နာရီ ၃၀ ကျော် ခန့် မိုးအဆက်မပြတ် ရွာသွန်း ခဲ့ရာ တန်ဆောင်မုန်း လပြည့်နေ့ ကထိန်အလှူပွဲများနှင့် ပျော်ပွဲရွှင်ပွဲ များမှာ မုန်တိုင်းမိုးကြောင့် အခက် အခဲများကြုံခဲ့ရပြီး ရန်ကုန်မြို့နေရာ အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား ခဲ့သည်။


ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၆၀ ခန့်အကွာတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်း ရပ်ဝန်းမှာ ယနေ့ မွန်းလွဲ ၁ နာရီ အချိန် တိုင်းထွာချက်များအရ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနေပြီဖြစ် ရာ မုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ မိုးအဆက်မပြတ် ရွာသွန်းနေခြင်း ဖြစ်သည်။


“မုန်တိုင်းကအိန္ဒိယကို ဦးတည်နေပါတယ်။ မိုးကတော့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတို့မှာ ဆက်တိုက်မရပ်မနား ရွာသွန်းနေပါတယ်။ မိုးများများရွာတာက အဆိုးထဲကအကောင်းဖြစ်ပါတယ်။ မိုးရွာတဲ့အတွက် မုန်တိုင်းကလည်း အားပျော့သွားရမယ်။


အခုမွန်းတည့်ချိန်မှာ ရန်ကုန်နဲ့အနီး တစ်ဝိုက်မှာ လေဖိအားနည်းရပ်ဝန်း တိမ်တိုက်ကြီးရဲ့ အလယ်ဗဟိုကို ကျနေလို့ နောက်လေးနာရီအတွင်း မိုးသည်းနေဦးမှာပါ” ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။


နာမည် မပေးရသေးသည့် အဆိုပါမုန်တိုင်းကြောင့် မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပြီး ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံမှုများလည်း ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ပျော်ပွဲ ရွှင်ပွဲအချို့နှင့် အလှူပွဲများလည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။


“ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ မသိုးရွှေကြာသင်္ကန်း ဆက်ကပ် ပူဇော်ပွဲကတော့ မိုးရွာထဲမှာပြီးဆုံး သွားခဲ့တယ်။ မိုးဆက်တိုက်ရွာနေပေမဲ့ ဘုရားပေါ်မှာ စတုဒိသာကျွေး မွေးသူတွေနဲ့ လာရောက်ဖူးမြော်သူတွေ များပြားခဲ့ပါတယ်။ သီတင်းကျွတ်လပြည့်လောက်တော့ လူစည်ကားမှု မရှိခဲ့ပါဘူး” ဟု ရွှေတိဂုံဂေါပကအဖွဲ့က ပြန်လည်ဖြေကြားပြီး သံဈေးမိသားစုများ စုပေါင်းကျင်းပ သည့် တရားပွဲများမှာမူ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်နားခဲ့ရကြောင်း၊ ကထိန်ပဒေသာပင်လှည့်လည်ခြင်း အစီအစဉ်များကိုလည်း မိုးရွာသွန်းမှုကြောင့် မလှည့်ဖြစ်တော့ဘဲ တိုက်ရိုက်သာလှူဒါန်းခဲ့ရကြောင်း သိရသည်။

“အင်ပါယာတေးဂီတအဖွဲ့ရဲ့ နှစ်(၃၀) မြောက်ဂုဏ်ပြုပွဲကို ဒီညနေ ၄ နာရီကနေ ဆေးပေါင်းခတဲ့အချိန်အထိ ပြည်သူ့ဥယျာဉ်မှာ ကျင်းပသွားဖို့ စီစဉ်ထားပေမဲ့ မုန်တိုင်းမိုးကြောင့် အစီအစဉ်တွေကို ပြောင်းလဲဖို့ လုပ်ဆောင်နေပါတယ်။


မိုးအခြေအနေနဲ့ ပရိသတ်အခြေ အနေကိုကြည့်ရမှာပဲ။ ည ၁၂ နာရီအထိ ကျင်းပဖို့ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး” ဟု အဆိုတော် ဇော်ဝင်းထွဋ်က ဖြေကြားသည်။


ရွှေထွဋ်တင်ကွင်းတွင် ကျင်းပသည့် မြန်မာ့ရိုးရာမီးပုံးပွဲတော်ကို နိုဝင်ဘာ ၅ ရက်က စတင်ကျင်းပသော်လည်း မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် လာရောက်သူနည်းပါးပြီး နေရာအခက်အခဲများကြောင့် ဆက်လက်ကျင်းပရန် မလွယ်ကူကြောင်း သိရသည်။


ထို့အပြင် အခါကြီးရက်ကြီးဖြစ်သဖြင့် စေတီပုထိုးနှင့် ဘုရား ကျောင်းကန်များအနီး လာရောက်ရောင်းချကြသော ဈေးသည်အများစုတို့မှာ ရေကြီးမှုနှင့် လာရောက်သူ နည်းပါးမှုကြောင့် အခက်အခဲများ ကြုံတွေ့ရပြီး လှိုင်သာယာမြို့နယ် နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် နေအိမ်များအတွင်း နှစ်ပေမှ သုံးပေခန့်အထိ ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိသည်။


“မိုးကမရပ်မနားရွာတာ နာရီ ၃၀ ကျော်လာပါပြီ။ မိုးရွာတာကြောင့် အပြင်မထွက်ကြတော့ဘူး။ ကားတွေ ပိတ်ဆို့နေတဲ့အပြင် ရေ မြောင်းတွေမှာလည်း ရေတွေမဆင်း တာကြောင့် အိမ်ထဲအထိ ရေတွေဝင် နေတယ်” ဟု လှိုင်သာယာမြို့နယ်မှ မချောစုက ပြောကြားသည်။


မုန်တိုင်းမိုးကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ရွာရန်ရာနှုန်းပြည့် မိုးကြီးနိုင်ပြီး ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် နေရာအနှံအပြား မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။


မှတ်သားဖွယ်ရာ မိုးရေချိန်များ မှာ ပဲခူးမြို့၏ ယနေ့မိုးရေချိန်မှာ ၁ ဒသမ ၆၁ လက်မ၊ ရန်ကုန်မြို့၏ မိုးရေချိန်မှာ ၂ ဒသမ ၉ လက်မနှင့် ပုသိမ်မြို့၏ မိုးရေချိန်မှာ ၁ ဒသမ ၂၆လက်မ၊ ထားဝယ်မြို့၏ မိုးရေချိန် မှာ ၂ ဒသမ ၉၅ လက်မသို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။


မြစ်ရေချိန် ခန့်မှန်းချက်များအရ ရွှေကျင်မြစ်ရေသည် ၄၅၀ စင်တီမီတာမှ နောက် ၂၄ နာရီအတွင်း ၂၉ စင်တီမီတာခန့် ထပ်မံမြင့်တက်နိုင်ပြီး၊ ပဲခူးမြစ်ရေသည် ၄၉၆ စင်တီမီတာသို့ ရောက်ရှိနေရာမှ နောက် ၂၄နာရီ အတွင်း ၁၂၈ စင်တီမီတာ ထပ်မံမြင့်တက် နိုင်ကြောင်း၊ ပုသိမ်မြစ်ရေမှာမူ ၁၇၀ စင်တီမီတာမှ နောက် ၂၄နာရီအတွင်း ၂၀ စင်တီမီတာ မြင့်တက်နိုင်မည် ဖြစ်သည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သော ပဲခူးမြို့တန်ဆောင်တိုင်ပွဲတော် မီးပုံပျံလွှတ်ပွဲကိုလည်း မုန်တိုင်းမိုးကြောင့်နိုဝင်ဘာ ၉ ရက်သို့ ရွှေ့ဆိုင်းထားရကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရှိရသည်။


ရန်ကုန်မြို့တွင်း အချို့နေရာများတွင် လေပြင်းများနှင့် လေဆင်နှာမောင်းများ တိုက်ခတ်ခြင်းများလည်း ဖြစ်ပေါ်ခဲ့ပြီး လှိုင်မြို့နယ်အမှတ် ၁၁၊ ၁၂နှင့် ၁၃ ရပ်ကွက် များအတွင်း နံနက် ၆ နာရီခွဲတွင် ၁၀ မိနစ်ခန့် လေဆင်နှာမောင်းသဏ္ဌာန် လေပြင်းတိုက်ခတ်ခဲ့ပြီး သစ်ပင်များ အမြစ်မှကျွတ်ထွက်ခြင်း၊ မဟာဓာတ်အားလိုင်း အပါအဝင်ဓာတ်တိုင်နှင့် ဓာတ်ကြိုးများပြတ် ကျခြင်း၊ နေအိမ်အမိုးများလန်ခြင်း၊ လူနေတိုက်ခန်းအချို့တို့မှ ပြတင်းပေါက်မှန်များ ပြုတ်ကျခြင်းဖြစ်ပေါ်ခဲ့သဖြင့် လမ်းကြောများပိတ်ဆို့ခဲ့ပြီး မွန်းလွဲ ၂နာရီအရောက်တွင် လျှပ်စစ်ဓာတ်အားပေး ဝေရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ၊ ရပ်ကွက်အတွင်းမှ မိသားစုများက စုပေါင်း ရှင်းလင်းခဲ့ကြရသည်။


ထို့အတူ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းတွင်လည်း နံနက် ၉ နာရီခန့်တွင် လေပြင်းများ တိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး နေအိမ်အမိုးများလွင့် စဉ်ခဲ့ကြရကြောင်း သိရသည်။


ယနေ့ညနေ ၄ နာရီခန့်တွင် ရန်ကုန်မြို့အတွင်း မိုးရွာသွန်းမှု ရပ်တန့်သွားသော်လည်း နေရာအများစုတွင် လေတိုက်နှုန်း ပြင်းထန်လျက် ရှိနေကြောင်း သိရသည်။


မုန်တိုင်းအား အဝါရောင် ဆိုင်ကလုန်းအဆင့် သတ်မှတ်ထားပြီး မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်း ဒေသများတွင် မိုးဆက်လက်ရွာသွန်းမည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။


MOI Webportal Myanmar

http://ift.tt/1ouhij1

(Photo Credit by Wint War)









from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tFWR6R

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3