Skip to main content

သျှမ်း/မြောက်တွင် တိုင်းရင်းသား ၃ ခု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲ စုပေါင်းကျင်းပ



နိုဝင်ဘာလ ၆ ရက် ၂၀၁၄

တနေ့တခြား များပြား လာနေသည့် မူးယစ် ဆေးဝါးကို စုပေါင်း တိုက်ဖျက်နိုင်ရန် ရည်ရွယ်၍ ကချင်၊ တအာင်း ခေါ် ပလောင်နှင့် သျှမ်းဒေသခံတို့ ပူးပေါင်း၍ “မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး ပညာပေး ဟောပြောပွဲ” ကို ကျင်းပ ခဲ့ကြောင်း သိရှိရသည်။


“မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး ပညာပေး ဟောပြောပွဲနှင့် စင်တင်တေးဂီတ” ကို သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့နယ် မော့တောင်း ကျေးရွာအုပ်စု မော့တောင်းရွာ ဘော်လုံးကွင်း၌ နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက် ည ၇ နာရီမှ ၉ နာရီထိ ၂ ညတာ ကျင်းပခဲ့သည်။


“ဒီလိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်း ဟောပြောပွဲ သူတို့ဆီမှာ တခါမှမရှိခဲ့ဖူးဘူးလို့ ဒေသခံ တွေ ပြောကြတယ်။ ကျနော်တို့ သွားရောက်ဟောပြောတော့ သူတို့လည်း မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုး ကို သိရတော့ ဝမ်းသာကြတယ်။ ဟောပြောပွဲအပြင် သင်တန်းတွေလည်းပေးဖို့ ဒေသခံတွေ တောင်းဆိုကြတယ်” ဟု သွားရောက်ဟောပြောခဲ့သူ သျှမ်းလူငယ်ကွန်ယက်အဖွဲ့ Tai Youth Newtwork မှ စိုင်းဝမ်းလှိုင်းက ပြောပါသည်။


ပထမည၌ စိုင်းဝမ်းလှိုင်းက ဘိန်းစိုက်ပျိုးမှု၏ဆိုးကျိုး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးသက် ရောက်မှုတို့ကို ဟောပြောခဲ့ကြောင်း၊ ဒုတိယည၌ တအာင်းလူငယ် မိုင်းအိုက်နော်က သျှမ်းပြည်တွင်း မူးယစ်ဆေးဝါး ပျံ့နှံ့လာပုံသမိုင်းကြောင်း၊ စိုင်းဝမ်းလှိုင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်ရန် ဗဟုသုတ၊ပညာပေးမှု စသည်တို့ကို ဟောပြောခဲ့ကြောင်း ဆို၏။


“ဟောပြောပွဲပြီးသွားရင်လည်း အလုပ်မပြီးသေးဘူး။ လက်တွဲပူးပေါင်းပြီး ဆန့်ကျင်တိုက်ဖျက်သွား ရမယ်။ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရမယ်။ ဒါမှ အောင်မြင်မယ်” ဟု ရပ်ရွာအကြီး အကဲတဦးဖြစ်သူ စိုင်းယီပူး က ပြောပါသည်။


ည ၂ တာကာလအတွင်း ပညာပေးဟောပြောပြီးနောက် တိုင်းရင်းသားမျိုးနွယ်စု ၃ စု၏ ယဉ်ကျေးမှု အကများ၊ ကချင်အဆိုတော် လရှမ်းခါးလီ၊ အောင်ခမ်း၊ လဖိုင်အောင်ဆိုင်၊ L-ဂျီးပူ၊ ခေါနမ်၊ တအာင်း အဆိုတော် မိုင်းဆာလူနှင့် သျှမ်းအဆိုတော် စိုင်းဇွမ်လောဝ်ခေးတို့က ဖျော်ဖြေပေးခဲ့ကြသည်။


“စုပေါင်းတိုက်ဖျက်ဖို့ တချို့တော့ သိပ်နားလည်သဘောပေါက်ဦးမှာ မဟုတ်သေးဘူး။ ဝမ်းရေး အတွက်ဘဲ အာရုံစိုက်နေကြတယ်။ စီးပွားရေးလုပ်ဖို့ အချိန်နည်းသွားမှာ စိုးရိမ်နေကြတယ်။ တကယ်တော့ စီးပွားရေးလုပ်ငန်းကိုထားပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို စုပေါင်းကာကွယ်ရမှာ။ ဒီလိုမှမဟုတ်ရင် ကိုယ်ကစီးပွားရေးဘယ်လောက်လုပ်လုပ် ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေကမူးယစ် သားကောင်တွေ ဖြစ်သွားမယ်။ ကိုယ်ရှာထားတဲ့ ပစ္စည်းဥစ္စာတွေလည်း သူတို့ကြောင့်ဘဲ ပျက်စီး ဆုံးရှုံးမှာ သေချာတယ်” ဟု ဒေသခံ စိုင်းဆမ်က ပြောပါသည်။


ကချင်၊ တအာင်းနှင့် သျှမ်းတို့သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ အသီးသီး ဖွဲ့စည်းထား ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင်လည်း သူ့ဒေသနှင့်သူရှိကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသူ လျှော့ပါးလာသကဲ့သို့ ခိုးဆိုးလုယက်မှု၊ပျောက်ရှုံး မှုလည်း နည်းပါးလာကြောင်း၊ စိုက်ပျိုးရေးသုံး စက်ပစ္စည်းများ လယ်ယာတဲများ၌ ထားရဲလာပြီ ဖြစ်ကြောင်း သိရှိရပါသည်။


မော့တောင်းကျေးရွာအုပ်စု၌ သျှမ်းရွာ ၇ ရွာ၊ ကချင်ရွာ ၃ ရွာနှင့် တအာင်းရွာ ၄ ရွာ ပါဝင်သည်။


မွေခေါဝ်

သျှမ်းသံတော်ဆင့်

http://ift.tt/1lQu8oX












from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1GvrbYO

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...