Skip to main content

Pregnancy and HIV ကိုယ်ဝန်နှင့် HIV



1. HIV ရှိသော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်သင့်ပါသလား ကျေးဇူးပြု၍ ဖြေပေးပါဆရာ။

2. HIV ပိုး ရှိနေသူ ယောက်ျားနှင့် ပိုးမရှိသူ မိန်းမတို့ လိင်ဆက်ဆံပြီး ကိုယ်ဝန်ရခဲ့ရင် ကလေးမှာ ကူးစက်နိုင်ပါသလား။ ကိုယ်ဝန်ဆောင်လို့ ရ/မရ သိချင်ပါတယ်။ ဘယ်လိုအန္တရာယ် ရှိနိုင်ပါသလဲ။

ကိုယ်ဝန်ဆောင်တိုင်း HIV ရှိ-မရှိ စမ်းသပ်ရမယ်။ ကိုယ်ဝန်ဆောင်ကာစကတည်းက ပိုးရှိနေတာသိရင် ဆုံးဖြတ်ချက်ချဘို့ ပိုကောင်းတယ်။ ကလေးကို မကူးစေအောင်ဆောင်ရွက်ဘို့ အချိန်ပိုရလို့ကောင်းတယ်။ သူ့ခင်ပွန်းအတွက်လဲ မတူးအောင် လုပ်ဘို့လိုတယ်။ ပိုးဟာ သွေး၊ ကိုယ်ခန္ဓာကထွက်တဲ့အရည် (ယောက်ျား စီမင်၊ မိန်းမ ဗဂျိုင်းနား အရည်၊ နို့ရည်) တွေနဲ့ ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကို ကူးနည်းတွေနဲ့ ကူးစက်တယ်။ လိင်လမ်းကနေကူးတာကအများဆုံးဖြစ်တယ်။


အများဆုံးစမ်းသပ်နည်းဟာ HIV antibody test (အင်တီဘော်ဒီ) ရှိ-မရှိ စမ်းနည်းဖြစ်တယ်။ သွေး၊ ဆီး နဲ့ ခံတွင်းက အရည်တွေကို စမ်းတယ်။ ပဌမနည်းနဲ့စမ်းလို့ အပေါင်းပြတယ်ဆိုရင် နောက်ထပ် တခြား (အင်တီဘော်ဒီ) စမ်းနည်းတခု ထပ်လုပ်ရတယ်။ ဒီနည်းကို Confirmatory HIV test နည်းလို့ခေါ်တယ်။ အဖြေရအောင် ရက်နဲနဲတော့ အချိန်ယူရတယ်။ တချို့ ခံတွင်းအရည်စမ်းနည်းကတော့ နာရီပိုင်းသာကြာတယ်။


ကိုယ်ဝန်ဆောင်နေတုံး ပိုးတွေ့သူလဲ ကျန်းမာနေအောင်လုပ်နိုင်တယ်။ ကလေးကိုမကူးအောင် ဆေးသောက်ရမယ်။ ကလေးကို ကိုယ်ဝန်ဆောင်နတုံး၊ မွေးနေတုံးနဲ့ နို့တိုက်နေတုံးကာလတွေမျာ ကူးစက်နိုင်တယ်။ မအေက စားစရာကို ဝါးခွံ့ရာကနေလဲ နည်းနည်းပါးပါးကူးနိုင်သေးတယ်။


Anti-HIV medications ဆေးတွေကို

• ကိုယ်ဝန်ဆောင်နေတုံးမှာ အနည်းဆုံး ဆေး ၃ မျိုးရောပေးမယ်။

• ကလေးမွေးနေတုံးမှာ AZT (IV) ဆေးထိုးပေးမယ်။ ပြီးတော့ ဆေးဆက်သောက်ရမယ်။

• မွေးပြီးရင် AZT ဆေးရည် ၆ လသောက်ရမယ်။

• တကယ်လို့ မအေက ဆေးသောက်မထားဘဲ မွေးတဲ့ကလေးဆိုရင် AZT အပြင် တခြားဆေးပါ ပေးသင့်တယ်။

• ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆေးသောက်နေတဲ့မိခင်လောင်းဆိုရင် ကိုယ်ဝန်ရှိတော့ ဆေးပြောင်းရနိုင်တယ်။ တချို့ဆေးတွေက ကလေးအတွက် မသင့်ဘူး။


ဘယ်တော့ ဆေးစပေးမလဲဆိုတာ ပိုးတွေက လူကိုဘယ်လောက်ထိခိုက်နေပြီလဲ၊ ဘယ်လောက်ကြာနေပြီလဲအပေါ်မှာ မူတည်တယ်။ အကြမ်းဖျဉ်း CD4 counts 500 cells/mm3 ထက်နည်းကတည်းကနေ ဆေးသောက်နေပြီးဖြစ်မယ်။ ဒါမှမဟုတ်လဲ ကူးစက်ရောဂါဝင်နေကတည်းကဖြစ်မယ်။


အများဆုံးသုံတဲ့ဆေးတွေကတော့ -

1. Protease inhibitors (PIs),

2. Non-nucleoside reverse transcriptase inhibitors (NNRTIs) နဲ့

3. Nucleoside reverse transcriptase inhibitors (NRTIs) တွေက ကိုယ်ဝန်ဆောင်မှာပေးနိုင်တယ်။

4. Entry inhibitors နဲ့

5. Integrase inhibitors ဆေးတွေကို ကိုယ်ဝန်မှာ ပေးသင့်-မသင့် သုတေသနမစုံသေးဘူး။


Sustiva ဆေးတမျိုးတည်းကဖြစ်ဖြစ် Atripla ကနေဖြစ်ဖြစ် ကိုယ်ဝန်ဆောင်စ ပဌမ ၃ လ မှာသောက်ရင် ကလေးမှာ မွေးရာပါချို့ယွင်းချက်ဖြစ်စေနိုင်တယ်။ ၃ လနောက်တော့ ကိစ္စမရှိဘူး။ Protease inhibitors (PIs) ကဆီးချိုနဲ့ ဆက်စပ်နိုင်တယ်။ Viramune ဆေးက အသဲကိုထိခိုက်စေနိုင်တယ်။ CD4 counts 250 cells/mm ထက် များသူတွေကိုသာ သုံးလို့အကျိုးများရင် သုံးရတယ်။


တချို့ကိုယ်ဝန်တွေကို မွေးတဲ့အခါ C-section ဗိုက်ခွဲမွေးရင်ကောင်းမယ်။ ၃၈ ပတ်ရှိရင်ခွဲပေးနိုင်ပြီ။ ကိုယ်ဝန်တိုင်းကိုတော့ မဟုတ်ဘူး။ ကိုယ်ဝန်ဆောင်တုံး ဆေးသောက်မထားသူ နဲ့ မွေးကာနီးမှာ viral load က 1,000 copies/mL ထက် များနေသူကိုသာ ခွဲပေးလို့ အကျိုးများနိုင်တယ်။ ရေမြွာစောပေါက်ထားတာကို ခွဲပေးလဲ မထူးဘူး။


ဘယ်နည်းနဲ့မွေးမွေး မွေးဖွါးခြင်း အန္တရာယ်တော့ရှိတာဘဲ။ ယေဘုယျပြောရရင် ခွဲမွေးတာက ခွဲစိတ်မှု အန္တရာယ်ပါပိုတယ်။ အိပ်ရာထဲမှာ ကြာကြာနေရတာမို့ သွေးကြောပိတ်တဲ့အန္တရာယ် ပိုဖြစ်စေနိုင်တယ်။ ရောဂါပိုးဝင်တာလဲဖြစ်နိုင်တယ်။


ပိုးရှိတဲ့ အမေကနေ ကလေးကိုကူးစက်တာ အမေရိကားနဲ့ ဥရောပမှာ ၂% ထက်နည်းပါတယ်။ ဖြစ်နိုင်တာက မိခင်လောင်းကေ ဆေးသောက်နေလို့ အထဲက ကလေးကိုပါကာကွယ်ရာကျတယ်။ ကိုယ်ဝန်ဆောင်တုံး၊ မွေးနေတုံးဆေးသောက်ရင် ပိုနည်းတယ်။


ကလေးမွေးပြီးပြီးချင်း ၆-၁၂ နာရီအတွင်းမှာ AZT ဆေးပေးရမယ်။ ၆ ပတ်ကြာအထိပေးရတယ်။ တချို့ကလေးတွေကို တခြားဆေးလဲတွဲပေးတယ်။ ကလေးတွေကို Virologic HIV tests နည်းနဲ့စစ်တယ်။ အပေါင်းရော အနုတ်ပါ နှစ်ခါပြမှာသာ မရှိဘူး၊ ရှိတယ်ပြောနိုင်တယ်။ ၁၄-၂၁ ရက်၊ ၁-၂ လ နဲ့ ၄-၆ လတွေမှာ စစ်ရတယ်။ အပေါင်းနှစ်ခါတွေ့ရင် ၄-၆ ပတ်မှာ ဆေးပေးမယ်။ မသေခြာရင် Bactrim ဆေးကိုသတိနဲ့ပေးတယ်။ ပိုးရှိတဲ့ကလေးမှာ Pneumocystis jiroveci pneumonia (PCP) ရောဂါဖြစ်မျာကို အကာကွယ်ပေးတယ်။ ကလေးမွေးပြီးနောက် ပေးနေတဲ့ဆေးကို ပြောင်းသင့်ရင်ပြောင်းပေးမယ်။ CD4 count နဲ့ Viral load တွေကိုကြည့်မယ်။


မေးထားတာကတော့ ဖခင်ကသာ ပိုးရှိတယ်။ မိခင်လောင်းမှာ ပိုးရှိမနေရင်တော့ ကလးကို မကူးစက်နိုင်ပါ။ ဒါပေမဲ့ ကလေးမိခင်ရော ကလေးကိုပါ ပုံမှန် ဆေးစစ်နေရလိမ့်မယ်။ ကြိုင်ကာကွယ်မှုတွေလဲ စနစ်တကျလုပ်နေကြရပါလိမ့်မယ်။


ဒေါက်တာတင့်ဆွေ

http://ift.tt/1nTBedj







from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1uDL2B8

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...