Skip to main content

ထောင်ဒဏ်ကျခံနေရသူများ မိုဘိုင်းဖုန်းဆိုင် ဖောက်ထွင်း



ပုသိမ်၊ နိုဝင်ဘာလ ၎

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ကုန်သည်လမ်း၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အနီးရှိ Sky Link မိုဘိုင်းဖုန်း နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် ၌ အောက် တိုဘာလ ၂၉ ရက်နေ့က ဖောက်ထွင်း ခံရမှု ဖြစ်ပွားခဲ့ရာ တရားခံ များမှာထောင် ဒဏ်ကျခံနေရဆဲ အကျဉ်းသား များ ဖြစ်ကြောင်း နိုဝင်ဘာ လ ၂နေ့က ဧရာဝတီတိုင်းဒေ သကြီး၊ ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည့် စနစ်အစည်း အဝေးပွဲတွင် တာဝန်ရှိသူများ က ထုတ်ပြန်လိုက်သည်။


အဆိုပါ ဖောက်ထွင်းမှုမှာ အောက်တိုဘာလ (၂၉)နေ့ နံနက် (၃း၀၀)နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ဖောက် ထွင်းသူများမှဆိုင် တံခါးသော့အား သံဖြတ်စက်ဖြင့် ဖြတ်တောက်ကာဆိုင်တွင်းရှိ ဟမ်းဆက် (၁၁)လုံး၊ အော်ရီ ဒူးဆင်းကဒ် (၃၀)၊ MPT ဆင်းကဒ် (၃) ကဒ်၊ Memory ကဒ်များ၊ ဓါတ်ခဲများအပါ အ၀င်ဆက်စပ် ပစ္စည်း တန်ဖိုး ငွေကျပ် (၁၀)သိန်းဖိုးခန့်နှင့် ငွေစက္ကူရောရာ (၁)သိန်းကျော်တို့ကို ယူဆောင် သွားခဲ့ခြင်း ဖြစ်သည်။…


ယင်းခိုးယူ ဖောက်ထွင်းခံရမှုကို ဆိုင်တွင်း တပ်ဆင်ထားသည့် လုံခြုံရေး CCTV မှတစ်ဆင့် မှတ်တမ်းတင်နိုင် ခဲ့ပြီး ဖောက်ထွင်းသူများ၏ ပုံပန်းသဏ္ဌာန်နှင့် အ၀တ်အစားများကို သိရှိခဲ့ရပြီး မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြား ခဲ့သည်။


ယင်းနောက် တာဝန်ရှိသူများ ကအောက်တိုဘာလ ၃၁နေ့ နံနက် ၁ နာရီခန့်တွင် ဖောက်ထွင်းကျူး လွန်သူများ ကို ဖမ်းဆီးရမိခဲ့ပြီး အမှတ် ၁၂ နယ်မြေ၊ရေ ကြည်ဦး ရပ်ကွက်နှင့် ပုသိမ်အကျဉ်း ထောင်ဝန်းရှိ အကျဉ်း ဦးစီးပိုင် ဆောက်လုပ်ဆဲ အဆောက်အဦး အလုပ်သမားတဲ၌ ထားရှိသည့် သက်သေခံပစ္စည်းများအား လိုက်လံသိမ်း ယူခဲ့ရာ ဟန်းဆက် ကိုးလုံး၊ ငွေစက္ကူအချို့နှင့် ဆင်းကတ်အချို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့သည်။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲစခန်းမှ ပြောပြချက်အရ ပြစ်မှု ကျူးလွန်သူများမှာ ထောင်ကျတ ရားခံများ ဖြစ်နိုင် သည်ဟု သိရှိရကြောင်း ဖောက်ထွင်းခံရသူ Sky Link ဖုန်းဆိုင်ပိုင်ရှင် ကိုလူးလူးက မြန်မာသံတော်ဆင့်သို့ ပြန် ပြောင်း ပြောပြသည်။


ဖမ်းဆီးမိသူများအား စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူအနက် အောင်မျိုးဇော် (၂၇ နှစ်)မှာ ၂၀၁၄ ခုနှစ် ၊ ဇွန်လက ထောင်ဒဏ် နှစ်နှစ် ကျခံစေရန် ပုသိမ်မြို့နယ် တရားရုံးမှ ပြစ်ဒဏ်ကျခံထားရသူဖြစ်ကာ အောင်ရဲ ထက် (၁၉နှစ်)မှာ ခိုးမှုဖြင့် ကျောင်းကုန်းမြို့နယ် တရားရုံးမှ ၂၀၁၃ခုနှစ်နိုဝင်ဘာလ တွင် ထောင်ဒဏ်သုံးနှစ် ကျခံစေရန် အမိန့်ချမှတ် ထားသူဖြစ်သည်။


ပုသိမ် အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ခံနေရသူ ၎င်းတို့နှစ်ဦးမှာ ပုသိမ်မြို့၊ ရှောပြာကျေးရွာအနီးရှိ ၁၂မိုင် သစ်တိုပင် ရဲဘက်စခန်းတွင် လုပ်အားပေးအဖြစ် ပြစ်ဒဏ်ခံနေရစဉ် အောက်တိုဘာလ ၂၈နေ့က အဆိုပါ ရဲဘက်စခန်းမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ဖောက်ထွင်းမှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။


၎င်းတို့ ထွက်ပြေး လွတ်မြောက်သွားကြောင်းကိုမူ အောက်တိုဘာ လ ၃၀နေ့တွင် ရဲတပ်ဖွဲ့သို့ ရဲဘက် စခန်းမှ အကြောင်းကြားလာသဖြင့် နိုဝင်ဘာလ ၂ ရက်နေ့တွင် သလပ် ခွာနယ်မြေရဲစခန်းတွင် အမှုဖွင့်ရန် စီစဉ်ဆောင် ရွက်နေဆဲ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်ခဲ့သည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အကျဉ်းဦး စီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုး အားသွားရောက်မေးမြန်းရာ ““ဒီနှစ် ယောက်က(၁၂)မိုင်ရဲဘက် စခန်းက ပါ ဒီမှာ ကျောက်တိုင်တွေလုပ်ဖို့ ခေတ္တခေါ်သုံးထားတာပါ။ သူတို့ကို (၂၈)နေ့က သလပ်ခွာရဲစခန်းမှာ ရဲဘက်ပြေး အဖြစ် အမှုဖွင့်ထားပါတယ်”” ဟု ပြန်လည်ပြောဆိုခဲ့သည်။


လက်ရှိတွင် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ပုသိမ်မြို့မရဲစခန်းမှ (ပ) ၂၂၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀/ ၅၄ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်။


““လွတ်ခါနီး အကျဉ်းသားတွေ ကိုထောင်ဒဏ်အပြင်မှာနေ ခွင့်ပေး နေ တယ်လို့လည်း သတင်းတွေ ကြားနေရ တယ်၊ အခုနှစ်ယောက်ကို လည်း အပြင်မှာညအိမ်ညနေ နေခွင့်ပေးတယ်လို့ ကြားတယ်ပုံမှန်ဆို ပြဿနာ မရှိ ပေမဲ့ အခုလိုဖောက် ထွင်းမှုတွေ၊ လုယက်မှုတွေ၊ လူသတ်မှုတွေစတဲ့ အမှုကြီး မျိုး တွေကိုအဲလို လူတွေက ကျူး လွန်မှာတော့ စိုးရိမ်တယ်။ ပုံမှန်ဆို ရဲဘက်ကပဲဖြစ်ဖြစ်၊ ထောင်ကပဲ ဖြစ်ဖြစ် ညနေတန်းစီလို့ လူမရှိရင် သိသိ ချင်း ရဲဘက်ပြေး၊ ထောင်ပြေး၊ ၀ရမ်းပြေးဆိုပြီး သက် ဆိုင်ရာရဲ စခန်းတွေမှာ အမှုဖွင့်ရ မယ်။ ရဲစခန်းကလည်း အမှုဖွင့်ပြီးပြီး ချင်းမြို့နယ် တိုင်း/ခရိုင် အဆင့်ဆင့် သတင်းပို့ထားရမယ်။ စခန်းအသီးသီးကို သတင်းဖြန့် ထားရ မယ်။ အခုက အဲဒီလိုမဟုတ်ဘဲ အမှုတောင် မဖွင့်ရသေးဘူးဆိုတော့ တစ်ခုခု လွဲ နေသလိုဘဲ””ဟုအငြိမ်းစား အကျဉ်း ဦးစီးဌာန ၀န်ထမ်းဟောင်းတစ်ဦးမှ ဆိုသည်။


ရဲရင့်ထွန်း(ပုသိမ်)


မြန်မာသံတော်ဆင့်သတင်းဌာန- http://ift.tt/1t7d2bL







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1GvrbI5

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...