တရားလိုတိုင်တန်းချက်အရ ဖမ်းဆီးသည်ဟု ပြောဆိုသော်လည်း အဆိုပါ ဖမ်းဆီးခံရသူများကို မည့သည့် အထောက်အထားဖြင့် ဖမ်းဆီးခဲ့သည့် အခြေအနေ အသေးစိတ်ကိုမူ ၎င်းက ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။ ဖမ်းဆီးခံရသူ ၁၂ ဦးတွင် အမျိုးသားခြောက်ဦး၊ အမျိုးသမီးခြောက်ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့မှူးက ဆိုသည်။
မတ်လ ၃၁ ရက်နေ့ညပိုင်းတွင် လူ ၁၂ ဦးကို ခေါ်ယူ စစ်ဆေးနေသည်ဟု သိရှိထားပြီး အသေးစိတ်ကို သတင်း မရရှိသေးကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုသည်။
Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် အိမ်တွင် နေအိမ်ပိုင်ရှင် လွှင့်ထူသည့် သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီအိတ်ထဲ ထည့်ရာ မဆံ့သဖြင့် ခါးတွင် ထိုးထားခဲ့သည်ဟု ဆိုရာမှ စတင်ခဲ့သည့် အဆိုပါ ပဋိပက္ခကို သမ္မတ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က မတ်လ ၃၀ ရက်နေ့မှ စတင်ကာ စုံစမ်းဖော်ထုတ်နေပြီ ဖြစ်သည်။
စစ်တွေမြို့တွင် ဒေသခံများနှင့် INGO များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် INGO များ၏ ရုံး၊ အဆောက်အအုံများ ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခံခဲ့ ရပြီး INGO ဝန်ထမ်းများကိုလည်း ရန်ကုန်သို့ ပို့ဆောင်ခဲ့ရကြောင်း၊ ပဋိပက္ခများကို တားဆီးရာတွင် သေနတ် ကျည်ဆန် ထိမှန်၍ အသက် ၁၁ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
{fcomment}
from Voice http://ift.tt/1fq5AEB
Comments
Post a Comment