သတင်းတိုများ
အိန္ဒိယစီးပွားရေး လာမည့်နှစ်တွင်ငါးရာခိုင်နှုန်းကျော် တိုးတက်မည်
အိန္ဒိယစီးပွားရေးသည် လာမည့်နှစ် ၂၀၁၄ -၁၅ ဘဏ္ဍာနှစ်တွင် GDP ၏ ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးနိုင်ဟု အိန္ဒိယကုန်သွယ်ရေးနှင့် စက်မှုကဏ္ဍ ဗဟိုအဖွဲ့ချုပ်က FICCI ကခန့်မှန်းထားကြောင်း တိုင်းအော့ အိန္ဒိယ သတင်းတွင် မတ် ၃၁ ရက်က ဖော်ပြသည်။
လာမည့် ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးကဏ္ဍတွင် ၃ဒသမ၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်မှုကဏ္ဍတွင် ၇ ရာ ခိုင်နှုန်းအထိ တိုးတက်မှုရှိမည်ဟု FICCI က ခန့်မှန်းထားသည်ဟုလည်း တိုင်းအော့ဖ်အိန္ဒိယ သတင်းတွင် ရေးသားဖော်ပြသည်။
အမေရိကန်တွင် အလုပ်လက်မဲ့နှုန်းကျဆင်း
အမေရိကန်နိုင်ငံတွင် ယခုနှစ်မတ်လအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းလာခဲ့ရာ အလုပ် လက်မဲ့နှုန်း ကျဆင်းခဲ့ကြောင်းနှင့် ရာသီဥတုကြောင့် စီးပွားရေး ထိခိုက်ခဲ့သည့်ဒဏ်မှလည်း ပြန်လည်ဦး မော့လာတော့မည့် အခြေအနေရှိကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်ဟု ဘလွန်းဘတ်သတင်း ဌာနက မတ်လ ၂၉ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဖိလစ်ပိုင်ရှိ ချယ်ရီမော်တော်ကားစက်ရုံခရီးသည်တင်ယာဉ်များ ထုတ်လုပ်
တရုတ်မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ ချယ်ရီအော်တို မိုဘိုင်းကုမ္ပဏီလီမိတက်၏ ဖိလစ်ပိုင် အခြေ စိုက်စက်ရုံခွဲက ခရီးသည်တင်ယာဉ် သစ်ငါးမျိုး ပြသခဲ့သည်ဟု ဘိစနက်မဲရာ သတင်းဌာနက မတ်လ ၂၈ ရက်တွင် ရေးသားဖော်ပြသည်။
ယင်းသို့ ထုတ်ဖော်ပြသခြင်းမှာ အာရှဒေသတွင် ဖိလစ်ပိုင်သည် တရုတ်ချယ်ရီ ကုမ္ပဏီ၏ တတိယမြောက် စက်ရုံခွဲကြီး ဖြစ်လာရေး စီမံကိန်းကို ဆောင်ရွက်နိုင်ကြောင်း ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု ဘိစနက်စ် မိုင်ရာသတင်းတွင် ရေးသားဖော်ပြထားသည်။
ထိုင်းခရီးသွား ဈေးရောင်းပွဲတော်ဘန်ကောက်တွင် ကျင်းပမည်
၁၄ ကြိမ်မြောက် ထိုင်းခရီးသွား ဈေးရောင်းပွဲတော်နှင့် မဟာမဲခေါင်ဒေသ အထူးခရီးစဉ် (TTM+) ပြပွဲ ၂၀၁၄ ကို ဘန်ကောက်မြို့တွင်းရှိIMPACT ခန်းမတွင် ဇွန် ၄ရက်မှ ၆ ရက်အထိ ကျင်းပရန်ရှိကြောင်း တီဘီအမ်သတင်းဌာနတွင် မတ်လ ၃၀ ရက်က ရေးသားဖော်ပြသည်။ ထိုင်းနှင့် မဟာခေါင်းဆောင်ဒေသ တွင်းနိုင်ငံများရှိ အငယ်စားနှင့် အလတ်စား ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများအနေဖြင့် ဈေးနှုန်းကြီးမြင့် သော နိုင်ငံရပ်ခြားခရီးသွား ကုန်သွယ်ရေးပြပွဲများသို့ ၀င်ရောက် ပြသနိုင်ခြင်းမရှိရာ ယင်းကုမ္ပဏီများ နိုင်ငံတကာနှင့်အညီ ၀င်ဆံ့လာနိုင်စေရန် ရည်ရွယ်၍TTM+ ပွဲကို ကျင်းပခြင်း ဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1iUMQNU
Comments
Post a Comment