Skip to main content

ABSDF ရဲဘော်များ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် ကြိုးပမ်းမည် ထားဝယ်၊ ဧပြီ ၁...



ABSDF ရဲဘော်များ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် ကြိုးပမ်းမည်



ထားဝယ်၊ ဧပြီ ၁



ဒီမိုကရေစီ အရေးတော်ပုံနှင့်အတူ ပေါ်ပေါက် လာခဲ့သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်များကို ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် ကြိုးပမ်းပေးမည်ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ဧပြီလ ၁ ရက်နေ့တွင် ထားဝယ်မြို့ ဇေယျဝတီ ပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့သော ကျောင်းသား တပ်မတော် တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားတွင် ပြောကြားသည်။

“ရဲဘော်တွေကို ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် မိဘတွေဆီ အပ်နိုင်ဖို့အတွက် ကြိုးပမ်းရဦးမှာပါ” ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ဆိုသည်။



ကျောင်းသား တပ်မတော် ၂၅ နှစ်တာ ဖြတ်သန်းမှု ကာလအတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၈၀၀ ကျော် ရှိကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။



မြိတ်-ထားဝယ်ခရိုင် ကျောင်းသား တပ်မတော်တွင် တာဝန် ထမ်းဆောင်ရင်း တိုက်ပွဲအတွင်း ကျဆုံးသွားသူနှင့် ရောဂါ (သို့) အခြားအကြောင်းအရာ အမျိုးမျိုးကြောင့် ထားဝယ်ခရိုင် အတွင်းမှ သေဆုံး ကျဆုံးသွားသော ရဲဘော် ၂၂ ဦး၊ ပုလောမြို့ မှ ၄၆ ဦးနှင့် မြိတ်ခရိုင်မှ ၁၅၀ ဦးကျော် ရှိသည်ဟု ဒုတိယ တပ်ရင်းမှူးဟောင်း ဦးအောင်မြင့်ထံမှ သိရသည်။



ယင်းအခမ်းအနားသို့ ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းနှင့် ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် အပါအဝင် တပ်ရင်း ၁ မှ ရဲဘော်များ၊ ကျဆုံးရဲဘော်များ၏ မိသားစုဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံများ အပါအဝင် လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။



အလားတူ အခမ်းအနားကို ဧပြီလ ၃ ရက်နေ့တွင် ပုလောမြို့နှင့် ဧပြီလ ၆ ရက်နေ့တွင် မြိတ်မြို့တွင် ဆက်လက် ကျင်းပမည် ဖြစ်သည်။



(Dawei Watch)

from The Voice Weekly's Facebook Wall http://ift.tt/1pMRdve

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...