Skip to main content

#emg_opinions သဘာဝပတ်ဝန်းကျင်အရေး အားလုံးပါဝင်ပေး (Written by: ညီအောင်ညီ) လွ...



#emg_opinions



သဘာဝပတ်ဝန်းကျင်အရေး အားလုံးပါဝင်ပေး



(Written by: ညီအောင်ညီ)



လွန်ခဲ့သောတစ်လက အငြိမ်းစား ပညာရေးမှူးဟောင်း ဆရာကြီးတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဆရာကြီးက သူသိတဲ့ ကျောင်းအင်္ဂါ ကိုးပါးအကြောင်းကို ပြောပြခဲ့တယ်။



ဆရာကြီးပြောပြတဲ့ စာသင်ကျောင်းတစ်ခုရဲ့ ရှိထားရမယ့် ကျောင်းအင်္ဂါ ကိုးခုထဲမှာ ရှစ်ခုမြောက် ကျောင်းအင်္ဂါက “ကျောင်းဥယျာဉ်” ရှိရမယ် ဆိုတာပါပဲ။ ဘာကြောင့် ရှိသင့်သလဲဆိုတော့ ကျောင်းသားတွေအနေနဲ့ ငယ်စဉ်ကတည်းက သစ်ပင်ပန်းမန်တွေ၊ သီးပင်စားပင်တွေနဲ့ သဘာဝလောကကြီးကို မြတ်နိုးပြီး တန်ဖိုးထား စောင့်ရှောက်ဖို့ တာဝန်ယူစိတ်ရှိဖို့အတွက် လက်တွေ့ကျကျ ဆောင်ရွက်ရမယ့် “ကျောင်းဥယျာဉ်” ရှိဖို့ လိုတယ်ဆိုတာကို ဆရာကြီးက စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့ပါတယ်။



ဆရာကြီး ကျောင်းဥယျာဉ်အကြောင်း ပြောပြီးကတည်းက စာသင်ကျောင်းတွေနားရောက်တိုင်း “ကျောင်းဥယျာဉ်” ရှိမရှိ လေ့လာမိတာမျိုး မေးမြန်းကြည့်တာမျိုး လုပ်ခဲ့ဖူးတယ်။ ရှိတဲ့ကျောင်းလည်း ရှိတယ်။ မရှိတဲ့ကျောင်းလည်း မရှိဘူးပေါ့။ စစ်တမ်းကောက် စစ်ဆေးရေးဝင်တာ မဟုတ်လို့ ရှိခြင်းမရှိခြင်းအပေါ်မှာ ပြောစရာစကား မရှိပါဘူး။ ဒါပေမဲ့ ဆရာကြီးရဲ့စကားက နားထဲကမထွက်ခဲ့ဘူး။ “သဘာဝလောကကြီးကို ချစ်မြတ်နိုးတတ်ဖို့”၊ သစ်ပင်ပန်းမန်တွေကို ချစ်တတ်၊ မြတ်နိုးစောင့်ရှောက်ဖို့အတွက် ကျောင်းဥယျာဉ်ဆိုတာ ရှိဖို့လိုပါတယ်တဲ့။



ဆရာကြီးရဲ့စကားကို ဆက်စပ်ပြီး စဉ်းစားမိခဲ့တယ်။ နေစရာအိမ်တွေပြီးရင် ကလေးတွေအများဆုံး ထိတွေ့ရတဲ့နေရာဟာ “စာသင်ကျောင်း” ဆိုတဲ့ နေရာတစ်ခုပါပဲ။ သင်ရတဲ့ ကျောင်းစာတွေထဲမှာ သဘာဝနဲ့ ဆက်စပ်နေတာတွေ၊ သဘာဝပတ်ဝန်းကျင်ရဲ့ ဖြစ်တည်ပုံ၊ ပျက်စီးပုံ စတာတွေလည်း သင်ကြားရေးထဲမှာ ပါပါတယ်။ တော်တော်များများကို စာတွေ့အနေနဲ့ သင်ကြားခဲ့ရတယ်။ သိခဲ့ကြတယ်။ နားလည်ခဲ့ကြတယ်။ ဒါပေမဲ့ လက်တွေ့မှာ အားနည်းခဲ့ကြတယ်။ အဲဒီတော့ အသိတစ်ခုမှာပဲ လမ်းဆုံးသွားခဲ့တယ်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများနေတဲ့ အချိန်ကာလ တစ်ခုမှာ သိထားရုံနဲ့ မပြီးတော့ဘူး။ လက်တွေ့ပါ၊ ဆောင်ရွက်သင့်လာပြီလို့ မြင်ခဲ့မိတယ်။



ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ တီဗွီမြင်ကွင်းတစ်ခုက ဦးနှောက်ထဲထိ စွဲကျန်နေခဲ့တယ်။ “နေကျောက်ခဲ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ပြည်ထောင်စုနေ့က ရုပ်သံလိုင်းတစ်ခုမှာ ပြသခဲ့တယ်။ အဲဒီဇာတ်ကားထဲမှာ “အင်းလေးကန်ကြီးရဲ့ သာယာပုံ၊ တိုင်းရင်းသားတွေ ရှိနေကြပုံနဲ့ အင်းလေးကန်ကြီးကို မပျက်စီးအောင်၊ မပျောက်ပျက်အောင် စောင့်ရှောက်ဖို့ လိုတဲ့အကြောင်း” “ကဗျာသီချင်းလေးနဲ့” ကလေးတွေကို တိုင်ပေးပြီး သံပြိုင်သီဆိုကြတဲ့ ဇာတ်ဝင်ခန်းလေးဟာ ကြည့်နေသူတိုင်းရဲ့ရင်ကို လှုပ်ခတ်စေခဲ့ပါတယ်။ စွဲငြိစေခဲ့ပါတယ်။ အဲဒီဇာတ်ကား ရိုက်ကူးစဉ်ကာလက ယနေ့လို သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုမျိုး သိပ်မရှိသေးပါဘူး။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေ များနေတယ်လို့ ပြောလို့ရပါတယ်။ ၀ိသမ လောဘသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို သစ္စာဖောက်ကြသူတွေ မများခဲ့ဘူးလို့ ပြောရမှာပါ။



အခုဆိုရင် အင်းလေးကန်တင် မကဘူး၊ ဧရာဝတီအတွက်ပါ အန္တရာယ် ရှိလာခဲ့တယ်။ သစ်တောတွေ ပြုန်းတီးနေလို့ အပူတွေက တဖြည်းဖြည်း တိုးလာခဲ့တယ်။ တောင်တွေဆိုတာလည်း ပျက်ပြုန်းစပြုနေခဲ့ပြီ။ ဖောက်ပြန်တဲ့ ရာသီဥတုတွေက ခပ်စိပ်စိပ် ဖြစ်လာခဲ့တယ်။ “နာဂစ်၊ ဂီရိ” စတဲ့ မုန်တိုင်းတွေကလည်း ကျွန်တော်တို့ကို အသေအကျေ အပျက်အစီးတွေနဲ့ ပညာပေးခဲ့ပြီးပြီ။ ကျွန်တော်တို့ချစ်တဲ့နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်တွေအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ပတ်သက်တဲ့ အသိပညာ၊ အတတ်ပညာတွေကို မပေးခဲ့လို့ မဖြစ်တော့ပါဘူး။ လက်တွေ့ကျကျ ကာကွယ်လုပ်ဆောင်ပေးမှု၊ ပညာပေးမှုတွေ မလုပ်ခဲ့လို့ မဖြစ်တော့ပါဘူး။ သစ်ပင်စိုက်ဖို့၊ သစ်ပင်သစ်တောတွေ မလိုအပ်ဘဲ မခုတ်မိစေဖို့ ရေအရင်းအမြစ်တွေ မပျက်စီး မဆုံးရှုံးစေဖို့၊ သဘာဝတရားကို ချစ်တတ်ဖို့ စတဲ့မိန့်မှာချက်တွေက မလွဲမသွေ လိုအပ်လာပါတယ်။ အတတ်ပညာရှိထားပြီး၊ အသိပညာမဲ့နေလို့လည်း မဖြစ်သေးပါဘူး။ အသိပညာ၊ အတတ်ပညာနှစ်ခုလုံး ပြည့်စုံမှ တော်ရာရောက်မယ့်ခေတ် ဖြစ်နေပါပြီ။



ပြီးခဲ့သည့်ရက်ပိုင်းက ဆရာအောင်စည်ဟိန်း၏ “မိုးတွေကရွာ၊ ရေတွေကကြီး” ဆောင်းပါးထဲက မှတ်သားစရာ အချက်အလက်အချို့ကို ဖတ်ခဲ့ရပါတယ်။ တရုတ်အစိုးရဟာ သဘာဝဘေးအန္တရာယ်တွေ ထပ်ပြီးကျရောက်မှာစိုးတာကြောင့် “ယူနန်ပြည်နယ်” အတွင်းမှာ သစ်ခုတ်လှဲမှု တားမြစ်ချက် (Logging ban) ကို ၁၉၉၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့သလို၊ “တစ်နိုင်ငံလုံး သစ်ခုတ်လှဲမှု” တားမြစ်ချက်ကို ၁၉၉၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တယ်လို့ ဖတ်ခဲ့ရပါတယ်။ ဆက်စပ်ပြီး တွေးကြည့်မိတာက ကျွန်တော်တို့နိုင်ငံက သစ်တွေကို အဆက်မပြတ် ခုတ်စေခဲ့ပေမယ့် သူတို့ဆီမှာတော့ သစ်မခုတ်ရတဲ့ ဥပဒေနဲ့ သူတို့နိုင်ငံအတွက် သဘာဝဘေးအန္တရာယ်မဖြစ်အောင် ကာကွယ်ထားခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံသားစီးပွားရေးသမားတွေ အနေနဲ့ အဲဒီအချက်တွေကို စဉ်းစားမိကြပါလေစွလို့ တွေးခဲ့မိတယ်။



“တရုတ်ပြည်တွင် သစ်ခုတ်လှဲခြင်းကို တားမြစ်သည်တဲ့။” သစ်ပင်ငယ်တစ်ပင် ခုတ်လှဲခြင်းသည် ကြီးမားသောပြစ်မှု ဖြစ်ပါသတဲ့။ သစ်တောသယံဇာတကို ကာကွယ်စောင့်ရှောက်ခြင်းသည် မွန်မြတ်သော စောင့်ရှောက်ခြင်း ဖြစ်ပါသတဲ့။ သစ်တောများ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ ဂေဟစနစ်ကို ပြုပြင်ထိန်းသိမ်းခြင်းသည် မျက်မှောက်ခေတ်၏ ဖြစ်ထွန်းအောင်မြင်မှု ဖြစ်ပါသတဲ့။ ကျွန်တော်တို့ မြန်မာတွေ စဉ်စားတွေးခေါ်တတ်ဖို့ လိုအပ်နေပြီ မဟုတ်လား။ အရှည်ကို ကြည့်တတ်သော အနာဂတ်အမြင်ရှိဖို့ လိုအပ်လာပြီ မဟုတ်ပါလား။ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးက မည်မျှအရေးပါသည်။ အရာရောက်သည်ကို သိသင့်ကြပြီး မဟုတ်ပါလား။ မြန်မာတွေ စဉ်းစားရပါတော့မည်။



ကျွန်တော်တို့ရဲ့ အနာဂတ်ခရီးထဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အနုပညာဆိုတာ မရှိမဖြစ် လိုအပ်လာပါပြီ။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် သားငယ်၊ သမီးငယ်တွေကို ကိုယ်သိထားသမျှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနည်းတွေကို သင်ကြားပေးခဲ့ရမှာပါ။ လက်ဆင့်ကမ်းပေးကြရမှာပါ။ သစ်တော၊ သစ်ပင်၊ မြစ်ချောင်းအင်းအိုင် စတဲ့သဘာဝသ ယံဇာတတွေကို ဖောက်လှဲဖောက်ပြန် မပြုနိုင်ဖို့ရာ ညွှန်ပြကြရမှာပါ။



တတ်သိနားလည်တဲ့ လူကြီးတွေက အဓိကထား ဆောင်ရွက်ကြရမှာ ဖြစ်ပေမယ့် မျိုးဆက်သစ်တွေကိုလည်း မကျန်ရစ်ခဲ့ရလေအောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်ထဲစဉ်မှာ ဆွဲခေါ်သင့်ပါတယ်။ “သူ့ခေတ်၊ ကိုယ်ခေတ်” ဆိုတာ ရှိစမြဲပါ။ ကိုယ့်ခေတ်မှာ ကောင်းမွန်စွာ ပြုပြင်နေထိုင်သင့်သလို၊ ကိုယ်မရှိတော့တဲ့ သူတို့ရဲ့ခေတ်ထဲမှာလည်း၊ အန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးခဲ့ရမှာပါ။ သဘာဝတရားကို ချစ်မြတ်နိုးအောင် လုပ်ဆောင်ပေးခဲ့ရမှာပါ။



“ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားသော်၊ နောက်နွားတစ်သိုက်၊ ဖြောင့်ဖြောင့်လိုက်သည်” ဆိုတဲ့ စကားလိုပါပဲ။ ဦးဆောင်မှုကောင်းကောင်းနဲ့ အနာဂတ်ရေးရာအတွက် စီမံပေးသင့်ပါတယ်။ နိုင်ငံတကာ ကလေးတွေနဲ့ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေ၊ နိုင်ငံတကာက လူငယ်တွေနဲ့ ကျွန်တော်တို့ရဲ့ လူငယ်တွေ၊ တစ်ခြားနေရာတွေမှာ ယှဉ်ပြိုင်မှု မသာသေးချင် နေပါစေ။ ကိုယ့်နိုင်ငံ၊ ကိုယ့်မြေ၊ ကိုယ့်ရဲ့ သဘာဝပတ်ဝန်းကျင်၊ ကိုယ်ရဲ့သယံဇာတတွေကို ချစ်မြတ်နိုးတဲ့စိတ် ပိုပြီးရှိစေချင်ပါတယ်။ ကာကွယ်ထိန်းသိမ်းချင်တဲ့စိတ် ပိုပြီးရှိစေချင်တယ်။ မပျောက်မပျက်၊ မပြုန်းတီးအောင် ၀ိုင်းဝန်းစောင့်ရှောက်တဲ့စိတ် ပိုပြီးသာပြီး ရှိစေချင်ပါတယ်။ ဆိုခဲ့ပါချစ်စိတ်၊ ကာကွယ်ထိန်းသိမ်းစိတ်၊ ၀ိုင်းဝန်းစောင့်ရှောက်တဲ့ စိတ်တွေကတော့ ကျွန်တော်တို့ လူငယ်တွေကို အားလုံးထက် သာစေချင်ပါတယ်။



ကျွန်တော်တို့နိုင်ငံကို ထိန်းသိမ်းနိုင်ဖို့၊ ဘေးရန်အန္တရာယ် အသွယ်သွယ်ကို ကာကွယ်နိုင်ဖို့ရာမှာ ကျွန်တော်တို့ နိုင်ငံသားတွေကလွဲလို့ အခြားမရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေ လူကြီးလူငယ်မရွေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ ပါဝင်သင့်ပါတယ်။ လက်ဆင့်ကမ်း ဖြန့်ဝေပေးသင့်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကြီး ဘာကြောင့်ပျက်စီး ယိုယွင်းရတယ်ဆိုတာကို အားလုံးပူးပေါင်းပါဝင် အဖြေရှာကြစေလိုပါတယ်။ ကာကွယ်ကြစေလိုပါတယ်။ အားလုံးပါဝင် ဆောင်ရွက်ပေးကြပါလို့ ဆန္ဒပြုချင်ပါတယ်။

from Eleven Media Group's Facebook Wall http://ift.tt/1pIg2KH

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...