Skip to main content

သင်္ကြန်မတိုင်မီ သပိတ်စခန်းများအားလုံး ရုပ်သိမ်းရန် လုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို



ရန်ကုန်၊ ဧပြီ ၁သပိတ်စခန်းများကို ညဥ့်သန်းခေါင်ယံ အချိန်များတွင် အင်အားသုံး စီးနင်းမှုများ ပြုလုပ်မှုကြောင့် အစိုးရကို ဝေဖန်မှုများ ဖြစ်ပေါ်နေချိန်တွင် ရန်ကုန်မြို့တော်အတွင်း ဖွင့်လှစ်ထားသည့် သပိတ်စခန်းများကို သင်္ကြန်ပွဲတော် မတိုင်မီ ရုပ်သိမ်းရန် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။


သပိတ်စခန်းဖွင့်ထားသည့် မိကျောင်းကန် ဒေသခံများ၊ ဝါဝါဝင်း ကုမ္ပဏီကို ဆန္ဒပြနေကြသည့် မြန်မာ့ဂုဏ်ရောင်အိမ်ရာ သပိတ်စခန်းတို့မှ ခေါင်းဆောင်များနှင့် အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ ဧပြီလ ၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ၎င်းကယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။



ပြည်သူများနစ်နာမှုများ ရှိနေသည့် တိုင်းဒေသကြီး အစိုးရအနေနှင့် ကြားဝင်ညှိနှိုင်းပေးခြင်း ဖြစ်ပြီး သင်္ကြန် မတိုင်မီ သပိတ်စခန်းများ ရုပ်သိမ်းရေးအတွက် ဆန္ဒပြသူများနှင့် ဥပဒေကြောင်းအရ ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။

“ကျွန်တော်တို့က ပိတ်ပင်တာ ဘာမှမရှိဘူး။ ဒါပေမဲ့ ဥပဒေအရ ထိန်းကွပ်ဖို့ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။



ရန်ကုန်မြို့တော် မဟာဗန္ဓုလ ပန်းခြံဘေးတွင် မြေသိမ်းခံ မိကျောင်းကန် ဒေသခံများ သပိတ်စခန်း ဖွင့်လှစ်ထားပြီး ဝါဝါဝင်းကုမ္ပဏီ သိမ်းယူ ဆောက်လုပ်ထားသည့် မြန်မာ့ဂုဏ်ရောင်အိမ်ရာ ရှေ့တွင်လည်း သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။



မိကျောင်းကန် ဒေသခံများ နစ်နာမှုအတွက် လျော်ကြေးများ ရရှိစေရန် တိုင်းဒေသကြီးအစိုးရက ဖြေရှင်းပေး၍ မရသဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နိုင်ငံတော် သမ္မတရုံးတို့ကို တင်ပြကာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ထပ်မံပြောဆိုသည်။



သို့သော်လည်း မိကျောင်းကန် ဒေသခံများက သပိတ်စခန်းကို ရုပ်သိမ်းမည် မဟုတ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးစိန်သန်းက ဆိုသည်။

“ဟိုလူက ကတိပေး။ ဒီလူက ကတိပေးနဲ့ လုပ်လာခဲ့တာ နစ်နှစ်ကျော် ကြာပြီ။ အခုထိ လွှတ်တော်ရော အုပ်ချုပ်ရေးပိုင်းကပါ ဘာမှ မဖြေရှင်းနိုင်ဘူး။ ခိုင်မာတဲ့ အထောက်အထား မပြနိုင်သ၍ သပိတ်စခန်းကို မပိတ်သိမ်းဘူး။ သပိတ်စခန်းမှာ အသေခံသွားမယ်” ဟု သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းက ပြောကြားသည်။



အဆိုပါ မိကျောင်းကန် ပြဿနာကို အစိုးရအနေနှင့် ဖြေရှင်းမည် ဖြစ်ပြီး လွှတ်တော် လမ်းကြောင်းကလည်း ဖြေရှင်းပေးမည် ဖြစ်သဖြင့် သပိတ်စခန်း ရုပ်သိမ်းသင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တိုက်တွန်းသည်။

“အစွန်းနှစ်ဘက်ကို ရှောင်ပါ။ အရမ်းကြီး တိုက်တိုက်ခိုက်ခိုက် မလုပ်ပါနဲ့။ လိုချင်တာ မရမချင်း သပိတ်စခန်းမှာပဲ အသေခံပြီးတော့ ဆန္ဒထုတ်ဖော်ရင်ကော အဆင်ပြေသွားမှာလား။ ပြန်စဉ်းစားဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။



သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်မြေများကို တပ်မတော် အငြိမ်းစားများကို ထောက်ပံ့သည့် အနေနှင့် စစ်မှုထမ်းဟောင်း အိမ်ရာ ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သဖြင့် ပြန်လည် စွန့်လွှတ်ရန် အစီအစဉ် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သက်နိုင်က ပြောကြားသည်။



မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက်မြေများ ပြန်လည်ရရှိရန် မြေသိမ်းဆည်း ခံထားရသည့် ပြည်သူများက မတ်လ ၂၄ ရက်နေ့တွင် တတိယအကြိမ်မြောက်အဖြစ် မဟာဗန္ဓုလ ပန်းခြံဘေးတွင် ထိုင်သပိတ်စခန်း ဖွင့်လှစ်ခဲ့ကြသည်။



မြန်မာဂုဏ်ရောင် အိမ်ရာရှေ့ရှိ သပိတ်စခန်းမှာမူ တပ်မတော် (ရေ) က စစ်တန်းလျား ဆောက်လုပ်ရန် သိမ်းယူခံခဲ့ရသော်လည်း အမှန်တကယ် လုပ်ဆောင်ခြင်း မရှိဘဲ ဝါဝါဝင်း ကုမ္ပဏီက သိမ်းယူခဲ့ကာ လုပ်ငန်း အကောင်အထည် ဖော်နေခဲ့ကြောင်း၊ ယင်းကြောင့် နစ်နာမှုများအတွက် နစ်နာကြေးရရှိရန် ရက်ပေါင်း ၆၀ ကျော်ကြာ သပိတ်စခန်းဖွင့် တောင်းဆိုနေခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက ဆိုသည်။



အဆိုပါ ဆန္ဒပြသူများကိုမူ လာမည့် ရသတ္တတစ်ပတ်အတွင်း ဝါဝါဝင်း ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံပေးမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက ကတိပေးခဲ့သည်။



မိကျောင်းကန် သပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် စည်ပင်သာယာရေး ဥပဒေနှင့် မညီညွတ်ဟုဆိုကာ စည်ပင်ဝန်ထမ်းများနှင့် အရပ်ဝတ် လူအင်အား ၄၀၀ ခန့် အသုံးပြုကာ ဖြိုခွဲခဲ့ပြီး မြန်မာ့ဂုဏ်ရောင်အိမ်ရာ သပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဖြိုခွဲခံခဲ့ရသည်။


{fcomment}





from Voice http://ift.tt/1h1cQsC

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3