Skip to main content

လှည်းကူးမြို့နယ် တပ်ပိုင်နယ်မြေမှ ဖယ်ရှားခံရသူ အိမ်ထောင်စု ၈၀ DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့မည်



ရန်ကုန်၊ ဧပြီ ၁တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခံခဲ့ရသော သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာသုံးရွာနေသူ လူဦးရေ ၇၀၀ အနက် လူဦးရေ ၂၀၀ ကျော်ခန့်က ဧပြီလ ၂ ရက် (ယနေ့) နံနက် ၄ နာရီတွင် ပဲခူးတိုင်းဒေသကြီးရှိ အောင်သိဒ္ဓိ ကျောင်းတိုက်မှ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေသို့ လိုက်ပါ ပြောင်းရွှေ့မည် ဖြစ်ကြောင်း အဆိုပါကျေးရွာ နေထိုင်သူများထံမှ သိရှိရသည်။


အဆိုပါ ဖယ်ရှားခံရသူများကို ကရင်ပြည်နယ် မြဝတီမြို့ အနီးရှိ ကျောက်ခတ်ကျေးရွာတွင် နေရာချထားပေးရန် DKBA က စီစဉ်ထားပြီး လိုက်ပါ ပြောင်းရွှေ့လိုသော အိမ်ထောင်စု ၈၀၊ လူဦးရေ ၂၀၂ ဦးကို ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်သို့ ခေါ်ဆောင်သွားရန် ၁၂ ဘီးယာဉ် လေးစီးဖြင့် အောင်သိဒ္ဓိ ကျောင်းတိုက်သို့ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းက ရောက်ရှိနေကြောင်း DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။



“ပထမလိုက်မယ့် လူစာရင်းက သုံးရာနီးပါး ရှိတယ်။ လာခေါ်တဲ့အချိန်မှာ တချို့မိသားစုဝင်တွေက အိမ်ထောင်ဦးစီးတွေက အရင်လိုက်ပြီး အိမ်ဆောက်၊ အလုပ်အကိုင်ရှာပြီး အခြေကျမှ ကျန်မိသားစုဝင်တွေကို ပြန်လာခေါ်မှာ ဖြစ်တာကြောင့် ခုလို လူနည်းသွားတာပါ” ဟု အောင်သိဒ္ဓိ ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။



ကျေးရွာ ဖယ်ရှားခံရသူများ၏ နေစရာမရှိဘဲ ဒုက္ခရောက်နေသော ဘဝကို စာနာသောကြောင့် နေစရာမြေနှင့် အိမ်များ ဆောက်လုပ်ရန်ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ပြီး လုပ်ကိုင်ရှာဖွေ စားသောက်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ကရင်ပြည်နယ်ရှိ ဒေသခံပြည်သူများ၊ ပါတီများနှင့် ပူးပေါင်းကာ DKBA က ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ယင်းတပ်မတော်မှ ဗိုလ်မှူးကြီး စောစန်းအောင်က ရှင်းပြသည်။



“ပထမတစ်ကြိမ် လာခေါ်တုန်းက မွေးရပ်မြေကို မခွဲနိုင်လို့ သူတို့ မလိုက်ခဲ့ဘူး။ ခုတစ်ကြိမ် ကာယကံရှင်တွေ ကိုယ်တိုင်က လိုက်ပါ ပြောင်းရွှေ့ချင်တယ်လို့ အကြောင်းကြားတာကြောင့် လာခေါ်တာ။ လူသားချင်းဘဝကို စာနာလို့ ကူညီတာပါ။ DKBA တပ်သားအဖြစ် စုဆောင်းဖို့အတွက် ကူညီတာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။



လှည်းကူးမြို့နယ်တွင် ဖယ်ရှားခံရသော ကျေးရွာပေါင်း ခြောက်ရွာမှ မိသားစုဝင်များကို DKBA ထိန်းချုပ်နယ်မြေအတွင်း နေထိုင်လိုပါက ခေါ်ဆောင်သွားမည် ဖြစ်သော်လည်း သမီးကလေးကျေးရွာ၊ ဒေါ်ကာလီကျေးရွာနှင့် အင်းပတီးကျေးရွာတို့မှ မိသားစုဝင်များ လိုက်ပါပြောင်းရွှေ့ပြီး ကျန်ကျေးရွာများမှ လိုက်ပါပြောင်းရွှေ့သူ မရှိကြောင်း အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။



“ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပေးတဲ့မြေနေရာက အဆင်မပြေတာကြောင့် ကရင်ပြည်နယ်ကို လိုက်သွားမှာပါ။ အဲဒီမှာက နေရေးစားရေးအတွက် အဆင်ပြေအောင် ကူညီပေးမယ်လို့ DKBA က ပြောသလို ပြောင်းရွှေ့မယ့် နေရာကိုလည်း လိုက်သွားပြီး သွားကြည့်တော့လည်း လုပ်ကိုင် ရှာဖွေတတ်တဲ့ အလုပ်မျိုးတွေ ရှိတာကြောင့် လိုက်သွားဖို့ ဆုံးဖြတ်ခဲ့တာ” ဟု သမီးကလေးကျေးရွာမှ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။



ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ လှည်းကူးမြို့နယ် အတွင်းရှိ တပ်ပိုင်မြေများတွင် ကျူးကျော် နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့သော ကျေးရွာခြောက်ရွာမှ လူဦးရေ တစ်ထောင်ခန့်မှာ နေစရာ မရှိသောကြောင့် ဘုန်းကြီးကျောင်းနှင့် ကျူတောများတွင် ယာယီတဲများထိုးကာ နေထိုင်လျက် ရှိကြောင်း အဆိုပါ ဖယ်ရှားခံ ကျေးရွာသူရွာသားများထံမှ သိရှိရသည်။


{fcomment}





from Voice http://ift.tt/1pIxgaS

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...