Skip to main content

ကမ္ဘာ့ဖလားကို အခမဲ့ကြည့်ခွင့်ရခြင်းသည် အခြေခံလူ့အခွင့်အရေးဟု အာဂျင်တီးနားအတိုက်အခ...



ကမ္ဘာ့ဖလားကို အခမဲ့ကြည့်ခွင့်ရခြင်းသည် အခြေခံလူ့အခွင့်အရေးဟု အာဂျင်တီးနားအတိုက်အခံများ ပြောကြား



အာဂျင်တီးနားနိုင်ငံ၏ အစိုးရအတိုက်အခံများက ကမ္ဘာ့ဖလားလို ပြိုင်ပွဲမျိုးကို နိုင်ငံတိုင်းတွင် အခမဲ့ကြည့်ရှုခွင့်ရသင့်ပြီး ယင်းမှာ အခြေခံလူအခွင့်အရေးဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။



အာဂျင်တီးနားအသင်းသည် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် နယ်သာလန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲသို့ရောက်ရှိလာပြီဖြစ်သည်။ အာဂျင်တီးနားနိုင်ငံသားအများစုမှာ ကမ္ဘာ့ဖလားပွဲစဉ်အများစုကို ကြည့်ရှုခွင့်မရခဲ့ဘဲ ၎င်းတို့နိုင်ငံအသင်း၏ ပွဲစဉ်များကြည့်ရူခြင်းဖြင့်သာ ချွေးသိပ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်ကစပြီး၊ ရုပ်သံလုပ်ငန်းတွင် အင်အားကြီးကုမဏီကြီးများ ၀င်ရောက်လာခဲ့ပြီး၊ ယခုအချိန်တွင် ပြည်တွင်းလိဂ်ပွဲစဉ်များမှလွဲ၍ ကျန်ဘောလုံးပြိုင်ပွဲများမှာ အခပေး ရုပ်သံလိုင်းများလက်အောက်သို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မာရာဒိုနာနှင့် အာဂျင်တီးနားသမ္မတ ခရစ္စတီးနားကက်ခ်ျနာတို့မှာ အပြန်အလှန်ဝေဖန်မှုများ ရှိခဲ့ဖူးသည်။ မာရာဒိုနာက သွင်း၈ိုးများပြန်ပေးဆွဲခံရခြင်း ဖြစ်ပြီး၊ စစ်အာဏာရှင်လက်ထက် ၁၉၇၆မှ ၁၉၈၃အထိ ကာလများ၌ပင် အခမဲ့ကြည့်ခွင့်ရခဲ့သည်ဟု ဆိုခဲ့သည်။



ယခုအချိန်တွင်မူ ပြည်သူများ၏ ထောက်ခံမှုကျဆင်းနေသည့် အမျိုးသမီးသမ္မတ ကက်ခ်ျနာသည် ဗိုလ်လုပွဲစဉ်ကို အခမဲ့ကြည့်ရှုခွင်ရရန် ဆောင်ရွက်ခဲ့ရာ ၂၀၁၀ ကမ္ဘာ့ဖလားတွင် အစိုးရရုပ်သံလိုင်းများ၌ ပွဲစဉ်တိုင်း အခမဲ့ကြည့်ခွင့်ရခဲ့သည့် အာဂျင်တီးနား ပြည်သူ (၄၂)သန်းအတွက် သတင်းကောင်းဖြစ်ခဲ့သည်။ အာဏာသိမ်းထိုင်းနိုင်ငံတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၂၂)ပွဲသာ အခမဲ့ ကြည့်ခွင့်ရခဲ့ရာမှ၊ စစ်အာဏာရှင်များက (၆၄)ပွဲစလုံး အခမဲ့ပြရမည်ဟု အမိန့်ထုတ်ပြန်ကာ ပြည်သူများ၏ စိတ်ကျေနပ်မှုကို ပြန်လည်ရယူခဲ့ ရသည်။



(ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲစဉ်တစ်ပွဲကို ရုပ်သံမှ ကြည့်ရှူ့နေသည့် ပရိသတ်များ (Photo: AFP))







from Eleven Media Group's Facebook Wall http://ift.tt/1jt37Od

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...