မန္တလေးတွင် အရေးပေါ်ကာလ ကွပ်ကဲရေးစင်တာဖွင့်
မျိုးသန့်
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးတွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း ငြိမ်းချမ်းရေးအတွက် အချိန်နှင့်အမျှ ထိန်းသိမ်းသွားရန် အရေးပေါ်ကာလ ကွပ်ကဲရေးစင်တာကို ဇူလိုင်လ ၁၀ရက်မှ စတင်၍ သက်ဝင်လှုပ်ရှား သွားမည်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
" ကွပ်ကဲရေးအဖွဲ့ကို ၁၄၄ထုတ်ထားတဲ့ ကာလအတွင်းမှာပဲ သက်ဝင်လှုပ်ရှားဖို့များပါတယ်၊ နောက်ကာလတော့ အတိအကျမသိရသေးဘူး " ဟု ၎င်းက ပြောသည်။
ကွပ်ကဲရေးအဖွဲ့တွင် သတင်းအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်မှု ဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ စီအိုင်ဒီ၊ ခရိုင်ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ တိုင်းစည်ပင်သာယာရေး ကော်မတီ၊ တိုင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ရဲအကူတပ်ဖွဲ့ခွဲတို့ ပါဝင်သည့် အဖွဲ့သုံးဖွဲ့ခွဲကာ ၂၄နာရီ လုပ်ဆောင်သွားမည်ဖြစ်ပြီး သတင်းပေးပို့သူက မှတ်ပုံတင်၊ နေရပ်လိပ်စာပြောကာ ဖုန်းနံပါတ် ၀၂ ၆၇၁၆၂၊ ၀၂ ၆၇၁၆၃၊ ၀၂ ၆၇၁၆၄တို့ကို သတင်းပေးပို့နိုင်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1oFukue
Comments
Post a Comment