" ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ကောက်ခံနေမှု အပေါ်သူရဦးရွှေမန်းရဲ့သဘောထား "
နေပြည်တော် ၊ ဇူလိုင် ၃
ပုဒ်မ၄၃၆ ပြင်ဆင်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဆန္ဒသဘောထားအရ ပြုလုပ်ခြင်းဖြစ်သောကြောင့်ဖွဲ့စည်းပုံ
အခြေခံဥပဒေပြင်ဆင်ရေးကော်မတီအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအကောင်အထည်ဖော်မှု
ကော်မတီဖွဲ့စည်းထားတာ ရှိပါတယ်။အဲဒီကော်မတီအကြံပြု ချက် ပေးထားတာလည်းရှိပါတယ် အဲဒါနဲ့ ပဲ လုံလောက်မယ်
လို့ထင်ပါတယ်”ဟု ၄င်းကဆိုသည်။
ယနေ့လွှတ်တော်အဆောက်အအုံတွင် သူရဦးရွှေမန်း၊ ဦးအောင်သောင်းနှင့် ဦးဌေးဦး တို့က ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် ၄င်းက ထို့သို့ပြောခြင်းဖြစ်သည်။
စိုင်းလမင်း
from Popular Myanmar News Journal's Facebook Wall http://ift.tt/1khn84w
Comments
Post a Comment