သန်လျင်မြေကွက် ဈေးနှုန်းတက်
သန်လျင်မှာရှိတဲ့ မြေကွက်တွေ အရောင်းအဝယ် ကောင်းလာပြီး ဈေးကလည်း နှစ်ဆနီးပါးကို မြင့်တက်လာတယ်လို့ သိရပါတယ်။
အသစ်ဆောက်လုပ်မယ့် အောင်ချမ်းသာ အမှတ် (၂) အိမ်ရာစီမံကိန်းကြောင့် ခုလို ဈေးတွေ တက်လာရတာ ဖြစ်တယ်လို့ သန်လျင်မြို့အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တွေက ဆိုပါတယ်။
အရောင်းအဝယ် အဖြစ်များတဲ့ နေရာတွေကတော့ အောင်ချမ်းသာ တိုးချဲ့ (၁) ရပ်ကွက်က အလျား ပေ ၄၀၊ အနံ ပေ ၆၀ မြေကွက်တွေ ဖြစ်ပြီး တစ်ကွက်ကို ကျပ်သိန်း ၃၃၀ ကနေ ၃၈၀ အထိ ရှိတယ်လို့ ကံကောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း မန်နေဂျာ ဦးမင်းခန့်က ဆိုပါတယ်။
“အရောင်းအဝယ် ဖြစ်တဲ့ မြေကွက်တွေက အရင်က သိန်း ၁၈၀ လောက်ပဲ ပေါက်ဈေးရှိတာ။ အဝယ်လိုက်လို့ ဈေးတက်ပြီး နှစ်ဆနီးပါး ဖြစ်သွားတာ” လို့ ဦးမင်းခန့်က ပြောပြပါတယ်။
လက်ရှိမှာတော့ သန်လျင်မှာ ရှိတဲ့ မြေကွက်တွေ အရောင်းအဝယ် ကောင်းပြီး ဈေးတွေ တက်နေပေမယ့်လည်း ရန်ကုန်အတွင်းက မြေကွက်တွေကတော့ အရောင်းအဝယ် အေးနေသေးတယ်လို့ ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တွေက ဆိုပါတယ်။
from The Voice Weekly's Facebook Wall http://ift.tt/1qpW88V
Comments
Post a Comment