မန္တလေးတိုင်း မြို့နယ် ၆ မြို့နယ်မှာ ညကိုးနာရီကနေ မနက် ငါးနာရီအတွင်း အပြင်မထွက်ရအမိန့် ကာဖျူးကို ဒီညနေ ထုတ်လိုက်တယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော် မိုး ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဇော်ဇော်ထွန်း က ပြောဆိုလိုက်တာပါ။
ဇူလိုင်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ နှစ်ရက် ဆက်တိုက် ရုန်းရင်းဆန်ခတ် ပစ်ခတ်ဖျက်ဆီးမှုတွေကြောင့် ကားတွေ ဆိုင်တွေပျက်စီးခဲ့ရပြီး ထိခိုက်ဒဏ်ရာရခဲ့ကြသလို အသေအပျောက်ရှိခဲ့ပါတယ်။ မနေ့ညနဲ့ ဒီကနေ့မနက်မှာ လူနှစ်ဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
မန္တလေးတိုင်း ၆ မြိ့နယ်တွင် ညမထွက်ရအမိန့်ထုတ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1mWtgnz
Comments
Post a Comment