မန္တလေးတွင် ညမထွက်ရ အမိန့်ထုတ်
ပဋိပက္ခများ ဖြစ်ပွားနေသော မန္တလေးမြို့၏ လုံခြုံရေးအခြေအနေကို ထိန်းသိမ်းရန်နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် အတွက် မန္တလေးမြို့တော် အတွင်း ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ ချမ်းအေးသာစည်၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ အမရပူရ မြို့နယ်များတွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း မန္တလေး ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးက The Voice သို့ အတည်ပြု ပြောကြားသည်။
from The Voice Weekly's Facebook Wall http://ift.tt/1xld82x
Comments
Post a Comment