Skip to main content

ပင်လယ်ပြင်တွင် မျောပါနေသော ရေလုပ်သား ၁၇၄ ဦးကို ထပ်မံဆယ်ယူ



တပ်မတော်(ရေ)စစ်ရေယာဉ်များမှ ပင်လယ်ပြင်မျောပါနေသော ရေလုပ်သား ၁၇၄ ဦးကို

ဒုတိယအကြိမ် ထပ်မံဆယ်ယူခဲ့ပြီး ပင်လယ်ပြင်ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်မည်

ရန်ကုန် နိုဝင်ဘာ ၉


ပင်လယ်ပြင်တွင် မျောပါလျက်ရှိနေသာ ကျားဖောင်သမား ရေလုပ်သားများကို တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်များသည် နိုဝင်ဘာ ၇ ရက်မှ စတင်၍ လိုက်လံရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ၁၇၄ ဦး ဒုတိယအကြိမ်အဖြစ် ထပ်မံရှာဖွေကယ်ဆယ်ခဲ့ကြောင်း တပ်မတော်(ရေ)မှ သိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက် ညနေပိုင်းက မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး ယင်းမုန်တိုင်းငယ်ကြောင့် ပင်လယ်ပြင်တွင် ငါးဖမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိ သည့် ကျားဖောင်များနှင့်အတူ ရေလုပ်သားအမြောက်အမြား ပင်လယ်ပြင်တွင် မျောပါခဲ့ကြသည်။ အဆိုပါ ရေလုပ်သားများကို နိုဝင်ဘာ ၇ ရက် မှ စတင်၍ တပ်မတော်စစ် ရေယာဉ်များဖြင့် ရှာဖွေခဲ့ရာ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက ရေလုပ်သား ၂၅၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။


'' တပ်မတော် စစ်ရေယာဉ် ၅၆၃၊ တွဲဆွဲရေယာဉ် နဝရတ်၊ ထောက်ပံ့ရေယာဉ် ၆၂၃၊ ၆၂ဝ၊ ၉ဝ၆ ငါးစင်း နဲ့ ပင်လယ်ပြင်မျောပါ ရေလုပ်သားတွေကို ဆက်လက်ရှာဖွေနေပါတယ်။ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းအထိ ရေလုပ်သား ၁၇၄ ဦး ထပ်မံတွေ့ ရှိပါတယ်။ တစ်ဦး လမ်းလျှောက် နိုင်စွမ်းအားနည်းနေလို့ အမှတ်(၂) စစ်ဆေးရုံကို ပို့ထားတယ်။ အခု ဒီနေ့ မွန်းလွဲပိုင်းမှာ နောက်ထပ် ရေလုပ်သားကိုးဦး ထပ်မံတွေ့ရှိ ထားပါတယ်။ ဘယ်လောက်အတိုင်း အတာအထိ ရှာဖွေမလဲဆိုရင် ရေလုပ်သား ကယ်တင်မှု လုံးဝကင်းရှင်းသွားပြီလို့ သတင်းရရင်ပဲဖြစ်ဖြစ် တွေ့ရှိ ကယ်တင်ထားတဲ့ ရေလုပ်သားတွေ ဆီကရတဲ့ သတင်းအချက်အလက်တွေ ကိုပဲဖြစ်ဖြစ် ချင့်ချိန်ပြီး ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက် မှာပါ'' ဟု ပင်လယ်ပြင်မျောပါ ရေ လုပ်သားများကို ရှာဖွေရာတွင် ဦးဆောင်ပါဝင်သူ ရေတပ်မတော်မှ ဗိုလ်မှူးဘုန်းမြင့်ဦးက ပြောသည်။


ပင်လယ်ပြင်မျောပါ ရေလုပ်သား ၁၇၄ ဦးကို တပ်မတော်(ရေ) မှ ထပ်မံ ကယ်ဆယ်ခဲ့ပြီး နိုဝင်ဘာ ၉ ရက် နံနက် ၆ နာရီက သာကေတမြို့နယ် ရေတပ်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ တပ်မတော်စစ်ရေယာဉ်ဖြင့် ထပ်မံကယ်ယူခဲ့သော ရေလုပ်သား ၁၇၄ ဦးအပြင် တရုတ်သင်္ဘောတစ်စင်းဖြင့် ပင်လယ်ပြင်မျောပါ မြန်မာရေလုပ် သားတစ်ဦးကို ကယ်ဆယ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ဦးကြည်သာ (ညွှန်ကြားရေးမှူး)ထံမှ သိရှိရသည်။


''တရုတ်သင်္ဘော တစ်စင်းနဲ့ ပင်လယ်ပြင်မျောပါ ရေလုပ်သားတစ်ဦးကို ကယ်လာတယ်ဆိုလို့ ဆိပ်ကမ်း အာဏာပိုင်ရုံးကနေ ကျွန်တော်တို့ သွားရောက်လက်ခံခဲ့ပါတယ်။ ဒီနေ့ ကယ်ဆယ်လာတဲ့ ရေလုပ်သားတွေမှာ ဖျာပုံက ၁၂၇ ဦး၊ ပုသိမ်က ၃ဝ၊ ရန်ကုန်က ၁၆ ဦးနဲ့ မန္တလေးက တစ်ဦးပါပါတယ်။ မန္တလေးကတစ်ဦး ကို အောင်မင်္ဂလာအဝးပြေးကနေ ရွှေစင်စင်္ကြာနဲ့ ပို့ပေးခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးကိုတော့ ကားလေးစီးနဲ့ ပို့ပေးခဲ့တယ်'' ဟု ယင်းက ဆက်လက်ပြောကြားသည်။


ပင်လယ်ပြင်မျောပါ ရေလုပ်သားများသည် အသက် ၁၈ နှစ်အရွယ်၊ ၆၇ နှစ်အရွယ်အထိ အမျိုးသားများ ဖြစ်ကြပြီး ဗိုလ်မှူးဘုန်းမြင့်ဦး (တပ်မတော်ရေ) က ''ပင်လယ်ထဲမှာရှိနေတဲ့ လူတစ်ဦးက ၄၈ နာရီထက်ပိုပြီး ဆက်လက်ရပ်တည် ရှင်သန်ဖို့ဆိုတာ စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ သူတို့ရဲ့ အတွေ့အကြုံပါ၊ ကြံခိုင်မှုရှိဖို့လိုပါတယ်။ ကရင်အမျိုးသားတစ်ဦးဆို ဖောင်ပေါ်မှာမဟုတ်ဘဲ သုံးရက်လုံး ရေထဲမှာ ဝါးပိုးဝါးဖက်တွယ်ပြီးနေရတာကို ကယ်ခဲ့ရတယ်။ သင်္ဘောပေါ် ရောက်တော့ အစာတောင်မစားနိုင်ဘူး၊ ရေလုပ်သားတွေ ညဆိုရင်လည်း သူတို့ကို မတွေ့သွားမှာစိုးလို့ မီးရှို့ အချက်ပြတာတွေ၊ ဆိုလာမီးလေးတွေ နဲ့ တတ်သလောက်အချက်ပြတာတွေ၊ ဘေးအန္တရာယ်ကျရောက်ရင် သုံးတဲ့ အချက်ပြနည်းတွေနဲ့ အားကိုးတကြီး အချက်ပြကြပါတယ်။ ကျွန်တော်တို့ ရောက်တာနဲ့ တကယ့်ကို သူတို့ အသက်မသေတော့ဘူးဆိုပြီး ပျော်ရွှင်ကြတယ်။ ကျွန်တော်တို့က တပ်မတော်သားဆိုတော့ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမည့် အပိုင်းလဲရှိပါတယ်။ အခုလို ရေလုပ်သားတွေကို အသက်အန္တရာယ်က ကာကွယ်နိုင်တဲ့အတွက် ပီတိလဲဖြစ်မိပါတယ်။ ဂုဏ်ယူလို့မဆုံးဖြစ်ရပါ တယ်'' ဟုဆိုသည်။


တပ်မတော် စစ်ရေယာဉ် ၅၆၃၊ တွဲဆွဲရေယာဉ် နဝရက်၊ ထောက်ပံ့ရေယာဉ်၊ ၆၂၃၊ ၆၂ဝ၊ ၉ဝ၆ ရေယာဉ် ငါးစီးတို့သည် ဒဂုံမီးပြအထက် အောက်တစ်လျှောက်နှင့် ကမ်းသာယာတစ်လျှောက် အပိုင်းလိုက်ရှာဖွေ မှုကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ပြီး ရှာဖွေရာတွင် ပင်လယ်ပြင်တွင် တွေ့ရှိရသည့် ရေလုပ်သားများနှင့် ပင်လယ်ပြင်တွင် မျောပါပျက်စီးနေသည့် ဖောင်များပေါ်တွင်သာ ရှာဖွေမည်ဖြစ်ကာ ကမ်းနှင့် ရွာများသို့ ကပ်ရောက်သွားသည့် ဖောင်များအား ရှာဖွေမှုပြုလုပ်သွားမည်မဟုတ်ကြောင်း သိရသည်။


သတင်း-ရဲခေါင်ညွန့်

ဓာတ်ပုံ- myanmar NAVY၊ ဖိုးထောင်


Myanmaalinn

http://ift.tt/1nAnMka









from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1w6NDz0

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...