Skip to main content



စည်သူမောင်မောင်


ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တရားရုံး တရားခွင်တွင် တရားသူကြီးမပါဝင်ဘဲ ရှေ့ဖတ်စာရေးနှင့် တရားလို၊ တရားခံနှစ်ဖက်ရှေ့နေများကို မေးခွန်းမေးမြန်း စစ်ဆေးခြင်းများရှိနေရာ အမှုမှန် စီရင်ဆုံးဖြတ် ပေးနိုင်ရေး အဟန့်အတားများရှိနေသည်ဟု တရားရင်ဆိုင်နေရသူတချို့နှင့် ရှေ့နေတချို့က ဝေဖန်ပြော ဆိုသည်။


အဆိုပါတရားရုံးတွင် တရားသူကြီးနှစ်ဦးသာရှိပြီး တရားခွင်သုံးခုဖြင့် အမှုစစ်ဆေးခြင်းများပြုလုပ်နေသည့် အတွက် အချို့သောတရားခွင်များတွင် တရားသူကြီးမတက်ရောက်နိုင်ဘဲ ရှေ့ဖတ်စာရေးသာ ရှိနေခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။


“ကျွန်တော်တို့အမှု တရားခွင်မှာ တရားသူကြီး ထိုင်တာ တစ်ခါပဲရှိတယ်။ ကျန်တာတွေတော့ ရှေဖတ်စာ ရေးနဲ့ နှစ်ဖက်ရှေ့နေတွေနဲ့ စစ်ဆေးတာတွေပဲ ရှိတယ်။ အခုလိုစစ်ဆေးတော့ အမှုမှန်ဖြစ်ပေါ်ဖို့ အတား အဆီးတွေဖြစ်တယ်။ ရှေ့ဖတ်စာရေးတွေ ကျွန်တော်တို့ တရားရုံးမှတော့ ချုပ်ကိုင်နေတယ်”ဟု အဆိုပါ တရားရုံးတွင် တရားမမှုနှင့် ရင်ဆိုင်နေရသူ ရေကြည်မြို့၊ ဗထူးရပ်ကွက်နေ ဦးတင်မောင်ဝင်းက ပြောသည်။


ရေကြည်မြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီးတစ်ဦးနှင့် ဒုတိယမြို့နယ်တရားသူကြီးတစ်ဦးက လက်ရှိတွင် တရားစွဲဆိုထားသည် အမှုပေါင်း ၁၄၆ မှုကို ကြားနားစစ်ဆေးမှုပြုလုပ်နေပြီး တရားခွင်သုံးခု တွင် ကလေးသူငယ်တရားခွင်တစ်ခုပါ ရှိသည်။


အဆိုပါတရားရုံးတွင် တရားခွင်များ၏ အမှုစစ်ဆေးခြင်းများနှင့်ပတ်သက်ပြီး ရေကြည်မြို့နယ်တရားသူ ကြီး ဒေါ်ထူးထူးက “တရားရုံးမှတော့ ကျွန်မတို့ တရားသူကြီးတွေမရှိဘဲ အမှုစစ်တာမျိုး မရှိဘူး။ တရားရုံး မှာ အမှုကို သက်သေတွေရှေ့နေတွေဆုံရင်တော့ အမှုတွေကို စစ်ဆေးနေတယ်။ အမှုတွေမြန်မြန်ပြီး အောင်တော့ ရုံးချိန်စိပ်စိပ်ချိန်ပြီး စစ်ဆေးတယ်။ ရှေ့ဖတ်စာရေးပဲထားပြီးတော့ တရားခွင်လုပ်တယ်ဆို တာ မဟုတ်ဘူး။ အမှုများ အချိန်မီပြီးစီးအောင်တော့ စစ်ဆေးပေးနေတယ်”ဟု တုံ့ပြန်ပြောဆိုသည်။


ထို့အပြင် သက်ဆိုင်ရာတရားသူကြီးများကလည်း အမှုများကို သတ်မှတ်ရက်တွင် ပြီစီးအောင် စစ်ဆေး ပေးနေသည်မှန်သော်လည်း တချို့ရက်များတွင် တရားသူကြီးမထိုင်သည့် တရားခွင်များလည်း ရှိနေ ကြောင်း ရှေ့နေဦးဟန်သိန်းက သုံးသပ်ပြောဆိုသည်။


“တရားသူကြီးမထိုင်ဘဲ လုပ်တာမျိုးတွေတော့ ရှိတယ်။ ကျွန်တော်တို့ရှေ့နေတွေက ကန့်ကွက်တာမျိုး တော့လည်း မရှိဘူး။၂၀၁၃ ဒီဇင်ဘာလမှတော့ ရှိခဲ့တယ် ။ အမှုများတဲ့ရက်တွေဆိုရင်တော့ တရားခွင် (၃)ခု လုပ်တယ်၊ တရားရုံးမှာတော့ ရှေ့ဖတ်စာရေးတွေ လာဘ်ပေးလာဘ်ယူလုပ်တာတွေ အများဆုံးပဲ။ သူတို့ ဘယ်မှလည်း မပြောင်းရဘူး ကြာနေပြီ”ဟု ဆိုသည်။


ဧရာဝတီတိုင်းအတွင်းရှိ တရားစီရင်ရေးများနှင့်ပတ်သက်ပြီး ၀န်ကြီးချုပ်ဦးသိန်းအောင်က “အာဂတိလိုက် စားမှုတွေရှိနေတာ မှန်ပါတယ်။ တရားရေးနဲ့ပတ်သက်ပြီး အားနည်းချက်တွေရှိတယ်။ ပြင်ပရှေ့နေတွေ၊ မီဒီယာတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ စောင့်ကြည့်ပါ”ဟု ပြီးခဲ့သည့် အောက်တိုဘာလ ၂၇၊ ၂၈ ရက်များတွင်ကျင်းပသည့် တာဝန်ခံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် သတိပေးပြောကြားသည်။






from Mizzima - News in Burmese's Facebook Wall http://ift.tt/1hErYs5

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...