ရေခဲ(ပြည်)
မတ်လ ၁၇ ရက်မှစတင်ကာ အလုပ်သမားများက သပိတ်စခန်းဖွင့်ဆန္ဒပြမှုများ ပေါ်ပေါက်နေပြီး စက်ရုံလိုင် စင်မရှိ၍ ယာယီပိတ်သိမ်းထားသည့် ပြည်မြို့ စက်မှုဇုန်ရှိ သီတာမြန်မာအထည်စက်ရုံတွင် အလုပ်သမား များ၏ နစ်နာကြေးတောင်းဆိုမှု အပြည့်အ၀မရရှိသေးကြောင်း အလုပ်သမားခေါင်းဆောင် မဆွေရည်မွန် က မတ်လ ၁၉ ရက်တွင် ပြောသည်။
“စက်ရုံတွေပိတ်လိုက်ရရင် သုံးလစာ နစ်နာကြေးရတာရှိတယ်။ တရားမ၀င်တဲ့အတွက် အပိတ်ခံလိုက်ရရင် ခြောက်လစာ ရတာရှိတယ်။ သူတို့လိုမျိုး လိုချင်ပါတယ်။ အလုပ်ရှင်ဘက်က နှစ်လစာပဲပေးမယ်ပြောတယ်” ဟု ပြောသည်။
ထို့အပြင် လုပ်ငန်းခွင်အတွင်း နစ်နာဆုံးရှုံးခဲ့ရသော အချိန်ပိုကြေးများ ရှင်းပေးရန် အလုပ်သမားများ၏ တောင်းဆိုချက်ကိုလည်း အလုပ်ရှင်က မလိုက်လျောခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
နစ်နာကြေး သုံးလစာပေးရန် အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းပေးခဲ့ရာ အလုပ်သမားများက လက်ခံ သော်လည်း အလုပ်ရှင်ဘက်က ပြန်လည်စဉ်းစားနေကြောင်း အလုပ်သမားဖျန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌ ပြည်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ပြောသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/Oz8oFl
Comments
Post a Comment