Skip to main content

ICT ကဏ္ဍ ဖွံ့ဖြိုးရေး ဥပဒေကြမ်း မေလတွင် အစိုးရထံတင်မည် ရန်ကုန်၊ မတ် ၁၉ မြန်မာနို...



ICT ကဏ္ဍ ဖွံ့ဖြိုးရေး ဥပဒေကြမ်း မေလတွင် အစိုးရထံတင်မည်



ရန်ကုန်၊ မတ် ၁၉



မြန်မာနိုင်ငံ ကွန်ပျူတာ ဖွံ့ဖြိုးရေး ဥပဒေကို ပြင်ဆင် ရေးဆွဲနေသည့် ICT ကဏ္ဍ ဖွံ့ဖြိုးရေး ဥပဒေကြမ်းကို လာမည့် မေလတွင် အစိုးရထံ တင်သွင်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက The Voice သို့ ပြောကြားသည်။



“စပြီး ပြင်ဆင် ရေးဆွဲနေပြီ။ လာမယ့် မေလလောက် မူကြမ်းပြီးမယ်။ အစိုးရဆီ ဆက်တင်မယ်။ ကျန်တာကတော့ အစိုးရအပိုင်းပေါ့” ဟု ၎င်းကဆိုသည်။



၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ကွန်ပျူတာ ဖွံ့ဖြိုးရေး ဥပဒေသည် ခေတ်နှင့် လျော်ညီခြင်း မရှိသောကြောင့် ICT ကဏ္ဍ တိုးတက်ရန် လိုအပ်နေသည့် ဥပဒေကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ဦးဆောင် ရေးဆွဲခြင်း ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။



“ဥပဒေဆိုတာက အားလုံးရဲ့ အချုပ်ပဲ။ ဒီကနေ့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာတာတွေ အားလုံးက ဆက်သွယ်ရေး ဥပဒေကြောင့်။ ဒီဥပဒေသာ မရှိရင် ဘာမှ လုပ်လို့ မရဘူး။ အရင် ဥပဒေကို ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်မယ့် ဥပဒေတစ်ခုအဖြစ် ကျွန်တော်တို့ ပြန်လည် ပြင်ဆင်နေတာပါ” ဟု ဦးဇော်မင်းဦးက ဆိုသည်။



လက်ရှိ အချိန်တွင် ICT ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဦးဆောင်ခေါင်းခံ ဆောင်ရွက်ပေးမည့် အဖွဲ့အစည်း မရှိသေးသောကြောင့် ဥပဒေ ပြဋ္ဌာန်းပြီး ဥပဒေအရ သတ်မှတ်ထားသည့် အဖွဲ့အစည်း ဦးဆောင်မှုဖြင့် တိုင်းပြည်၏ ICT ကဏ္ဍ ဖွံ့ဖြိုးရေးကို ဆောင်ရွက် သွားသင့်ကြောင်း IT ပညာရှင်များက အကြံပေးကြသည်။



“ICT ကဏ္ဍ ဖွံ့ဖြိုးဖို့က နည်းပညာတင် မဟုတ်ဘူး။ လူ၊ ငွေကြေး အင်အားနဲ့ ကာလရှည် ရင်းနှီးမြှုပ်နှံမှုတွေလည်း လိုတယ်။ အဲဒါတွေကို ထောက်ပံ့ ပေးနိုင်ဖို့ စနစ်ကျတဲ့ ဥပဒေ တစ်ရပ် ရှိသင့်တယ်။ ICT ဆိုတာလည်း မီးခိုး မထွက်တဲ့ စီးပွားရေး လုပ်ငန်းပါပဲ” ဟု ကွန်ပျူတာပညာရှင် ဦးအာကာက ဆိုသည်။



အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ICT ကဏ္ဍသည် တိုင်းပြည် GDP ၏ တစ်ဆယ်ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ပြည်တွင်း ICT ကဏ္ဍမှာ တိုင်းပြည် GDP အပေါ် လုံးဝ သက်ရောက်မှု မရှိသေးပေ။



ရေရှည်တွင် ICT ကဏ္ဍ ပိုမို တိုးတက်စေရန် အစိုးရကိုယ်တိုင် ဥပဒေများ ပြဋ္ဌာန်းပေးခြင်း၊ ဈေးကွက်များ ဖော်ထုတ်ပေးခြင်း၊ ICT Zone များ တည်ထောင်ပေးခြင်း စသည့် အခွင့်အလမ်းများ ဖော်ထုတ်ကာ တက်ကြွစွာ ဆောင်ရွက်သင့်ကြောင်း ပြည်တွင်း ကွန်ပျူတာ နယ်ပယ်မှ ပညာရှင်များနှင့် လုပ်ငန်းရှင်များက တိုက်တွန်းထားသည်။





from The Voice Weekly's Facebook Wall http://ift.tt/1iit5zn

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...