Skip to main content



ဝိုင်းအောင်


မန်းရွှေစက်တော်ဘုရား ဂေါပကပိုင် နမ္မဒါအထူးဧည့်ဆောင်ရှိ အခန်းပေါင်း ၃၀ ခန့် မီးလောင်ကျွမ်းမှု မတ်လ ၁၉ရက် နံနက်၂ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိ တစ်ဦးက မဇ်္ဈိမကို အတည်ပြုပြောကြားသည်။


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားတွင် မတ် ၁၉ ရက်၊ နံနက် ၂ နာ ရီ အချိန်ခန့်က မန်းရွှေစက်တော် ဘုရားပွဲတော်အထက်သောင် ဘုရားဂေါပကပိုင် နမ္မဒါဧည့်ဆောင်ရှိ အ လျားဆယ်ပေ၊ အနံတစ်ဆယ့်ငါးပေးအကျယ်၊ သက်ငယ်မိုး၊ ပြင်ခင်းအဆောင်အခန်းအမှတ် (၅/၆)အား ငှားရမ်းနေထိုင်သူ ဦးဇော်မြင့်သိန်း(၄၅)နှစ်သည် ခြင်ဆေးခွေထွန်း၍ အိပ်စက်ရာမှ ကာရံထားသော်ထရံ ကို စတင်၍ မီးစွဲလောင်ခြင်းဖြစ်သည်ဟု တိုင်းမီးသတ်က ထုတ်ပြန်သည်။


၎င်းမှတစ်ဆင့် အဆောင်အခန်းပေါင်း ၃၀ ခန့် မီးကူးစက်သွားကြောင်း၊ ၎င်းမီးလာင်ရာသို့ မကွေးတိုင်း မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးဆောင်၍ သန္ဓေမီးသတ်(၂၇)ဦး၊ အရန်မီးသတ် (၉၆)ဦး၊ မီးသတ်အုပ် ချုပ်ရေးယာဉ်တစ်စီး၊ မကွေးမြို့ မီးသတ်ယာဉ်တစ်စီး၊ မင်းဘူးမြို့မှ မီးသတ်ယာဉ်နှစ်စီး၊ ငဖဲမြို့မှ မီးသတ် ယာဉ်တစ်စီး၊ ရွှေစက်တော် မီးသတ်ယာဉ်တစ်စီးတို့ဖြင့် ၀ိုင်းဝန်း၍ မီးငြှိမ်းသတ်ရာ နံနက်(၃)နာရီတွင် မီး လုံးဝငြိမ်းသွားကြောင်း၊ မီးလောင်သွားသာအကျယ်အ၀န်း အရွယ်စုံအခန်းပေါင်း(၃၀)ခန့်ရှိပြီး၊ ဆုံးရှုံးတန် ဖိုးငွေမှာ သိန်း(၃၀)ကျော်ခန့်သတ်မှတ်ကြောင်း၊ လူအသေအပျောက်မရှိ၊ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိ ကြောင်း မီးသတ်ဦးစီးရုံး ကနဦးသတင်းများတွင် ဖော်ပြသည်။


မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလလယ်မှစကာ ဧပြီလလယ် သင်္ကြန်အပြီးနှစ်ဆန်း တစ်ရက်နေ့အထိ ၇၃ ရက်အထိ ရက်ရှည်ကျင်းပပြီး ယခုမီးလောင်သည့်အချိန်တွင်လည်း ဘုရားပွဲတော် ကာလ ဘုရားဖူးဧည့်များ များစွာလာရောက်ဖူးမြော်ကြသည့် အချိန်လည်းဖြစ်သည်။


အဆိုပါမီးလောင်မှုကြောင့် ဘုရားဖူးခရီးစဉ်အတွင်း အခန်းငှားနေထိုင်ခဲ့သူ ပျဉ်းမနားမြို့၊ ပေါင်းလောင်းအ မှတ်(၂)ရပ်ကွက်နေ ဦးဇော်မြင့်သိန်းကို စကုနယ်မြေရဲစခန်းက(ပ) ၂၅/၂၀၁၄ ပြစ်မှုပုဒ်မ၂၈၅ဖြင့် အမှု ဖွင့်အရေးယူထားသည်ဟု မီးသတ်တပ်ကြပ်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။






from Mizzima - News in Burmese's Facebook Wall http://ift.tt/Oz8pcg

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3