အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
ကို ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လက်ခံဆွေးနွေးရန် အဆိုတင်သွင်းမည်
ရန်ကုန်၊ မတ် ၂၀
ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လစ်လပ်
မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပခြင်း၊
နိုင်ငံ့ဝန်ထမ်းများ၏ ဆေးကုသမှုကုန်ကျစရိတ်ကို နိုင်ငံတော်ကကျခံခြင်း၊
မြန်မာနိုင်ငံ၏ ချေးငွေများပေးဆပ်ရန် မည်မျှကျန်ရှိခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွတ်ခြင်းမရှိမှုများကို အရေးယူခြင်း၊
မြေယာဝေခြမ်းရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို အမြန်ဆုံးပြဋ္ဌာန်းခြင်း၊
ပိန်းဥနှင့် ကန်စွန်းဥကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခြင်းဆိုင်ရာ
ကိစ္စရပ်များနှင့် စပ်လျဉ်းသောမေးခွန်းများကို ကိုယ်စားလှယ် (၆)ဦးတို့ကမေးမြန်းကြမည်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းကြမည်ဖြစ်ကြောင်းသိရသည်။
from Popular Myanmar News Journal's Facebook Wall http://ift.tt/1j6be29
Comments
Post a Comment