Skip to main content

ရန်ကုန်၊ မန္တလေး၊ ပဲခူး ဝန်ကြီးချုပ်များ စင်ကာပူ ဝန်ကြီးများနှင့် ရင်းနှီးမြှုပ်န...



ရန်ကုန်၊ မန္တလေး၊ ပဲခူး ဝန်ကြီးချုပ်များ စင်ကာပူ ဝန်ကြီးများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေး



ရန်ကုန်၊ မတ် ၁၉



ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို့သည် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Law K Shanmugam ၏ ဖိတ်ကြားချက်ဖြင့် စင်ကာပူနိုင်ငံ၌ ယင်းနိုင်ငံမှ ဝန်ကြီးများ၊ အာဏာပိုင် အဖွဲ့အစည်းများနှင့် စီးပွားရေး ကိစ္စရပ်များ ဆွေးနွေးနေကြောင်း စင်ကာပူ သံရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။



“လေ့လာရေး ခရီးစဉ်ပါ။ စီးပွားရေး ကိစ္စရပ်တွေ အဓိကထားပြီး သွားကြတာပါ။ စင်ကာပူ အနေနဲ့က မြန်မာနိုင်ငံရဲ့ စီးပွာရေး ကိစ္စရပ်တွေမှာ ပါဝင်မှု များပါတယ်။ ဟံသာဝတီလေဆိပ် ကိစ္စကိုလည်း သူတို့ ပြောကြမှာ။ ဆက်သွယ်ရေး တင်ဒါတို့၊ ဟံသာဝတီ လေဆိပ်တို့လို ဟာတွေမှာ စင်ကာပူ ကုမ္ပဏီတွေ ဝင်ပြိုင်ကြပေမယ့် အဆင်မပြေခဲ့ကြဘူး။ ဒီတော့ စင်ကာပူ ကုမ္ပဏီတွေအတွက် မြန်မာပြည်မှာ စီးပွားရေး အခွင့်အလမ်းတွေ ပိုရအောင် ဆွေးနွေးကြလိမ့်မယ်။ အခုဆို အိမ်၊ ခြံ၊ မြေနဲ့ အိမ်ရာ လုပ်ငန်းတွေမှာ စင်ကာပူက ဝင်လာတာတွေ အများကြီးပဲလေ” ဟု ၎င်းကဆိုသည်။



၎င်းတို့ တွေ့ဆုံရာတွင် စီးပွားရေး ဖွံ့ဖြိုးရေး၊ မြို့ပြစီမံကိန်းနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှု မူဝါဒများ၊ လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေး နည်းလမ်းများ ဖော်ဆောင်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။



တိုင်းဒေသကြီး ဝန်ကြီးချုပ်များသည် စင်ကာပူနိုင်ငံ၏ ဂုဏ်ထူးဆောင် ဝန်ကြီးချုပ်ဟောင်း GohChok Tong၊ အမျိုးသား ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Khaw Boon Wan၊ ပညာရေးနှင့် ဥပဒေရေးရာ ဝန်ကြီး Indranee Rajah၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး TeoSer Luck တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့၊ အိမ်ရာဖွံဖြိုးရေး ဘုတ်အဖွဲ့၊ မြို့ပြ ပြန်လည် ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့၊ ပြည်သူ့ရေးရာ ဘုတ်အဖွဲ့နှင့် International Enterprise Singapore တို့နှင့်လည်း တွေ့ဆုံကာ စီးပွားရေး အခွင့်အလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းစင်ကာပူ သံရုံးထံမှ သိရှိရသည်။



“ဆက်သွယ်ရေး အော်ပရေတာ ရွေးတုန်းက SingTel ဝင်ပြိုင်ပေမယ့် နောက်ဆုံး အဆင့်မှာ ပြုတ်သွားတယ်။ ဟံသာဝတီလေဆိပ် ကိစ္စမှာလည်း စင်ကာပူ ကုမ္ပဏီတွေက အရန်အနေနဲ့ပဲ အရွေးခံခဲ့ရတယ်လေ။ အဲဒါကြောင့် နောက်ဝင်လာမယ့် လူတွေ ဘာတွေ ကြိုပြင်လာရမလဲ ဆိုတာ သိချင်လို့ ဖိတ်ပြီး ဆွေးနွေးတာ ဖြစ်လိမ့်မယ်။ စင်ကာပူ လုပ်ငန်းရှင်တွေနဲ့ ဒီက အစိုးရ ဝန်ကြီးတွေကို ပေးတွေ့ပြီး ရင်းနှီးအောင် လုပ်ထားစေချင်တာလည်း ဖြစ်နိုင်တယ်” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။



၂၀၁၃ ခုနှစ်အတွင်း စင်ကာပူ-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ရှိပြီး မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော် ရှိသည်။

from The Voice Weekly's Facebook Wall http://ift.tt/1iit2Up

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...