Skip to main content



ဇာနည်အောင်


မတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင် တာတွင် ကျင်းပမည့် အာဆီယံပြည်သူ့ဖိုရမ်၌ ခေါင်းစဉ်ကြီးငါးရပ်ဖြင့် ဆွေးနွေးသွားမည်ဟု ဖိုရမ်ဖြစ် မြောက်ရေးဥက္ကဋ္ဌ ဒေါ်မေမေပြုံးက မတ်လ ၁၉ ရက် YMCA တွင်ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။


“နိုင်ငံအချင်းချင်း ပွင့်လင်းမြင်သာမှုကို အဓိကထား ဆွေးနွေးမည့်အပြင် ရလဒ်များအား အာဆီယံအစိုးရ များထံ တင်ပြမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။


ဖိုရမ်တွင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁,၀၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး လူအခွင့်အရေးနှင့် တရားမျှတရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတတ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အာဆီယံဒေသအတွင်း ရှေ့လျှောက် လက်တွဲပူးပေါင်းမှုများ စသည့်အချက်များကို သက် ဆိုင်ရာအဖွဲ့အစည်းများမှ ဆွေးနွေးမည့်အပြင် နိုင်ငံအလိုက် ယဉ်ကျေးမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ဓာတ်ပုံပြပွဲများ၊ မြန်မာနိုင်ငံရွှေ့ပြောင်းကလေးများကိုယ်တိုင် ရေးသားပုံဖော်ထားသည့် ဇာတ်လမ်းတိုများ အား ထည့်သွင်းပြုလုပ်မည်ဟု ပြောသည်။


ဖိုရမ်ဖြစ်မြောက်ရေးကော်မတီဝင် ဦးအောင်မျိုးမင်းက “ပြည်သူများကြား ဖြစ်ပျက်နေတဲ့ပြဿနာတွေကိုအခြေ ခံကာ ဆွေးနွေးခြင်းဖြစ်တယ်။ ရလဒ်အပေါ်လက်ခံမှုရှိမရှိ အစိုးရတွေအပေါ်မှာ မူတည်ပါတယ်”ဟု ပြော သည်။


ပြည်သူ့ဖိုရမ်ကို အာဆီယံနိုင်ငံများတွင် ၁၉၉၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခြင်းဖြစ်သည်။






from Mizzima - News in Burmese's Facebook Wall http://ift.tt/1hErXUU

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...