Skip to main content



ဇာနည်အောင်


စွမ်းအင်ကဏ္ဍတွင် အစိုးရမှ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူရန် လိုအပ်နေသည့်အပေါ် အာဆီယံလူထု ဖိုရမ် ၂၀၁၄ ၏ တွဲဖက်ဆွေးနွေးပွဲအဖြစ် စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များနှင့် ကြီးမားသောစီမံကိန်း များခေါင်းစဉ်ဖြင့် မတ်လ ၂၀ ရက်တွင် ပြုလုပ်သွားမည်ဟု မတ်လ ၁၉ ရက်က အာဆီယံပြည်သူ့ဖိုရမ် ကျင်းပရေး ပြင်ဆင်မှုများ၏ နောက်ဆုံးအခြေအနေများနှင့်ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် FREDA ဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ “အာဆီယံနိုင်ငံများအတွင်း အရင်းအမြစ်များနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာများအပေါ် ရေအားလျှပ်စစ်စီမံကိန်းများ၏ အကျိုးသက်ရောက်မှုများဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲ အဖြစ် အမှတ် ၄၉၇၊ အခန်း ၂၀၈ ဒုတိယထပ်၊ တာဝါအီဒိုင်းမွန်းကွန်ဒို၊ ပြည်လမ်း ကမာရွတ်မြို့နယ်တွင် ပြုလုပ်မည်ဖြစ်သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ မှ အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်မှ အကြံပြုချက်ဖြင့် ဖိုရမ်တွဲဖက်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း ဖြစ်သည်။


“စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ အစိုးရအနေဖြင့် ပွင်းလင်းမြင်သာမှုရှိရှိ တာဝန်ယူရန် လိုအပ်နေသေးတာနဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးမည်”ဟု ဦးအုန်းက ပြောသည်။


၂၀၁၅ ခုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စွမ်းအင်လိုအပ်ချက်နှုန်း မြင့်မားလာပြီး အခြေခံစွမ်းအင် လိုအပ်ချက်များလည်း ဖြေရှင်းနိုင်မည့်အပြင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် တခြားသောကဏ္ဍများ နှင့် နှိုင်းယှဉ်လျှင် အာဆီယံနိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံမှု ပိုတိုးတက်လာမည်ဟု ၎င်းက ပြောသည်။


ထိုအလုပ်ရုံဆွေးနွေးပွဲတွင် မဲခေါင်နှင့် သံလွင်မြစ်တစ်လျှောက် လုပ်ကိုင်မည့် အရွယ်အစားကြီးများသော စွမ်းအင်စီမံကိန်းများနှင့်ပတ်သက်သည့်ကိစ္စများ ဖော်ထုတ်တင်ပြရန်၊ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆိုင် သောကိစ္စရပ်များနှင့် အာဆီယံနိုင်ငံအစိုးရများအနေဖြင့် တခြားရွေးချယ်နိုင်သောနည်းလမ်းများကို ဖော် ထုတ်တင်ပြရန်၊ အာဆီယံနိုင်ငံများမှ အရပ်ဘက်လူမှုအဖွဲ့အစည်းအနေဖြင့် အာဆီယံဒေသတွင်း စွမ်း အင်လိုအပ်ချက်များကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကို ဖြေရှင်းရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင် လှုပ်ရှားနိုင်စေရန်အတွက် နေရာတစ်ခု ဖန်တီးပေးနိုင်သော နည်းလမ်းများနှင့် စွမ်းအင် ပြန်လည်ဖြည့် တင်းနိုင်သော နည်းပညာများ ဖော်ထုတ်ရန် လိုအပ်ကြောင်းကို ထောက်ပြဆွေးနွေးတင်ပြရန်၊ မြန်မာနိုင် ငံတွင်း လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော စွမ်းအင်ကဏ္ဍအတွက် အသုံးဝင်သော သတင်းအချက် အလက်များ၊ သင့်လျော်သော ဗဟုသုတများ၊ သင်ခန်းစာများနှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းစဉ်များကို ထောက်ပံ့တင်ပြပေးနိုင်ရန်၊ အာဆီယံနိုင်ငံများအကြားနှင့် နိုင်ငံတကာဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရာတွင် ဥပဒေနှင့်အညီ စံနှုန်းများသတ်မှတ်နိုင်ရန်နှင့် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကြောင့် ပတ် ၀န်းကျင်ဆိုင်ရာ အရင်းအမြစ်များ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒေသတွင်း အသက်မွေးဝမ်းကျောင်း များနှင့် လူ့အခွင့်အရေး စသည်တို့အပေါ် သက်ရောက်မှုများအကြောင်းကို မြန်မာနိုင်ငံတွင်းရှိ ဒေသတွင်း မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပိုမိုသိမြင်လာစေရန် စသည့် ဦးတည်ချက်များကို အဓိကထား ဆွေးနွေးမည် ဖြစ်သည်။


အလုပ်ရုံဆွေးနွေးပွဲမှ ဘုံသဘောတူသော အတွေးအမြင်များကို အာဆီယံ ပြည်သူ့ဖိုရမ်သို့ ပြန်လည်တင် ပြမည်ဖြစ်သည်။ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများမှ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာ ရှင်များ ပါဝင်ဆွေးနွေးမည်ဟု သိရသည်။





from Mizzima - News in Burmese's Facebook Wall http://ift.tt/Oz8ooK

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...