ABSDF ငွေရတုအခမ်းအနား ထားဝယ်တွင်လည်း ကျင်းပမည်
ထားဝယ်-မတ်၂၀
ABSDF (ကျောင်းသားတပ်မတော်)ဟုလူသိများသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)ကျောင်းသားတပ်မတော်ဖွဲ့စည်း
ထူထောင်ခြင်း၂၅နှစ်ပြည့်ငွေရတုအထိမ်းအမှတ်အခမ်းအနားကို
တနင်္သာရီတိုင်းဒေသ
ကြီး၊ထားဝယ်မြို့ရှိဇေယျဝတီပရိယတ္တိစာသင်တိုက် ဓမ္မဘေရီဗိမာန်တော်ကြီးတွင် ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားနှင့်အတူဒီမိုကရေစီသူရဲကောင်းဂုဏ်ပြုမှတ်တမ်း
လွှာပေးအပ်ခြင်းနှင့်ကျဆုံး၊
သေဆုံးသွာသောကျောင်းသား
တပ်မတော်ရဲဘော်များအားရည်စူး၍ရေစက်သွန်းချအမျှပေးဝေမည်ဖြစ်သည်။
၁၉၈၈ ခုနှစ်မြန်မာတစ်နိုင်ငံလုံးလူထုအုံကြွမှုအပြီး တပ်မတော်က အာဏာသိမ်းယူပြီးနောက်
ကျောင်းသားများပါဝင်သော ABSDF ကျောင်းသားတပ်မတော်ကိုထိုင်း - မြန်မာနယ်စပ်တွင်
စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်ဒေသနှင့်မြိတ်ဒေသတို့မှကျောင်းသား၊ကျောင်းသူအများအပြားလက်နက်ကိုင်တော်လှန်ရေးတွင်ပါဝင်ခဲ့ကြသည်။
ထားဝယ်ဒေသမင်းသမီးစခန်းတွင်ဖွင့်လှစ်ခဲ့သည့် ABSDF ကျောင်းသားတပ်ရင်းအမှတ် ၂၀၁ သည်အင်အားအများဆုံးတပ်စခန်းများထဲမှ
တစ်ခုဖြစ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ဒေသ တပ်ရင်း ၂၀၁ ၌ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကာလအတွင်းကျဆုံး ၊သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင်၂၆ဦးရှိကြောင်းနှင့် အထက်ပါအခမ်းအနားတွင်ပင်ကျဆုံး၊သေဆုံးရဲဘော်များနှင့်တပ်ဖွဲ့ဝင်ဟောင်းချို့တဲ့မိသားစုများအတွက်ထာဝရထောက်ပံ့နိုင်မည့်ငွေပဒေသာပင်ကိုပါစိုက်ထူနိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
from Popular Myanmar News Journal's Facebook Wall http://ift.tt/1j6bfDx
Comments
Post a Comment