Skip to main content

Anti Emetics အအန်ပျောက်ဆေးများ







မင်္ဂလာပါဆရာ။ သမီးအသက်က ၁၇ နှစ်ပါ။ သမီး ၁ ရက် ကို ၅ ခါ ၆ ခါ လောက် ပျို့ပြီး အော့အန်နေခဲ့တာ ၄ လ ကျော်ရှိနေပါပြီ။ အန်တယ်ဆိုပေမဲ့လည်း ဒီအတိုင်း အစာမပါဘဲ အရည်ပဲ အန်တာပါ။ တစ်ခါတစ်လေတော့ အရည်လည်း မအန်ဘဲ ပျို့တက်လာပြီး မျက်ရည်တွေပဲ ထွက်လာပါတယ်။ အရမ်းပင်ပန်းပါတယ်ဆရာ။ ပြီးတော့လည်း တစ်ခါတစ်ခါ ဗိုက်ထဲက ဘယ်လိုကြီးမှန်းလည်း မသိဘူး တင်းနေသလိုပဲဆရာ။ အဲ့ဒါ သမီး ဘာဆက်လုပ်သင့်သလဲဆိုတာကို သိပါရစေဆရာ။ ဆရာ့ကို ယုံကြည်လေးစားလျက်။

ပျို့ချင်-အန်ချင်ဖြစ်သည်မှာ လက္ခဏာတခုဖြစ်သည်။ ရောဂါမဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေပါသည်။ ကိုယ်ဝန်ရှိစဉ်၊ ခရီးသွားစဉ်၊ ဝမ်းလျောဝမ်းပျက်စဉ် အန်ခြင်းတို့အပြင် အစာဆိပ်သင့်ခြင်း၊ သည်းခြေအိပ်ရောဂါများ၊ အစား အလွန်အကြွံစားခြင်း၊ နှလုံးရောဂါ၊ ဦးခေါင်းအားထိခိုက်မိခြင်း၊ ဦးနှောက်ထဲအကျိတ်ဖြစ်ခြင်း၊ ကြောက်စိတ်ဝင်ခြင်း၊ အစာအိမ်လေနာ၊ မကြိုက်သည့် အနံ့ဆိုးရှူမိခြင်း၊ မေ့ဆေးပေးရခြင်း၊ ကင်ဆာဆေးပေးရခြင်းတို့ကြောင့် ပျို့ချင်-အန်ချင် ဖြစ်ရသည်။ အအန်ပျောက်ဆေးများအား antihistamine နှင့် anticholinergic နှစ်မျိုး ရောစပ်ထားသည်။


Anti-Emetics အအန်ပျောက်ဆေးများ

• Antihistamines (Cyclizine, Cinnarizine, Meclozine Hydrochloride, Promethazine) အင်တီဟစ်တမင်း ခေါ်အာလာဂျီဖြစ်ခြင်းအတွက် အသုံးများသည့်ဆေးများကို သုံးသည်။

• Metoclopramide အစာအိမ်ထဲကအစာကို မြန်မြန်အောက်သို့ ပို့ပေးသည့်အတွက် အစာတင်းနေ၍ အန်ချင်သည်ကို သက်သာစေသည်။ စားဆေး၊ ထိုးဆေး၊ စအိုက ပေးနိုင်သည်။

• Domperidone အစာစားပြီး အန်ချင်သည့်ရောဂါအတွက် ပေးသည်။ အချို့က မိခင်နို့ထွက်များစေရန် သုံးသော်လည်း မသုံးရန်အကြံပြုထားသည်။

• Meclizine = Antivert (12.5 mg – 25 mg – 50 mg), Bonine, D-Vert, Dramamine II, Medivert, Driminate II, Meclicot, Ru-Vert-M, Meni-D, Bonine, Bonamine, Antivert, Postafen, Dramamine အမည်အမျိုးမျိုးရှိနေသည်။ Dramamine, Gravol, Gravamin, and Vertirosan တို့အစား meclizine ကိုပေးနိုင်သည်။ မကောင်းကျိုးနဲသည်။


ကင်ဆာအတွက်ပေးရသည့် ဆေးများကြောင့်အန်ခြင်း

• Serotonin antagonists (5HT3) (Dolasteron, Granisetron, Ondansetron) စားဆေး၊ ကပ်ဆေး၊ ထိုးဆေး၊

• Dexamethasone စတီရွိုက်ဆေး၊ ရောင်ခြင်း-နီမြန်းခြင်း၊ အလာဂျီဖြစ်ခြင်း၊ ပန်းနာ၊ ကင်ဆာတို့အတွက် သုံးသည့်ဆေး။

• Aprepitant ကင်ဆာအတွက်ပေးသည့်ဆေးကြောင့် အန်ခြင်းအတွက် ၁ နာရီကြိုပေးရသည်။

• Nabilone တနေ့ ၂-၃ကြိမ်၊ အစာနှင့်နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ပေးနိုင်သည်။


မိုင်ဂရင်းရောဂါကြောင့်အန်ခြင်း

• Phenothiazines (Prochlorperazine, Trifluoperazine, Levomepromazine) စိတ်ငြိမ်ဆေး၊ အလွန်အန်ခြင်း၊ ကြို့ထိုးခြင်းတို့အတွက်ဆေးများ၊ အန်ခြင်းအားသက်သာစေသည်သာမက Compazine (Prochlorperazine) ကို IV ထိုးပါက မိုင်ဂရင်း အမူး-အကိုက် ရောဂါကိုတားဆီးနိုင်သည်။ ပါးစပ်ကသာမက စအိုကလည်း ပေးနိုင်သည်။

• Tigan (Trimethobenzamide) စားဆေး၊ ထိုးဆေး၊ စအိုကပေးနိုင်သည့်ဆေး၊


ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း

ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်သည့် ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness အတွက် တခါတရံ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်မနေပေးရသည့်ဆေးတချို့မှာ လူနာစိတ်သက်သာရစေသည့် ဆေးအဖြစ်ခေါ်သည်။ B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါသည့်ဆေးများဖြစ်ပြီး၊ Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်သည်။ Bands Organic Morning Wellness Tea နှင့် Organic Heartburn Relieving Tea QueaseEASE နှင့် Essential Oil Therapy တို့မှာလည်း ခေတ်သုံးဆေးများ ဖြစ်သည်။ Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ ကိုဖတ်ပါ။


Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံအန်ခြင်း

ဆိုးရွားသည်။ ကြာလျင်ကိုယ်အလေးချိန်လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များသည်။ ၂ဝ ပတ်ဆိုလျင် ၁ဝ% ကလွဲလျင် ပျောက်နိုင်သွားသည်။ ဘာ့ကြောင့် ဖြစ်ရသည်ကို တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ လျင် ၁ ယောက်မှ ၄ ယောက်ထိ ဖြစ်တတ်သည်။ promethazine, prochlorperazine and metoclopramide တို့ကို ပေးနိုင်သည်။ အနားယူခိုင်းပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားစေပါ။ ပရိုတင်းများများကျွေးသင့်ပြီး အဆီနှင့်အစပ်လျော့သင့်သည်။


NS or RL သွင်းပေးဘို့လိုနိုင်သည်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ အအန်သက်သာရန် ဗီတာမင် ဘီ ၆၊ doxylamine 10 mg နှင့် pyridoxine 10 mg ရောပေးသင့်သည်။ promethazine 12.5-25 mg ကို ၄ နာရီခြား၎င်း၊ prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြား ပေးနိုင်သည်။ Meclizine, dimenhydrinate, Metoclopramide တို့ကိုလည်း ပေးနိုင်သည်။ Corticosteroids (methylprednisolone 16 mg စားဆေး or IV တနေ့ ၃ ကြိမ်ကို နောက်ဆုံးအဖြစ်ပေးနိုင်သည်။ ၃ ရက်နှင့်သက်သာပါက ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာကရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းသည်။ ဂျင်း(ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ်။


ခွဲစိတ်ကုရာတွင် မေ့ဆေးကြောင့် ပျို့-အန်ခြင်း

• Hyoscine hydrobromide (Scopolamine hydrobromide) အသက်ရှူလမ်းမှထွက်သည့် စစ်ထုတ်ရည်အား တားဆီးသည့်ထိုးဆေး၊ ခွဲစိတ်ခြင်းမပြုမီပေးရသည်။

• A Serotonin antagonist နှင့် phenothiazine or dexamethasone ရောထားသည့် ဆေးသည် 90% ကောင်းသည်။ phenothiazines, metoclopramide, 5HT3 antagonists, antihistamines and dexamethasone) တို့ကို ကာကွယ်ရန် ပေးသည်။


Motion sickness ခရီးသွားစဉ် ပျို့-အန်ခြင်း

ခရီးသွားစဉ် မူးဝေအော့အန်ခြင်းဖြစ်ရသည်မှာ မျက်စိကမြင်သိ၍ ဦးနှောက်ဆီပို့လွှတ်သည့် အာရုံကြောစနစ်၏ ပေးပို့ချက်နှင့် ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ဖြစ်သည်အား နားအတွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်သည့် ပေးပို့ချက်တို့ သဟဇတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေခြင်းဖြစ်သည်။ Hyoscine, Cyclizine, cinnarizine, promethazine တို့ကိုပေးနိုင်သည်။ နားအတွင်းကလာမည့် ပေးပို့ချက်အား ဦးနှောက်၏ အန်ခြင်းကို ဖြစ်စေသည်နေရာသို့ မရောက်စေရန် တားဆီးမည့်ဆေးကို ပေးရခြင်းဖြစ်သည်။


အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ


ခရီးသွားစဉ် မူးဝေအော့အန်ခြင်းအတွက် ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမည်။ အချို့ဆေးက ၄ နာရီ ခံပြီး အချို့က ၂၄ နာရီခံသည်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါ အတွက် ဆေးကို တနေ့လျင် ၄-၆ ကြိမ်သောက်ရသည်။


ဆေးနာမည်အမျိုးမျိုးရှိတယ်။ အတူတူပါဘဲ။ Dimenhydrinate, Dramamine, Driminate, Gravol, Gravamin, Vomex, and Vertirosan, Viabom, Dramin, Daedalon, Antimo နောက်ပြီး၊ DRAMAMINE® Less Drowsy Formula ဆိုတာက အိပ်ချင်တာ သက်သာတဲ့ ကားမူးပျောက်ဆေးဖြစ်တယ်။


သတိထားရမည်မှာ အအန်ပျောက်ဆေးများကို ညွှန်ကြားသည်ထက် ပို၍မသုံးသင့်။ ပန်းနာ၊ အသက်ရှူရောဂါ၊ ရေတိမ်၊ ယောက်ျား ဆီးကြိတ် ကြီးရောဂါရှိသူများနှင့် ဆေးမတည့်သူများ မသုံးရ။ အသက် ၁၂ နှစ်အောက် မပေးသင့်။


ဆေး၏မကောင်းကျိုးများမှာ မျက်စိအမြင်ဝါးခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မူးဝေခြင်း၊ အိပ်ချင်ခြင်းတို့ဖြစ်သည်။ အန်နေသူအား စားဆေး-သောက်ဆေး တိုက်လျင် အကျိုးမများနိုင်ပါ။ ဝယ်လို့လွယ်သည့်ဆေးကို အားကိုးရတတ်ပါသည်။ အန်လွန်းနေသူတယောက်ကို အလွယ်ရှာရနိုင်သော Chloropromazine စားဆေး-ထိုးဆေး (စိတ်ရောဂါ နှင့် ကြို့ထိုးခြင်း တို့အတွက် သုံးသည့်ဆေးလည်းဖြစ်သည်) ကို အချိန်အဆနှင့်ပေးနိုင်ပါသည်။ Dramamine ဆေးကို ကားဆိပ်၊ ရေဆိပ်၊ လေဆိပ်များမှာ အလွယ်ဝယ်ယူရစေရန် စီစဉ်ခြင်းကကောင်းပါသည်။ Chloropromazine, Promathazine တို့ကို ကိုယ်အလေးချိန်ဖြင့် တိတိကျကျပေးရပါမည်။


အန်ပြီးလျင် ဝမ်းလျောသူများလို ဆားဓါတ် နည်းသွားမည်။ အစာအိမ်ထဲက အက်စစ်ဓါတ်များ နည်းသွားပါမည်။ ထို့ကြောင့် ဓါတ်ဆားရေတိုက်ရပါမည်။ လိုအပ်လျင် သွေးပြန်ကြောထဲ သွင်းပေးရပါမည်။


ကလေးများအန်ခြင်း

ဖြစ်တတ်ပါတယ်။ ရောဂါမဟုတ်တာက အများဆုံးပါ။ နို့-အစာ အောက်မဆင်းတာ၊ အဆင်းနှေးတာကြောင့်ဆိုရင် စိုးရိမ်စရာမရှိပါ။ အန်လဲအန်မယ်၊ ဗိုက်လဲတင်းဖေါင်းမယ်၊ ဝမ်းလဲချုပ်လာမယ်ဆိုရင် အစာလမ်းမှာ ဆို့တာ၊ ပိတ်တကို စစ်ဆေးရပါတယ်။ အဲလိုက အတော်ကြီးအဖြစ်နည်းပါတယ်။ နို့တိုက်တာမှာ အချိန်ခြာတိုက်နိုင်တယ်။ တခါတိုက်ရင် မများစေပါနဲ့။ အအန်ပျောက်ဆေးတွေ dexamethasone, dimenhydrinate, granisetron, metoclopramide ထဲက ondansetron က အထိရောက်မှုအများဆုံးလို့ လေ့လာမှုတခုကဆိုပါတယ်။ ဆေးမှန်သမျှကို ကိုယ်အလေးချိန်အရ တိုက်ရမည်။


ကလေးတွေအတွက် အအန်သက်သာဆေးများ

• Bsmuth subsalicylate (Pepto Bismol or Kaopectate)

• Antihistamines = Diphenhydramine (Benadryl)

• Coca-cola syrup and Ginger syrup ဂျင်း (ချင်း) ရည်၊

• Compazine, Phenergan, Zofran, Antivert and Reglan ဒီဆေးတွေက ဆရာဝန်လက်မှတ်လိုမယ်။


ဒေါက်တာတင့်ဆွေ

http://ift.tt/1sTvhot





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1JzMMy1

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...