Skip to main content

လားရှိုးမြို့ တွင် ခရီးသည်တင်ယာဉ်တစ်စီး၏ ယာဉ်ဝန်ထမ်းများအား သုံးဘီးမောင်းသူ များက အုပ်စုဖြင့် ရိုက်နှက်



လားရှိုး၊ အောက် (၂၇)

အောက်တိုဘာလ (၂၇) ရက်နေ့ ၊ နံနက်ပိုင်းက လားရှိုးမြို့ သို့ ဆိုက်ကပ်လာသော ခရီးသည်တင် Express ယာဉ် တစ်စီး၏ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂) ဦးကို သုံးဘီးမောင်းသူများက ၀ိုင်းဝန်း ရိုက်နှက်ခဲ့ သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်ပွားပုံမှာ ယနေ့ နံနက် ၁၀း၁၅ အချိန်ခန့် က AA Family ယာဉ်လိုင်းမှ မကွေး-လားရှိုး Express ယာဉ်သည် လားရှိုးမြို့  တွင်းသို့  ၀င်ရောက်လာရာ ရပ်ကွက် (၁) GE တပ်ပေါက်ဝအနီးတွင် ဆင်းသက်လိုသော ခရီးသည်များ ရှိသဖြင့် ခေတ္တရပ်တန့် ပေးခဲ့သည်။


Express ယာဉ်ရပ်တန့် လျင် ဆင်းလာမည့်ခရီးသည်အချို့ က သုံးဘီးငှားကြလေ့ရှိသောကြောင့် သုံးဘီးယာဉ်ငယ် များကလည်း ယင်း Express ကားရပ်တန့် ရာသို့  ရောက်ရှိလာကြပြီး ခရီးသည်များကို အပြိုင်အဆိုင်ခေါ်တင်ခဲ့ကြ သည်။ ထိုသို့ ခရီးသည်အပြိုင်ခေါ်ကြရင်း အမည်မသိသုံးဘီးမောင်းသူတစ်ဦးက Express ယာဉ်ပေါ်တက်ကာ ခရီးသည်ရရှိရန် အလို့ ငှာမေးမြန်းခဲ့သည်။ Express ယာဉ်နောက်လိုက်များကလည်း ခရီးသည်ပစ္စည်းလုံခြုံရေး အတွက် ကားထဲထိမတက်ရန် ဟန့် တားရာမှ ယင်းသုံးဘီးမောင်းသူနှင့် ကတောက်ကဆဖြစ်ခဲ့ပြီး ယာဉ်အောက် တွင် Express ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂) ဦးတို့ အား သုံးဘီးယာဉ်မောင်းအဖွဲ့ မှ တုတ်များဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။


ထို့ ကြောင့် ယာဉ်မောင်းကိုဇော်ကြီး (၃၅) နှစ်၊ ယင်းစိတ်ရွာ၊ တောင်တွင်းကြီးမြို့ နယ်နေသူတွင် ဦးခေါင်းဝဲဘက် ချိုစောင်းပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာဉ်နောက်လိုက် နိုင်နိုင်ဝင်း (၂၆) နှစ်၊ ဆိပ်ဖြူမြို့ နယ်၊ တောင်ရွာမကျေးရွာ နေသူတွင် ဦးခေါင်းယာချိုစောင်းနှင့် ၀ဲလက်မောင်းတို့ တွင် ပေါက်ပြဲဒဏ်ရာ၊ ယာဉ်နောက်လိုက် မောင်မောင် (၂၆) နှစ်၊ အမှတ် (၆) ရပ်ကွက်၊ ချောက်မြို့ နေသူတွင် ယာနဖူးပေါက်ပြဲဒဏ်ရာ (၁) ချက်တို့ ရရှိပြီး လားရှိုးဆေးရုံတွင် ဆေးကုသခံနေရာရာ ယာဉ်မောင်းကိုဇော်ကြီး၏ ဒဏ်ရာမှာ စိုးရိမ်ရကြောင်း သိရသည်။


သုံးဘီးမောင်းသူတွေနဲ့  ကျွန်တော်တို့  Express ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ မကြာခဏဆိုသလို တင်းမာမှုဖြစ်ပါတယ်။ သူတို့ ခရီးသည်ရဖို့ အရေး ကားပေါ်ကိုတက်ဖို့  ကြိုးစားတယ်။ ကျွန်တော်တို့ ကလည်း ခရီး သည်ပစ္စည်းလုံခြုံရေးရယ်၊ ခရီးသည်တွေ စိတ်အနှောက်အယှက်မဖြစ်စေရေးရယ်အတွက် သူတို့ ကို ကားပေါ် အတက်မခံနိုင်ဘူး။ ဒါကိုသူတို့ က ရန်လုပ်တတ်ပါတယ်။ ကျွန်တော်တို့ ကားတစ်စီးကိုလည်း အခု AA ကိုလုပ်သလို ပဲ ၀ိုင်းရိုက်ခဲ့ဖူးပါတယ်။ သူတို့ ကြောင့် ခရီးသည်လက်ဆွဲအိတ်တစ်လုံးပျောက်လို့  ပိုင်ရှင်ကို ငွေ (၃) သိန်း လျော် ပေးခဲ့ရဖူးပါတယ်ဟု ရာဇာထွန်းယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။


လားရှိုးမြို့ တွင် သုံးဘီးယာဉ်ငယ်မောင်းနှင်သူအများစုမှာ ရွေ့ လျားလုပ်သားများဖြစ်သည်နှင့်အညီ စရိုက် ကြမ်းတမ်းသူများပါဝင်ပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကိုလည်း သိရှိလိုက်နာနိုင်မှု အားနဲသည့်အတွက် အများပြည်သူသုံးလမ်းမကြီးများတွင် စည်းကမ်းမဲ့စွာ ရပ်တန့် ခြင်း၊ ခရီးသည်နှင့်ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်ခြင်း၊ အန္တရယ်ဖြစ် စေနိုင်သောအရှိန်ဖြင့်မောင်းနှင်ခြင်း၊ မိဘပြည်သူများအား မချေမငံဆက်ဆံခြင်း၊ ကိုယ်ပိုင်ယာဉ်ငယ်များကို အကျိုး ဖျက်စီးခြင်း၊ အခွင့်အရေးရလျင် ခိုးမှုကဲ့သို့ ဒုစရိုက်မှုများကျူးလွန်ခြင်း၊ ညအချိန် သုံးဘီးဂိတ်နေရာများတွင် မူးယစ် သောက်စားကာ မဖွယ်မရာကိစ္စရပ်များပြုလုပ်ခြင်းတို့ ကိုပြုမူနေသည့်အတွက် လားရှိုးမြို့ ကြီး၏ ပုံရိပ်တစ်ခုလုံး မှေး မှိန်လာပြီး ပြည်သူလူထုမှာလည်း သုံးဘီးအင်အားစုကြီးကို စိုးရွံ့  ထိတ်လန့်  ကာ သုံးဘီးယာဉ်ဂိတ်များရပ်တန့် လေ့ရှိသော မြို့ မဈေးသို့ ဈေးဝယ်ရန်အလို့ ငှာ သွားရလျင်ပင် ကျီးလန့် စာ စားရသည့်အဖြစ်နှင့်ကြုံတွေ့ လာရသည်ကို တွေ့ ရသည်။


ထို့ အတွက် ပြည်နယ်အစိုးရအဖွဲ့ ၏ညွှန်ကြားချက်နှင့်အညီ လားရှိုးခရိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်း ရေးကော်မတီက လားရှိုးမြို့ မဈေးပတ်လည် ယာဉ်သွား ယာဉ်လာ ချောမွေ့ စေရေးကို စီမံချက်များ ချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ ရာတွင်လည်း အချို့ သော သုံးဘီး ယာဉ်ဂိတ်များက စီမံချက်ပါ သတ်မှတ်ချက်များကို အုပ်စုဖွဲ့ ကန့် ကွက်ခြင်းတို့ ကို ပြုလုပ်ခဲ့ရာ ပဋိပက္ခ အသွင် ဆောင်လာနိုင်သည့် အခြေအနေကြောင့် ထိုစဉ်က ခရိုင်ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ က အလျော့ပေးခဲ့ရပြီး သုံးဘီးဂိတ်ပိုင်ရှင်များ၊ ဂိတ်မှူးများကို မိမိတို့ ဂိတ်အား မိမိတို့ ကိုယ်တိုင်ကြပ်မတ်ကာ မလိုလားအပ်သောပြဿနာများ မဖြစ်စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ရခြင်းများ ရှိခဲ့ကြောင်း သိရသည်။


စုံစမ်းစစ်ဆေးမှုအရ အဆိုပါ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂) ဦးအား ရိုက်နှက်ခဲ့သူများမှာ ပြိုင်မြင်းအသင်း မှ သုံးဘီးယာဉ်မောင်းများဖြစ်ကြသော လားရှိုးမြို့ ၊ ရပ်ကွက် (၉)နေသူ သန်းဇော်နှင့် ရပ်ကွက် (၁၀) နေသူ သားငယ် ပါ လူတစ်စုဖြစ်ကြောင်း၊ ရိုက်နှက်ရာတွင် သစ်သားတုတ်နှင့် သံတုတ်များကို အသုံးပြုခဲ့ကြောင်း၊ သို့ ဖြစ်၍ ယာဉ် မောင်းနှင့်ယာဉ်နောက်လိုက် (၂) ဦးအား ဒဏ်ရာရရှိအောင် ၀ိုင်းဝန်းရိုက်နှက်သူများအား အရေးယူ ပေးပါရန် AA Family မကွေး-လားရှိုး အဝေးပြေးကားဂိတ်တာဝန်ခံ ဦးနေ၀င်းမြင့်၊ လားရှိုးမြို့ ၊ ရပ်ကွက် (၁) နယ်မြေ (၇) အေးချမ်းသာယာ (၃) လမ်း၊ အမှတ် (၅၀၀) နေသူက တိုင်တန်းခဲ့သဖြင့် လားရှိုးမြို့ မရဲစခန်းက (ပ) ၃၃၃/၁၄ ပြစ်မှုပုဒ်မ ၃၂၅/၁၁၄ ရေးဖွင့်ပြီး ဒုရဲအုပ် စိုင်းကိုကိုမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


သမန်းကျား

Lashio News Diary

https://www.facebook.com/lashio.news.city











ကိုဇော်ကြီး (ယာဉ်မောင်း၊ အသက်အန္တရယ်စိုးရိမ်နေရ)၊












ကိုနိုင်ဝင်း (ယာဉ် နောက် လိုက်)












ကိုမောင်မောင် (ယာဉ်နောက်လိုက်)












ကိုသိန်းဝင်း (ဂိတ်ပိုင်)




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://feedproxy.google.com/~r/thithtoolwin/yIWV/~3/u4x9tVsBXPQ/blog-post_131.html

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...