Skip to main content

မန္တလေးဆေးရုံကြီးပေါ် လိုက်လံခိုးယူနေသူကို ဖော်ထုတ်ဖမ်းဆီးရမိ



မန္တလေး အောက်တိုဘာ ၂၄

မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ် တာဝန်ခံရဲအုပ် ကြည်ဇင်ဦးစီးသည့် အဖွဲ့၏ စစ်ဆေး ဖော်ထုတ်ချက်အရ ကွင်းဆက်ခိုးမှု ခြောက်မှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။


ရဲအုပ်ကြည်ဇင်နှင့်အဖွဲ့သည် အောက်တိုဘာ ၉ ရက် ညနေပိုင်း က ၂၂ လမ်း ၉ဝx၉၁ လမ်းကြားတွင် စိုးသူခိုင်(ခ)ဂျမားကို Huawei အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ၍ မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှူးရုံးသို့ ခေါ်ဆောင်ကာ သက်သေများရှေ့တွင် စစ်မေးရာ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံ တစ်ရာပြသနိုင်ခြင်းမရှိသည့်အပြင် အဆိုပါဖုန်းအား အောက်တိုဘာ ၇ ရက် ညနေ၃ နာရီက မန္တလေးပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ခွဲစိတ်ဆောင်အတွင်း အိပ်ပျော်နေသည့် လူနာစောင့်အမျိုးသားတစ်ဦး၏ အိတ်ကပ်အတွင်းမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သဖြင့် အမှတ်(၈)မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။


ဆက်လက်၍ ကွင်းဆက်အမှုများကို စစ်မေးရာ အောက်တိုဘာလ (နေ့ရက်မမှတ်မိ) နံနက် ၃ နာရီခွဲက မန္တလေးပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင်(၂)အတွင်း အားသွင်းထားသည့် Huawei အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံးကို လည်းကောင်း၊ စက်တင်ဘာ ၂၇ ရက် နံနက် ၄ နာရီက ဖျားနာဆောင်(၃) အရှေ့ဘက်တွင် လူနာစောင့်ရင်း အိပ်ပျော်နေသည့်အမျိုးသမီးထံမှ OPPO အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးကို လည်းကောင်း၊ စက်တင်ဘာလ(နေ့ရက်မမှတ်မိ) နံနက် ၄ နာရီက ဖျားနာဆောင်အောက်ထပ်တွင် အားသွင်းထားသော Huawei လက်ကိုင်ဖုန်းတစ်လုံးကို လည်းကောင်း၊ စက်တင်ဘာ၂၇ ရက် နံနက် ၄ နာရီခန့်က ဖျားနာဆောင်(၁)ဘေးရှိနားနေဆောင်အတွင်း အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး၏ အိတ်ကပ်အတွင်းမှ Huawei အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံးအားလည်းကောင်း၊ အောက်တိုဘာ လ (နေ့ရက်မမှတ်မိ) နံနက်၎ နာရီ ခန့်က ခွဲစိတ်ဆောင်ဒုတိယထပ်ရှိ ညစောင့်များနားနေသည့် ခုံတန်းလျားပေါ်တင်ထားသော ဂျင်းအိတ်အတွင်းမှ Huawei အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မန္တလေးမြို့အမှတ်(၈)မြို့မရဲစခန်းတွင် စိုးသူခိုင် (ခ)ဂျမားကို ခိုးမှုခြောက်မှုအတွက် အမှုဖွင့်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အေးမြ(မန်းကိုယ်ပွား)

Myanmaalinn

http://ift.tt/1xK4A5u






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1D9DMMI

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...