Skip to main content

အီဂျစ် ရွေးကောက်ပွဲ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အယ်လ်စီစီ အနိုင်ရ ကိုင်ရို၊ ဇွန်...



အီဂျစ် ရွေးကောက်ပွဲ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အယ်လ်စီစီ အနိုင်ရ



ကိုင်ရို၊ ဇွန် ၎



အီဂျစ်နိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ်က စ၍ သမ္မတ ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ အီဂျစ် ကာကွယ်ရေးဦးစီးချုပ်ဟောင်း အယ်လ်စီစီက အနိုင်ရရှိသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။



အီဂျစ်နိုင်ငံတွင် ကျင်းပသော သမ္မတ ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ ရာခိုင်နှုန်းမှာ ၄၇ ဒသမ ၄၅ ရာခိုင်နှုန်းထိ ရှိကြောင်း အီဂျစ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အန်ဝါရာရှတ်အယ်လ်အစီက

သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။



အဆိုပါ ရွေးကောက်ပွဲတွင် အီဂျစ် စစ်တပ်အကြီးအကဲဟောင်း အယ်လ်စီစီက မဲအရေအတွက် ၉၆ ဒသမ ၉ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့ပြီး အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း အီဂျစ်ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။



စစ်တပ် အကြီးအကဲဟောင်း အယ်လ်စီစီ၏ တစ်ဦးတည်း ပြိုင်ဘက် ဟမ်ဒင်ဆာဘာဟီမှာ ထောက်ခံမဲ သုံးရာခိုင်နှုန်းသာ ရရှိခဲ့သည်။



အီဂျစ်နိုင်ငံတွင် အာဏာရှင်သမ္မတ မူဘာရတ်ကို ဖြုတ်ချအပြီး သမ္မတ ဖြစ်လာသော မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက်မော်စီကို လွန်ခဲ့သော တစ်နှစ်ခန့်က ကာကွယ်ရေးဦးစီချုပ် ဖြစ်ပြီး ယခု ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အယ်လ်စီစီက ဖြုတ်ချပစ်ခဲ့သည်။



အီဂျစ်သမ္မတ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်း အယ်လ်စီစီ အနိုင်ရကြောင်း ကြေညာခဲ့ပြီးနောက် မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ကို ဆန့်ကျင်သည့် ဆော်ဒီအာရေးဗီးယားဘုရင် အဗ္ဗဒူလာက အီဂျစ်ကို အကူအညီပေးရန် တိုက်တွန်း ပြောကြားလိုက်သည်။



ယခုကျင်းပသည့် သမ္မတ ရွေးကောက်ပွဲကို မွတ်ဆလင် ညီအစ်ကိုများအဖွဲ့က လက်မခံဘဲ သပိတ်မှောက်ခဲ့ကြသည်။



လွန်ခဲ့သော တစ်နှစ်ခန့်က မွတ်ဆလင်ညီအစ်ကိုများအဖွဲ့ ခေါင်းဆောင် မိုဟာမက်မော်စီကို ယင်းအချိန်က အီဂျစ်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ အယ်လ်စီစီက ဖြုတ်ချခဲ့ပြီးနောက် မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ ခေါင်းဆောင်ပိုင်းကိုသာမက အဖွဲ့ဝင် များစွာကို ဖမ်းဆီးထားခဲ့သည်။



ယခုချိန်ထိ ရဲတပ်ဖွဲ့နှင့် လမ်းပေါ်တွင် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် လူ ၁၄၀၀ ခန့် သေဆုံးခဲ့ရပြီး ၁၅၀၀၀ ကျော်ခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ သေဆုံးသူ အများစုမှာ မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ဝင်များ ဖြစ်ကြသည်။



အီဂျစ်သမ္မတအဖြစ်ရွေးကောက်ခံလိုက်ရသော အယ်လ်စီစီသည် အာဏာရှင် မူဘာရတ် ပြုတ်အကျအပြီး သုံးနှစ်ခန့် အရှုပ်အထွေးများကြောင့် ကျဆင်းသွားသည့် အီဂျစ် စီးပွားရေး၊ ကမ္ဘာလှည့် ခရီးသွားကဏ္ဍနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက်အောင် ပြုလုပ်ရမည် ဖြစ်သည်။







from The Voice Weekly's Facebook Wall http://ift.tt/UdzmFy

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...