Skip to main content

ကစားသမားများ၏ အသက်မှန်ကန်ရေး နည်းပြများတွင်တာဝန်ရှိဟု ဦးဇော်ဇော်ဆို ညီမိုဃ်း...



ကစားသမားများ၏ အသက်မှန်ကန်ရေး နည်းပြများတွင်တာဝန်ရှိဟု ဦးဇော်ဇော်ဆို



ညီမိုဃ်း



မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကစားသမားများ၏ အသက်မှန်ကန်ရေးမှာ နည်းပြများတွင် တာဝန်ရှိသည်ဟု ပြောကြားလိုက်သည်။



မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်မှစတင်၍ ကစားသမားများ၏ အသက်မှန်ကန်မှုကို တင်းကျပ်စွာ စစ်ဆေးခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်နှင့် လိဂ်(၂) လူငယ်အသင်းများတွင် အသက်ကျော် ကစားသမား များ စစ်ဆေးတွေ့ရှိခဲ့သလို ဘောလုံးအဖွဲ့ချုပ် ဘောလုံးအကယ်ဒမီတွင်လည်း အသက်ကျော် ကစားသမား နှစ်ဦး တွေ့ရှိခဲ့ရသည်။



မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က “ပြည်တွင်းက နည်းပြတွေအနေနဲ့ ကိုယ့်အသင်းအောင် မြင်မှုရရှိဖို့ တစ်ခုတည်းအတွက် မကြည့်ဘဲ မြန်မာ့ဘောလုံးလောက တိုးတက်ဖို့ကို ၀ိုင်းဝန်း ကူညီသင့် တယ်လို့ ထင်ပါတယ်။ ကိုယ့်အသင်းအတွက်ပဲ ကိုယ်ကြည့်မယ်ဆိုရင် ကစားသမားတွေ အတွက်လည်းနစ် နာမှု ရှိနိုင်ပါတယ်။ ကိုယ့်အသင်း နိုင်ချင်စိတ်နဲ့ အသက်ကျော် ကစားသမားတွေကို ထည့်ကစားမယ် ဆိုရင် ပြိုင်ဘက်အသင်းက ကစားသမားတွေအတွက်လည်း အကျိုးမရှိနိုင်သလို ၂၃ နှစ်အရွယ်အတွက် အတွေ့ အကြုံကိုရယူရမယ့် ကစားသမားက ၂၀ နှစ်အောက် အတွေ့အကြုံကို ဆင်းယူနေရရင် တကယ်တမ်း လက်ရွေးစင်အဆင့်ရောက်ရင် အတွေ့အကြုံက ကွာသွားပါပြီ။ ဒါကြောင့် လူငယ်အသင်းကို ကိုင်တွယ်ခွင့် ရတဲ့ နည်းပြတွေအနေနဲ့ ကိုယ့်အသင်းက ကစားသမားတွေရဲ့ အသက်မှန်ကန်ရေးအတွက် တာဝန်ရှိပါ တယ်” ဟု AFC-A လိုင်စင်နည်းပြ သင်တန်းဆင်းပွဲတွင် ပြောသည်။



ထို့အပြင် ဦးဇော်ဇော်က ပြည်တွင်းနည်းပြများအနေဖြင့် လက်ရွေးစင်အသင်းများကို ကိုင်တွယ်နိုင်ရန်နှင့် ပြည်ပအသင်းများတွင် သွားရောက် လုပ်ကိုင်နိုင်ရန် ကြိုးစားသင့်ကြောင်း ထပ်မံပြောကြားသည်။



ဦးဇော်ဇော်က“ကျွန်တော်တို့ရဲ့လက်ရွေးစင်အသင်းတွေကို ကြည့်ရင် ပြည်ပနည်းပြတွေပဲ ကိုင်တွယ်နေရပါတယ်။ လက်ရွေးစင်အသင်းမှာဆိုရင် ဆားဘီးယား၊ အမျိုးသမီးအသင်းမှာဆိုရင် ဂျပန်၊ ယူ-၁၉ အသင်းမှာ ဆိုရင် ဂျာမနီ၊ ယူ-၁၆ အသင်းမှာဆိုရင် ဘူဂေးရီးယားနိုင်ငံက နည်းပြတွေ တာဝန်ယူနေတယ်။ ကျွန်တော်တို့ မြန်မာနည်းပြတွေ မရှိကြဘူး။ ဒါ့ကြောင့် မြန်မာနည်းပြတွေအနေနဲ့ လက်ရွေးစင်အသင်းတွေမှာ တာဝန် ယူနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ နောက်တစ်ခုက သူများတွေလို အခြားနိုင်ငံက ကလပ်အသင်းတွေမှာ တာဝန်ယူနိုင်တဲ့ နည်းပြတွေဖြစ်အောင် ကြိုးစားကြဖို့ လိုပါတယ်” ဟု ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/Sah9XD

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...