Skip to main content

" ဖုန်းမှ တစ်ဆင့်မဖွယ်မရာပြောဆိုမှုတိကျသော ဥပဒေမရှိခြင်းကြောင့် အရေးယူရန်ခက် "...



" ဖုန်းမှ တစ်ဆင့်မဖွယ်မရာပြောဆိုမှုတိကျသော

ဥပဒေမရှိခြင်းကြောင့် အရေးယူရန်ခက် "



မိုဘိုင်းဖုန်းမှတစ်ဆင့် အမျိုးသမီးများအား မဖွယ်မရာပြောဆိုခြင်း၊ ခြိမ်း ခြောက်ခြင်းကို တရားစွဲဆို အရေးယူနိုင်ရေးမှာ တိကျသောဥပဒေ မရှိခြင်းကြောင့် ထိရောက်မှု အားနည်းနေသေးကြောင်း သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူများက ပြောသည်။



လက်ရှိတွင် ညအိပ်ချိန်များ၌ အမျိုးသမီးများ ကိုင်ဆောင်သည့် ဖုန်းများကို ဖုန်းမှားသည့်အသွင်ဖြင့် မဖွယ်မရာစကားများ၊ ခြိမ်းခြောက်မှုများကို အသံဖြင့်လည်းကောင်း၊ မက်ဆေ့ခ်ျ ပေးခြင်း ဖြင့် လည်းကောင်း ပြု လုပ်နေသည်ဟု ကိုယ်တိုင်ကြုံတွေ့သူများက ပြောသည်။



''အိပ်ပျော်နေတုန်း ဖုန်းလာလို့ ကိုင်လိုက်မိတယ်။ တစ်ဖက်က ပြော တဲ့စကားဘယ်လောက်တောင် မိုက်ရိုင်းသလဲဆိုရင် အိပ်ချင် စိတ်တောင် ပျောက်ပြီးတော့ ဒေါသ အလိပ်လိပ် ထွက်ရပါတယ်'' ဟု အင်းစိန်မြို့နယ်မှ မထက်ထက်က ပြောသည်။



ယင်းအပြင် ပုဇွန်တောင်မြို့နယ်မှ အသက် ၃ဝ အရွယ် မဝင်းမာကလည်း အသိတစ်ယောက်ဖုန်းထင်၍ ကိုင်လိုက်သောအခါ တစ်ဖက်မှ မဖွယ်မ ရာများ ပြောဆိုသည့်အပြင် အုပ်စုနှင့်ရှိနေကြောင်း ခြိမ်းခြောက် ပြော ဆိုသွားသည့်အတွက် ဒေါသဖြင့် စိတ်ဆင်းရဲခဲ့ရကြောင်း ပြောသည်။



လက်ရှိဖြစ်စဉ်အား ဆက်သွယ်ရေး ဥပဒေနှင့် အရေးမယူနိုင်ကြောင်း၊ လူမှုရေးကိစ္စများဖြစ်သည့်အတွက် ရဲစခန်းတွင်သာ ဆောင်ရွက်သင့်ကြောင်း၊ ဆက်သွယ်ရေးအနေဖြင့် ဖုန်းခေါ်ဆိုသည့်အချိန်နှင့် ခေါ်ဆိုထားသည့်ဖုန်းနံပါတ်၊ မိနစ်စသည့် အချက်များကိုသက်သေအဖြစ်သာ ပေးအပ်နိုင်ကြောင်း အဆိုပါကိစ္စများနှင့် ပတ်သက်၍အရေးယူမှုအပိုင်းကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအားဆက်သွယ်မေးမြန်းရာ မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်က ပြောသည်။



လက်ရှိ ဖုန်းဖြင့် ညစ်ညမ်းပြောဆိုနေမှုများသည် ရဲအရေးပိုင်သော အမှုမဟုတ်သည့်အတွက် တရားရုံးကိုသာ ဦးတိုက်လျှောက်ထားရ မည့်အမှု ဖြစ်ကြောင်း၊ တရားရုံးသို့ လျှောက်ထားရာတွင် ပစ္စည်းသက်သေ၊ လူသက်သေများလို အပ်ကြောင်း၊ သက်သေမရှိပါက အမှုဖွင့်ရန် အလွန် အမင်းခက်ခဲ ကြောင်း၊ ယင်းဖြစ်စဉ်များအတွက် ဥပဒေသီးသန့်ရှိပါက ကိုင် တွယ်ရန်လွယ်ကူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲရုံးမှလုပ်သက် ၁ဝ နှစ်ဝန်းကျင်ရှိ ရဲအုပ်တစ်ဦးက သူ့အမြင်ကို ပြောသည်။



သက်သေခိုင်လုံသည့် အမှုဖြစ်ပါက ခြိမ်းခြောက်မှု ပုဒ်မ ၅ဝ၄၊ ၅ဝ၆၊ ညစ်ညမ်းစွာဆဲရေးမှု ပုဒ်မ ၂၉၄ စသည့် အမှုများဖြင့် တရားစွဲဆိုနိုင် မည်ဖြစ်ပြီး ငွေဒဏ်နှင့် အများဆုံး ထောင်ဒဏ်တစ်နှစ်သာ ကျနိုင်သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးကျော်ဇေယျက ပြောသည်။



Smart ဖုန်းကိုင်ဆောင်ထားသော သူများအတွက် Auto Call Recoder ဆော့လ်ဝဲ ထည့်သွင်းထားခြင်းဖြင့် တစ်ဖက်မှ ပြောဆိုမှုများကို အသံဖမ်းယူနိုင်သည်။ ၎င်းအသံဖိုင်တွင် ဖုန်းနံပါတ်အချိန်တို့ကို အလိုအလျောက် မှတ်တမ်းတင်သည်ဖြစ်၍ နောင်တွင် ထိုဖုန်းနံပါတ်အား Black List ထည့် ထားပြီး ဖုန်းခေါ်ဆိုမှုကို ပိတ်ဆို့ထားနိုင်ကြောင်း အိုင်တီပညာရှင်တစ်ဦးက ဆိုသည်။



လက်ရှိ ဖြစ်နေသည့် ကိစ္စများသည် မြန်မာနိုင်ငံတွင် ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသေးသော်လည်း အခြားနိုင်ငံများတွင် ဥပဒေ တစ်ခု ပြဋ္ဌာန်းပြီး ပြင်းပြင်းထန်ထန် အရေးယူနေမှုများရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။



''ဥပဒေ မရှိသေးဘူးဆိုပေမယ့် လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ ထိထိ ရောက်ရောက်အရေးယူမယ်ဆို ရင် ဒါတွေ တော်တော်လေး ကင်းနိုင်ပါတယ်'' ဟု ၎င်းက ပြောသည်။



ဥပဒေပေါ်ပေါက်လာရေးအတွက် ကွန်ရက်တစ်ခုနှင့်လူမှုဝန်ထမ်းဦးစီး ဌာနတို့ပူးပေါင်း၍ ဥပဒေရေးဆွဲနေ ကြောင်း၊ ယင်းဥပဒေ ပေါ်ပေါက်လာပါက လက်ရှိဖုန်းဖြင့် အမျိုးသမီးများအား မဖွယ်မရာ ပြောဆိုခြင်း၊ ခြိမ်း ခြောက်ခြင်း များအား အကြမ်းဖက်သည့် ပုဒ်မဖြင့် ထိရောက်စွာ အရေးယူရမည်ဟု ၎င်းက

သူ့အမြင်ကို ပြောသည်။



အောင်ဇော်







from Popular Myanmar News Journal's Facebook Wall http://ift.tt/TfYdI7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...