အင်္ဂလန်ကွင်းလယ်လူ ချမ်ဘာလိန် ကမ္ဘာ့ဖလားနှင့် လွဲချော်ဖွယ်ရှိ
အင်္ဂလန်လက်ရွေးစင်အသင်း၏ တောင်ပံကစားသမား ချမ်ဘာလိန်သည် အီကွေဒေါအသင်းနှင့် ခြေစမ်းပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရဖွယ်ရှိနေကြောင်း သိရသည်။
(၂-၂)ဂိုးဖြင့် သရေကျခဲ့သော ယင်းခြေစမ်းပွဲတွင် ချမ်ဘာလိန်သည် ပွဲချိန် (၆၃)မိနစ်၌ အီကွေဒေါအသင်းမှ ဂရူဇိုနှင့် ထိခိုက်မိကာ ဒူးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး လူငယ်ကစားသမား စတာလင်နှင့် လူစားလဲခဲ့ရသည်။ ချမ်ဘာလိန်၏ ဒူးဒဏ်ရာအခြေအနေမှာ ခွဲစိတ်မှုခံယူရသည်အထိ ဆိုးရွားဖွယ်ရှိနေပြီး အသေးစိပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ချမ်ဘာလိန်၏ ဒဏ်ရာအခြေအနေ ဆိုးရွားခဲ့ပါက နည်းပြရွိုင်းဟော့ဒ်ဆန်အနေဖြင့် အရန်ကစားသမားများဖြစ်သော ကလီဗာလေ၊ မိုက်ကယ်ကာရစ်တို့ဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အင်္ဂလန်အသင်းသည် အီကွေဒေါနှင့် ခြေစမ်းပွဲတွင် ရလဒ်ပိုင်းမကောင်းမွန်ခဲ့သလို၊ ဒဏ်ရာရရှိခဲ့သည့် ချမ်ဘာလိန်အစား လူစားဝင်ခဲ့သည့် စတာလင်မှာလည်း အီကွေဒေါကွင်းလယ်လူ ဗလင်စီယာနှင့် အချင်းများခဲ့၍ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသောကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။
from Eleven Media Group's Facebook Wall http://ift.tt/1nQFII0
Comments
Post a Comment