Skip to main content

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုးသူစာရင်း ရဲတပ်ဖွဲ့ဝင်များက တောင်းဆို ကလေး၊ ဇွန...



ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုးသူစာရင်း ရဲတပ်ဖွဲ့ဝင်များက တောင်းဆို



ကလေး၊ ဇွန် ၎



စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့တွင် ဇွန်လ ၁ ရက်နေ့မှ စ၍ ၂၀၀၈ အခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မ ၃၄၆ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ် ရေးထိုးပွဲများ ပြုလုပ်လျက် ရှိရာ လက်မှတ်ထိုးသူ စာရင်းကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များက နေ့စဉ် တောင်းခံလျက် ရှိကြောင်း ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြောကြားသည်။



“ခရိုင်ကနေ ညွှန်ကြားလို့ တောင်းခိုင်းတာ ဆိုပြီး လာတောင်းတဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေက ပြောတယ်။ ဒါပေမဲ့ သူလာတောင်းတာက အလွတ်သဘော၊ သတင်းအတွက် လာမေးတဲ့ပုံစံ၊ ကျွန်တော်တို့ကလည်း လက်မှတ်ထိုးတဲ့ လူစာရင်းကို ပေးပိုင်ခွင့် မရှိတဲ့အတွက် မပေးဘူး။ တကယ်လိုအပ်ရင် ရုံးပိုင်းဆိုင်ရာ တရားဝင် ညွှန်ကြားစာနဲ့ လာတောင်းပါ ဆိုပြီး လာတောင်းတဲ့သူကို ရှင်းပြလိုက်တယ်။ ဒီနေ့တော့ လာမတောင်းသေးဘူး” ဟု ၎င်းက ဇွန်လ ၄ ရက်နေ့တွင် ပြောကြားသည်။



ကလေးဝမြို့နယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ကျေးရွာများတွင် မေလ ၂၇ ရက်နေ့ မြို့ပေါ်တွင် ဇွန်လ ၁ ရက်နေ့မှ စ၍ လက်မှတ်များ ကောက်ခံလျက်ရှိရာ လက်ရှိအချိန်ထိ မြို့ပေါ်ဒေသခံ လက်မှတ်ရေးထိုးသူ လူဦးရေ ၅၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း ယင်းမြို့နယ် ပါတီတာဝန်ရှိသူများထံမှ သိရှိရသည်။



“ကျေးရွာတွေက စာရင်းတွေ ပေါင်းမကြည့်ရသေးဘူး။ ဇူလိုင်လ ၁၉ ရက်နေ့ထိ ပြုလုပ်မှာ ဖြစ်တဲ့အတွက် အဲဒီအချိန်မှ ဘယ်လောက်ရှိတယ် ဆိုတာ ပြောနိုင်မယ်” ဟု ကလေးဝမြို့နယ် NLD ပါတီဝင်တစ်ဦးက ပြောဆိုသည်။



ကလေးမြို့တွင်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုးပွဲများ ပြုလုပ်လျက် ရှိသည်ကို လွတ်လပ်စွာ ပြုလုပ်ခွင့် ပေးထားကြောင်း၊ ကလေးဝမြို့တွင် လက်မှတ်ရေးထိုးရန် စာရွက် ဝေငှသည်ကိုသာ သိထားကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းက ပြောကြားသည်။



စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုးမှုအား ရဲတပ်ဖွဲ့ဝင်အချို့က စောင့်ကြည့်မေးမြန်းမှုများ ရှိကြောင်း ယင်းမြို့နယ် ပါတီထံမှ သိရပြီး ရဲတပ်ဖွဲ့အနေနှင့် NLD အပါအဝင် မည်သည့် ပါတီကိုမျှ နောက်ယောင်ခံ စောင့်ကြည့်မှုမျိုး မပြုလုပ်ခဲ့ကြောင်း၊ ပုဒ်မ ၄၃၆ ဆန္ဒထုတ်ဖော် လက်မှတ်ရေးထိုးပွဲကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးထားကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်သော်က ရှင်းပြထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1jTpvtk

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...