Skip to main content

အခြေခံလစာ တိုးမြှင့်ပေးရန် Han Jen အထည်ချုပ်လုပ်သား ၆၀၀ ဆန္ဒပြ ရန်ကုန်၊ ဇွန် ၄...



အခြေခံလစာ တိုးမြှင့်ပေးရန် Han Jen အထည်ချုပ်လုပ်သား ၆၀၀ ဆန္ဒပြ



ရန်ကုန်၊ ဇွန် ၎



မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်နိုင်ခြင်း မရှိသေးရာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန် အမှတ် (၂) မှ Han Jen အထည်ချုပ် အလုပ်သမား ၆၀၀ ဝန်းကျင် အခြေခံလစာ တိုးမြှင့်ပေးရန် ဇွန်လ ၂ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြောင်း အလုပ်သမား ကိုယ်စားလှယ် ဒေါ်အိအိငြိမ်းက ပြောကြားသည်။



လက်ရှိ ရရှိနေသည့် အခြေခံလုပ်အားခ ကျပ်ခြောက်သောင်းကို နှစ်သောင်းကျပ် ထပ်မံတိုးမြှင့်ပေးရန်၊ တစ်နှစ်ပြည့် အလုပ်သမားများကို နှစ်တိုးကြေး ကျပ်သုံးထောင်ပေးရန်၊ အချိန်ပိုနှင့် အလုပ်ဆင်းချိန် တိတိကျကျ ခွဲခြားသတ်မှတ်ပေးရန်၊ လုပ်အားခကို လဆန်း ၅ ရက်နေ့တွင် ထုတ်ပေးရန်၊ အလုပ်ဆင်းရန် ပျက်ကွက်သည့် လုပ်သားများကို ရာထူးမချရန် အချက်တို့ကို တောင်းဆိုခြင်း ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရှိရသည်။



နေစရိတ်နှင့် စားစရိတ်များက ဈေးတက်နေသဖြင့် အခြေခံလုပ်ခလစာ ကျပ်ခြောက်သောင်း ရရှိသော်လည်း နယ်ဝေးမှ လာသည့် အလုပ်သမားများအတွက် အဆင်မပြေသဖြင့် ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်မှ လာရောက် လုပ်ကိုင်သူလည်း ဖြစ်သူ ဒေါ်အိအိငြိမ်းက ဆိုသည်။

“အချိန်ပိုပါ အားလုံးပေါင်းမှ တစ်သိန်းကျော်ပဲ ရတယ်။ အိမ်ပို့ဖို့ ဘယ်လိုမှ အဆင်မပြေဘူး” ဟု ၎င်းက ရှင်းပြသည်။



လုပ်သားများ ဆန္ဒပြ တောင်းဆိုနေသည့် ကိစ္စနှင့် ပတ်သက်၍ Han Jen အထည်ချုပ်စက်ရုံ ရုံးအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်း ဖြေဆိုသူက စက်ရုံတွင် တာဝန်ခံ ဖြေနိုင်သူများ မရှိဟု ပြန်လည် ဖြေကြားခဲ့သည်။



Han Jen အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၈၄၈ ဦးရှိကြောင်း လုပ်သားများထံမှ သိရှိရသည်။



မြန်မာနိုင်ငံ၌ လုပ်ငန်း နယ်ပယ်စုံတွင် ပထမဆုံးအကြိမ်အဖြစ် သတ်မှတ်မည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ယခုနှစ် စက်တင်ဘာလတွင် တရားဝင် သတ်မှတ်ပြဋ္ဌာန်းကာ လာမည့် ဒီဇင်ဘာလတွင် စတင် ကျင့်သုံးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထင်အောင်က ဇွန်လ ၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1xaFkWD

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...