Skip to main content

နွားနို့ သည် အရိုးများကို သန်မာစေခြင်းမရှိဘဲ အသက်အရွယ်ကြီးရင့်စေကြောင်း အသစ်လေ့လာတွေ့ ရှိ







ကျန်းမာရေး၊ အောက် ၃၁၊ သမန်းကျား

နွားနို့ သည် အရိုးများကို ကြီးထွားသန်မာစေသည်ဟု မူလကယုံကြည်ထားချက်သည် မှားယွင်းနေပြီး နွားနို့ တွင် ပါရှိသော သကြားဓါတ်များက အသက်အရွယ်ကြီးရင့်မှုကို မြန်ဆန်စေကြောင်း ဆွီဒင်နိုင်ငံ အပ်ပဆာလာတက္ကသိုလ် မှ သုတေသီများက အသစ်လေ့လာတွေ့ ရှိ ထုတ်ပြန်ကြေငြာထားသည်။


ဆွီဒင်နိုင်ငံတွင် လူပေါင်း (၁)သိန်းထက်မနည်းတို့ ၏ နွားနို့ နှင့်နို့ ထွက်ပစ္စည်း စားသုံးခြင်းကို သုတေသီများက စောင့်ကြည့်လေ့လာခဲ့ကြသည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ အတွင်း အမျိုးသမီး ၆၁၄၀၀ ဦး ကိုလည်းကောင်း၊ ၁၉၉၇ နောက်ပိုင်းတွင် အမျိုးသား ၄၅၃၀၀ ဦးကိုလည်းကောင်း နွားနို့ ၊ ဒိန်ခဲနှင့် နို့ ချဉ် မည်ရွေ့ မည်မျှသောက်သုံးသည် ကို မေးမြန်းစာရင်းပြုစုထားရှိခဲ့ပြီး အမျိုးသမီးများကို နောက်ထပ် (၂၀) နှစ်၊ အမျိုးသားများကို နောက်ထပ် (၁၁) နှစ် စောင့်ကြည့်လေ့လာခဲ့ကြရာ တစ်ရက်လျင် နွားနို့  (၃) ခွက်ထက်ပို၍သောက်သော အမျိုးသမီးများသည် နွားနို့  အသောက်နည်းသော အမျိုးသမီး များထက် အရိုးကျိုးသည့်နှုန်းပိုသည်ကို တွေ့ ရှိခဲ့ကြခြင်းဖြစ်သည်။


နွားနို့ အသောက်များတဲ့ အမျိုးသမီးတွေက အရိုးကြွပ်ပြီး ပိုကျိုးလွယ်ပါတယ်။ နွားနို့ အသောက်များတဲ့ အမျိုးသား တွေရော၊ အမျိုးသမီးတွေပါ သေဆုံးချိန်ပိုစောတာကို တွေ့ ရပါတယ်။ တစ်ရက်ကို နွားနို့  (၃) ခွက်နဲ့ အထက် သောက်တဲ့ အမျိုးသမီးတွေဟာ တစ်ရက်ကို နွားနို့ တစ်ခွက်ပဲသောက်တဲ့ အမျိုးသမီးတွေထက် အချိန်မတိုင်မှီ သေဆုံးနိုင်ခြေ ၂-ဆပိုပါပြီး တင်ပဆုံရိုးကျိုးဖို့ ရာနှုန်း (၅၀) ပိုပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။


သို့ သော် နို့ ချဉ်ကဲ့သို့  နို့ ထွက်ပစ္စည်းများကို စားသုံးသူများတွင်မူ အရိုးခိုင်မာလာသည်ကို တွေ့ ရှိရသည့်အတွက် နွားနို့ တွင်ပါရှိသော လက်ခတို့ စ်နှင့် ဂလက်တို့ စ် သကြားဓါတ်ပါဝင်မှုသည် နို့ ချဉ်တွင် လျော့နဲသွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ သို့ သော် နွားနို့ ဖြစ်စေ၊ နို့ ချဉ်ဖြစ်စေ အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေနိုင်ကြောင်း ဤသုတေသန စာတမ်းတွင် ဖော်ပြပါရှိသည်။


သို့ သော် နွားနို့ သောက်သုံးသူများသည် အယ်လကိုဟောသောက်သုံးခြင်း၊ ကျန်းမာသော ကိုယ်အလေးချိန် မရှိခြင်း တို့ ကြောင့်လည်း အရိုးကြွပ်ဆတ်ပြီး အိုမင်းရင့်ရော်မှု မြန်ဆန်ခြင်းတို့  ဖြစ်နိုင်သေးသည်ဟု သုတေသီများ က ယူဆသည့်အတွက် နွားနို့ နှင့်နို့ ထွက်ပစ္စည်းတို့ ကို အလွန်အကျွံသောက်သုံးခြင်းကြောင့် အရိုးကြွပ်ဆတ်ပြီး အသက်တိုစေသည်ဟူသည့် အဆိုပြုချက်ကို သိပ္ပံပညာရှင်များ အတည်မပြုနိုင်သေးပေ။


နွားနို့ က အရိုးကိုသန်မာစေပြီး တင်ပဆုံရိုးကို ပိုမိုခိုင်မာလာစေသလို နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါကိုလည်း အထိုက်အလျောက် အကျိုးပြုတယ်လို့  ကမ္ဘာပေါ်မှာ ကျယ်ပြန့် စွာ သိရှိယုံကြည်ထားတဲ့အတွက် ဆန့် ကျင်ဘက် သဘောဆန်နေတဲ့ ကျွန်တော်တို့ ရဲ့ တွေ့ ရှိချက်ကို အခုထက်ပိုပြီး ခိုင်မာပြည့်စုံလာအောင် ဆက်လက်လေ့လာ နေပါတယ်ဟု ဦးဆောင်သုတေသီတစ်ဦးက ပြောပြသည်။


Lashio News Diary

http://ift.tt/1nOyRIT





from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1s23HRe

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...