Skip to main content

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီး ယူရန် လိုအပ်...



ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီး ယူရန် လိုအပ်ဟု (၂၆) နှစ်မြောက် ‘တံတားနီနေ့’ အခမ်းအနားသို့

ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင် ပါရှိ



ရန်ကုန်တက္ကသိုလ်များ ကျောင်းသားလှုပ်ရှားမှု “တံတားနီနေ့” (၂၆)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀၁၄ ခုနှစ် မတ် ၁၆ ရက်က ရန်ကုန်မြို့ အင်းလျားကန်ပေါင်၌ ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ရာ တံတားနီနေ့ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ အပါအ၀င် အားလုံးသည် မပြီးဆုံးသေးသည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီးယူကြဖို့ လိုအပ်နေပြီဖြစ်သည်ဟု သ၀ဏ်လွှာတွင် ဖော်ပြပါရှိသည်။



“တံတားနီနေ့ အပါအ၀င် အထိမ်းအမှတ်နေ့တွေဟာ သမိုင်းရေးရာ တန်ဖိုးနဲ့ အချက်အလက်တွေကို မမေ့လျော့စေဖို့အပြင် ဒီနေ့ခေတ်ရဲ့ သမိုင်းတာဝန်တွေကို ဆက်ပြီးထမ်းဆောင်ဖို့၊ ကျေပွန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါရှိမယ်လို့ ယုံကြည်ရင်း ဒီသ၀ဏ်လွှာကို ပေးပို့လိုက်ရပါတယ်” ဟု အဆိုပါသ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို ဖော်ပြထားသည်။



လွန်ခဲ့သည့် (၂၆)နှစ် ၁၉၈၈ ခုနှစ် မတ်လတွင် တစ်ပါတီ အာဏာရှင်စနစ်၏ ဖိနှိပ်မှု၊ မတရားမှုများကို ငြိမ်းချမ်းစွာ ဆန့်ကျင်မှုပြုလုပ်ခဲ့ကြသည့် ရန်ကုန်တက္ကသိုလ်များမှ တက္ကသိုလ်ကျောင်းသားများအား အာဏာပိုင်များက အင်အားသုံးနှိမ်နင်းမှုများကြောင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများစွာ သေဆုံးဒဏ်ရာ ရခဲ့ကြသည့်အပြင် ကျောင်းသား၊ ကျောင်းသူများစွာ ဖမ်းဆီးခံခဲ့ကြရကြောင်း သိရသည်။



“၁၉၈၈ ခုနှစ် မတ်လကာလတစ်ဝိုက်မှာ တိုင်းပြည်ရဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် ပြည်သူတွေရဲ့မကျေနပ်ချက်တွေဟာ အထွတ်အထိပ်ကို ရောက်နေခဲ့ပါတယ်။ ပြည်သူတွေရဲ့ ခံစားချက်ဆန္ဒတွေကို ထင်ဟပ်တဲ့ကြေးမုံပြင်ဖြစ်တဲ့ ကျောင်းသားများဟာ ရှေ့တန်းကထွက်ပြီး လမ်းမပေါ်ရောက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့(၂၆)နှစ်က အင်းလျားကန်ပေါင်ဘေးမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ တိုင်းပြည်တစ်ခုလုံးရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် တရားဥပဒေစိုးမိုးရေး အခြေအနေတွေကို ဖော်ထုတ်လှစ်ဟလိုက်တာပါ” ဟု သ၀ဏ်လွှာတွင် ပါရှိသည်။ တရားမဲ့မှု မမျှတမှုနှင့် ဖိနှိပ်မှုများအား အသက်များ ဘ၀များ ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့မှုများအတွက် ဂုဏ်ပြုမှတ်တမ်းတင်ရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံအား တည်ဆောက်ရာတွင် တရားမျှတသော၊ လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်စေရေးအတွက် မြန်မာပြည်သူ ပြည်သားများ ဖြတ်သန်းခဲ့ရသည့် အမှောင်ခေတ် သမိုင်းဆိုးများ ထပ်မံမပေါ်ပေါက်စေရန်နှင့် အခွင့်အရေး တန်းတူညီမျှပြီး လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်စေရေးအတွက် အမျိုးသား ရင်ကြားစေရေးနှင့် တစ်မျိုးသားလုံး ပါဝင်သော ပြန်လည်တည်ဆောက်ရေးသည် မရှိမဖြစ် လိုအပ်သည်ဟု (၂၆) နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် ကျင်းပရေးကော်မတီမှ ထုတ်ပြန်ခဲ့သည့် ကြေညာစာတမ်းတွင် ဖော်ပြထားသည်။



(မတ် ၁၆ ရက်က ရန်ကုန်မြို့ အင်းလျားကန်ပေါင်တွင် ပြုလုပ်ခဲ့သော ရန်ကုန်တက္ကသိုလ်များ ကျောင်းသားလှုပ်ရှားမှု ‘တံတားနီနေ့’ (၂၆)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တွေ့ရစဉ်)





from Eleven Media Group's Facebook Wall http://ift.tt/1eJp6YS

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...