Skip to main content

ပုဂ္ဂလိကဘဏ် ၂၂ ဘဏ်ရှိသည့်အနက် ၁၂ ဘဏ်သာ ထိပ်တန်းအခွန်ဆောင်စာရင်းတွင် ပါဝင်၊ မ,တည်...



ပုဂ္ဂလိကဘဏ် ၂၂ ဘဏ်ရှိသည့်အနက် ၁၂ ဘဏ်သာ ထိပ်တန်းအခွန်ဆောင်စာရင်းတွင် ပါဝင်၊

မ,တည်ထားသည့် ငွေများမှာ ငွေဖြူဖြစ်မဖြစ် စစ်ဆေးထားသည့် အထောက်အထားများ ချပြသင့်



သတင်းဆောင်းပါး



မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၂၂ ဘဏ်အထိ တည်ထောင်လုပ်ကိုင်ခွင့်ပြုထားပြီး အဆိုပါ ဘဏ်များထဲတွင် ၁၂ ဘဏ်သာ ထိပ်တန်းအခွန်ဆောင်သည့် စာရင်းတွင် ပါဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာ၏ ထုတ်ပြန်ထားချက်များက ဖော်ပြလျက် ရှိပါသည်။



၂၀၁၁-၂၀၁၂ ခုနှစ်က ထုတ်ပြန်ချက်အရ ၀င်ငွေခွန်ပေးဆောင်သည့် ထိပ်တန်း ၁၀၀ ဦးစာရင်းတွင် ဘဏ် ၁၀ ခုသာ ပါဝင်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးစာရင်းတွင်လည်း ဘဏ် ၁၂ ဘဏ်သာ ပါဝင်ခဲ့ခြင်းဖြစ်သည်။



ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် ထိပ်တန်းအခွန်ထမ်း ၁၀၀ ဦးစာရင်းနှင့် ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးအထိ စာရင်းများတွင် နှစ်နှစ်စလုံး မပါဝင်သည့် ဘဏ်များထဲတွင် စင်ကာပူ Channel New Asia က Mr.Clean ဟု ခေါ်ဝေါ်သုံးစွဲခဲ့သော Mr.Serge Pun ၏ ရိုးမဘဏ်အပြင် ဦးအောင်သောင်း၏သား ဦးနေအောင် တည်ထောင်သည့် United Amara Bank(UAB) ဘဏ်၊ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ နေပြည်တော် စည်ပင်ဘဏ်ကဲ့သို့ ဘဏ်များပင် ပါဝင်လျက်ရှိသည်။



အခွန်ပေးဆောင်သည့်ဘဏ်များ အားလုံးထဲတွင်လည်း ကမ္ဘောဇ KBZ ဘဏ်မှာ အများဆုံးပေးဆောင်ပြီး CB ဘဏ်မှာ ဒုတိယအများဆုံး၊ ပထမပုဂ္ဂလိကဘဏ်နှင့် စက်မှုဖွံ့ဖြိုးရေးဘဏ်တို့က တတိယနှင့် စတုတ္ထအများဆုံးပေးဆောင်သည့် ဘဏ်များအဖြစ် နှစ်စဉ်ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။



ကမ္ဘောဇဘဏ်သည် ၂၀၁၁- ၂၀၁၂ ခုနှစ်က ကျပ်သိန်းပေါင်း ၁၀၈၂၇၇ အထိ ပေးဆောင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်က ကျပ်သိန်းပေါင်း ၁၇၀၀၀၀ ကျော်အထိ ပေးဆောင်ခဲ့ခြင်းဖြစ်သည်။



ကမ္ဘောဇဘဏ်သည် ၂၀၁၃- ၂၀၁၄ ခုနှစ်အတွက်လည်း ကျပ်သိန်းပေါင်း ၂၂၀၀၀၀ ကျော်အထိ ပေးဆောင်မည်ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် ကျပ်သိန်းပေါင်း ၁၆၀၀၀၀ ကို ကြိုတင်ခွန်အဖြစ် ပေးသွင်းထားပြီး ဖြစ်သည်ဟုလည်း သိရသည်။



CB ဘဏ်သည်လည်း ၂၀၁၁-၂၀၁၂ ခုနှစ်က ကျပ်သိန်းပေါင်း ၃၂၀၀၀ နီးပါး ပေးဆောင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်က ကျပ်သိန်းပေါင်း ၂၄၅၀၀ ကျော်ကို ပေးဆောင်ခဲ့သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်တွင်လည်း ကြိုတင်ခွန်အဖြစ် ကျပ်သိန်းပေါင်း ၂၆၇၀၀ ကျော်ကို ပေးသွင်းထားပြီးဖြစ်ကြောင်း သိရသည်။



ဘဏ်ဟောင်းများထဲတွင် နှစ်စဉ်အခွန်ပေးဆောင်မှုစာရင်းတွင် ပါဝင်သည့် အခြားဘဏ်များမှာ ရန်ကုန်မြို့တော်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မွေး/ရေဘဏ် (ယခု နာမည်ပြောင်းထား)၊ ထွန်းဖောင်ဒေးရှင်းဘဏ်တို့ဖြစ်ပြီး ကျန်ဘဏ်များမှာ စာရင်းတွင် နှစ်စဉ်ပါဝင်ခြင်း မရှိပေ။



ဘဏ်ဟောင်းများ၏ အခွန်ပေးဆောင်မှုအပိုင်းကို နှိုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇ၊ CB ဘဏ်၊ ရန်ကုန်မြို့တော်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မွေး/ရေဘဏ် (ယခု နာမည်ပြောင်းထား)၊ ထွန်းဖောင်ဒေးရှင်းဘဏ်တို့ ကဲ့သို့သော ဘဏ်များက အခွန်ပေးဆောင်နေချိန်တွင် ရိုးမဘဏ်အပြင် မြ၀တီဘဏ်၊ အင်းဝဘဏ်၊ နေပြည်တော် စည်ပင်ဘဏ်ကဲ့သို့ ဘဏ်များက ထိပ်တန်းအခွန်ဆောင် စာရင်းတွင် ပါဝင်လာမှု မရှိခြင်းမှာလည်း ပြောစရာ မေးစရာအဖြစ် ရှိနေသည်။



ရိုးမဘဏ်ထက် သေးသည်ဟု သတ်မှတ်နိုင်သော ပထမပုဂ္ဂလိကဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ရန်ကုန်မြို့တော်ဘဏ်ကဲ့သို့ ဘဏ်များသည်ပင် နှစ်စဉ်ကျပ်သိန်းပေါင်း သောင်းဖြင့်ချီကာ အများပြည်သူကြား ယုံကြည်ရသည့် ဘဏ်များအဖြစ် အခွန်ပေးဆောင်နေချိန်တွင် စင်ကာပူ Channel New Asia က Mr.Clean ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သည့် Mr. Serge Pun ၏ ရိုးမဘဏ်မှာ ထိပ်တန်းအခွန်ထမ်း စာရင်းတွင် ပါဝင်လာမှု မရှိခြင်းမှာလည်း မေးခွန်းထုတ်စရာအဖြစ် ရှိနေသည်။



ရိုးမဘဏ်သည် ၁၉၉၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး နိုင်ငံတစ်ဝန်း အဓိကမြို့ ၂၅ မြို့တွင် ဘဏ်ခွဲပေါင်း ၄၀ ကျော်အထိ ဖွင့်လှစ်လုပ်ကိုင်နေခြင်းဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ပေးဆောင်မှု အပိုင်းတွင် အများပြည်သူနှင့် နိုင်ငံတကာ ယုံကြည်ရလောက်သည်အထိ ပေးဆောင်ထားမှု ရှိမရှိ စိစစ်သင့်ခြင်းဖြစ်သည်။



၂၀၀၃ ခုနှစ်တွင် ငွေကြေးခ၀ါချမှု အပါအ၀င် Bank Crisis ဖြစ်ပြီးနောက် ဘဏ်ကိုးဘဏ်မှာ ဘဏ်လုပ်ငန်းဆိုင်ရာများ ရပ်ဆိုင်းတားဆီးခံခဲ့ရပြီး ရိုးမဘဏ်သည်လည်း ဘဏ်လုပ်ငန်းအချို့ ရပ်ဆိုင်းခံရသည့်ဘဏ် ဖြစ်သည်။



ငွေလွှဲလုပ်ငန်း တစ်မျိုးတည်းသာ လုပ်ကိုင်ခွင့်ရခဲ့သည် ဆိုသော်လည်း အများပြည်သူအနေဖြင့် ငွေလွှဲလုပ်ငန်းများအတွက် ရိုးမဘဏ်ကိုသာ အားထားလုပ်ကိုင်ခဲ့ရာ ငွေလွှဲလုပ်ငန်းတစ်မျိုးတည်း လုပ်ရသည့်တိုင် လုပ်ငန်းလည်ပတ်နိုင်သောဘဏ်အဖြစ် ဘဏ်အသိုင်းအ၀ိုင်း လောကတွင် ခန့်မှန်းထားကြသည်။



၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ရိုးမဘဏ်အား ဘဏ်လုပ်ငန်းများအားလုံး ပြန်လည်လုပ်ကိုင်ခွင့် ပြုလိုက်ပြီဖြစ်သည်။



သို့သော် ၂၀၁၁-၂၀၁၂ ခုနှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၁၀၀ တွင် လည်းကောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးတွင် လည်းကောင်း ရိုးမဘဏ်မှာ ပါဝင်လာခြင်း မရှိခဲ့ပေ။



အခွန်ပေးဆောင်ထားသည်ဟု ဆိုသော်လည်း ဆောင်ထားသည့်ပမာဏကို ဆက်သွယ်မေးမြန်းသည့် အခါတွင် မအားလပ်သည့်အတွက်၊ အခမ်းအနားများ ရှိသည့်အတွက် ဖြေကြားပေးခြင်း မပြုနိုင်သေးဟုသာ ရိုးမဘဏ်မှ ပြန်လည်ပြောကြားခဲ့သည်။



အခွန်ထမ်းစာရင်းတွင် ပါမလာသော်လည်း ရိုးမဘဏ်တည်ထောင်ထားသည့် Mr.Serge Pun သည် လှိုင်သာယာတွင် မြေ ၄၆၅ ဧကပေါ်၌ FMI City၊ မြေ ၆၅၀ ဧကပေါ်၌ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ သန်လျင်ရှိ မြေ ၁၃၅ ဧကပေါ်၌ ကြယ်စင်အိမ်ရာတို့ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိခဲ့သူဖြစ်သည်။



ရန်ကုန်တွင် မြေဧက ၁၂၅၀ အထိ လုပ်ကိုင်ခွင့် ရရှိသည့်အပြင် ဧရာဝတီတိုင်းတွင်လည်း မြေဧကတစ်သိန်းကို စိုက်ပျိုးရေးအတွက် ရယူစီမံနေသူမှာလည်း စင်ကာပူ Channel New Asia က Mr.Clean ဟု ခေါ်ဝေါ်သော Mr.Serge Pun ၏ ကုမ္ပဏီသာ ဖြစ်သည်။



Mr.Serge Pun ၏ လုပ်ငန်းအများစုမှာလည်း စင်ကာပူမှသာ အဓိကလာရောက်သည့် လုပ်ငန်းများဟု စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းတွင် သုံးသပ်ထားကြသည်။



မြန်မာနိုင်ငံအတွင်း Mr.Serge Pun သည် ပုဂ္ဂလိကဆေးရုံ (ပန်းလှိုင်) တည်ထောင်လုပ်ကိုင်ခွင့်၊ Apartment လုပ်ငန်း၊ ဆိုင်ကယ်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်း၊ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအပြင် လုပ်ငန်းပေါင်းများစွာကို အစိုးရအဆက်ဆက် လုပ်ကိုင်ခွင့်ရနေသူဖြစ်ပြီး မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၂၀ ကျော် တည်ထောင်လုပ်ကိုင်နေသူဖြစ်သည်။



Mr.Serge Pun သည် ရိုးမဘဏ် အပါအ၀င် ကုမ္ပဏီပေါင်း ၂၀ ကျော် တည်ထောင်လုပ်ကိုင်သော်လည်း ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်ထားသည့် ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးစာရင်းတွင် ကုမ္ပဏီနှစ်ခုသုံးခုသာ ပါဝင်ခဲ့သည်။



ယင်းအပြင် တပ်မတော်မှ တည်ထောင်ထားသည်ဟုဆိုသော အင်းဝ၊ မြ၀တီဘဏ်တို့သည်လည်း ၂၀၁၁-၂၀၁၂ ခုနှစ်နှင့် ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ဆောင် စာရင်းတွင် လုံးဝပါဝင်ခြင်း မရှိခဲ့သည်မှာလည်း နိုင်ငံတော်သို့ အခွန်ပေးသွင်းမှု အပိုင်းတွင် အများပြည်သူ ယုံကြည်ထိုက်သောဘဏ် ဟုတ်မဟုတ် ဆိုသည်ကိုလည်း စိစစ်သင့်ပါသည်။



၂၀၁၀ ပြည့်နှစ်ရောက်ရှိမှ စတင်တည်ထောင်သည့် မြန်မာ့ရှေ့ဆောင် (Myanmar Apex Bank)၊ ဧရာဝတီဘဏ် (Ayeyarwaddy Bank)၊ AGD ဘဏ်နှင့် United Amara Bank စသည်ဖြင့် ဘဏ်သစ်လေးခု၏ အခွန်ပေးဆောင်မှုပိုင်းကို နှိုင်းယှဉ်ကြည့်လျှင်လည်း မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ဧရာဝတီဘဏ်တို့ကသာ နှစ်စဉ်အများဆုံး ပေးဆောင်ခဲ့ကြသည်။



ပေးဆောင်သည့် ပမာဏပိုင်းတွင်လည်း မြန်မာ့ရှေ့ဆောင်နှင့် ဧရာဝတီဘဏ်တို့သည် နှစ်ပေါင်းများစွာ ဖွင့်လှစ်လုပ်ကိုင်လာသည့် ဘဏ်တချို့ထက်ပင် ပမာဏများစွာ ပိုမိုပေးဆောင် ခဲ့ကြသည်ကို တွေ့ရသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်က မြန်မာ့ရှေ့ဆောင်ဘဏ်သည် ကျပ် ၂၄၄၉၀ သိန်းနီးပါးနှင့် ဧရာဝတီဘဏ်သည်လည်း ကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော်အထိ ပေးဆောင်ခဲ့ကြခြင်းဖြစ်ပြီး ယခင်ကတည်းက ဘဏ်ထောင်လုပ်ကိုင်လာသည့် ထွန်းဖောင်ဒေးရှင်းဘဏ်ကဲ့သို့သော ဘဏ်အချို့ထက် ပိုမိုပေးဆောင်ခဲ့သည်ကို တွေ့ရသည်။



ဘဏ်သစ်လေးဘဏ်ထဲတွင်လည်း အစိုးရအဆက်ဆက် အထူးအခွင့်အရေး ရခဲ့သည့် IGE မှ တည်ထောင်ထားသော United Amara Bank သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က ထုတ်ပြန်သည့် ထိပ်တန်း ၁၀၀ ဦးစာရင်းတွင် လည်းကောင်း ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ဆောင်သည့် ၅၀၀ ဦးစာရင်းတွင် လည်းကောင်း ပါဝင်လာခြင်း မရှိပေ။ (ယခုနှစ်အတွက် ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဆက်သွယ်မည်ဟုသာ ပြောခဲ့ပြီး အခွန်ဆောင်ထားသည့် ပမာဏအား ပြောကြားခဲ့ခြင်း မရှိပါ)



ဦးတေဇ၏ AGD ဘဏ်မှာမူ ၂၀၁၁-၂၀၁၂ ခုနှစ်က ကျပ်သိန်း ၁၂၀ ကျော် ပေးဆောင်ပြီး၊ ၂၀၁၂-၂၀၁၃ ခုနှစ်က ကျပ်သိန်း ၂၃၀ ကျော် ပေးဆောင်ခဲ့ကြောင်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ကြိုတင်ခွန် ကျပ်သန်း ၃၀၀၀ သွင်းထားသည်။



၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်သည့် အခွန်ထမ်း ၅၀၀ ဦး စာရင်းတွင် AGD ဘဏ်သည် ကျပ်သိန်း ၂၃၀ ကျော်ပေးဆောင်ပြီး အဆင့် ၃၆၅ ဆင့်မြောက်တွင် ရပ်တည်နေခြင်းဖြစ်ရာ အဆိုပါ အခွန်ထမ်း ၅၀၀ ဦး စာရင်း၌ပင် ပါဝင်လာခြင်းမရှိသည့် UAB ဘဏ်ဆိုလျှင် သိန်း ၂၃၀ အောက်များစွာနည်းသည့် ပမာဏသာ ပေးဆောင်ခြင်း၊ သို့တည်းမဟုတ် မပေးဆောင်ရသေးခြင်းလည်း ဖြစ်နိုင်သည်။



ဘဏ်သစ်လေးခု၏ အခွန်ပေးဆောင်မှုပိုင်းကို ကြည့်လျှင်လည်း စတင်တည်ထောင် လုပ်ကိုင်ကြတာခြင်း အတူတူ၊ စတင်မ,တည်သည့် ငွေရင်းကျပ်သိန်းပေါင်း နှစ်သိန်းဆိုသော ပမာဏချင်း အတူတူ ဖြစ်သော်လည်း ဧရာဝတီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်သာ အခွန်ကို ထိုက်တန်စွာ ပေးဆောင်ကြပြီး ကျန်ဘဏ်များမှာ ၎င်းတို့ထက် များစွာနည်းပါးသည့် ပမာဏသာ ပေးဆောင်ခဲ့ကြသည်ကို တွေ့ရသည်။



အတူတူ တည်ထောင်သည့် အခြားဘဏ်သစ်များ အခွန်ထိုက်တန်စွာ ပေးဆောင်နေချိန်တွင် UAB ဘဏ်အနေဖြင့် ထိပ်တန်းအခွန်စာရင်းတွင် ပါဝင်မလာခြင်းမှာလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေပြီး နိုင်ငံတော်သို့ အခွန်ပေးဆောင်မှုပိုင်းတွင် အများပြည်သူ ယုံကြည်ထိုက်သည့်ဘဏ် ဟုတ်မဟုတ် စိစစ်သင့်သည်။



ဘဏ်ဟောင်းများအတွင်း၌ ဖြစ်စေ၊ ဘဏ်သစ်များအတွင်း၌ ဖြစ်စေ ထိုကဲ့သို့ အခွန်ပေးဆောင်မှုပိုင်း ကွာခြားချက်များ၏ အဓိကပြဆိုသည့် အကြောင်းတရားမှာ တစ်ဖက်က အခွန်လိမ်ညာ လျှော့နည်းပေးဆောင်ခြင်း၊ အခွန်ရှောင်ခြင်း သို့တည်းမဟုတ် တစ်ဖက်တွင် အခွန်ကောက်ခံရာ၌ ခွဲခြားကောက်ခံမှု၊ မမျှမတကောက်ခံမှု ရှိနေသည်ဆိုသည့်ဘက်သို့သာ ပြဆိုနေပါသည်။



မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချလိုသူများ အလွယ်တကူ ၀င်ရောက်နိုင်သည့် ကဏ္ဍများ ရှိနေသည့်အတွက် (ဥပမာ-ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံသည့် လုပ်ငန်းအချို့)လည်း ရင်းနှီးထားသည့်ငွေများ ငွေဖြူဟုတ်မဟုတ် ဆိုသည်ကိုလည်း တိကျစွာ စစ်ဆေးရန် လိုအပ်လာပြီဖြစ်သည်။



လက်ရှိမြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်ပေါင်း ၂၂ ဘဏ်ထိရှိရာ ဘဏ်တစ်ဘဏ်လျှင် ရင်းနှီးမြှုပ်နှံငွေ အနည်းဆုံး ကျပ်ဘီလျံ ၅၀ ဖြင့်တွက်လျှင်ပင် ကျပ်ဘီလျံပေါင်းများစွာ မြှုပ်နှံထားကြပြီး ဖြစ်သည်။



ငွေဖြူဟုတ်မဟုတ် စိစစ်သင့်သည့် အဓိကအချက်မှာ ဘဏ်များသည် အများပြည်သူ ယုံကြည်ထိုက်သည့်ဘဏ်များ ဟုတ်မဟုတ်၊ ငွေဖြူများဖြင့်လုပ်သည့်ဘဏ်များ ဟုတ်မဟုတ် အများပြည်သူကိုယ်တိုင် ပြန်လည်သိခွင့် ရှိပေသည်။ ဥပမာအားဖြင့် ငွေဖြူမဟုတ်ဘဲ ငွေကြေးခ၀ါချမှုမျိုးဖြင့် ဆက်စပ်သည့်အတွက် ၂၀၀၃ ခုနှစ်က ဘဏ်အကျပ်အတည်း ပေါ်ပေါက်ခဲ့ဖူးပြီး အများပြည်သူတို့ နစ်နာမှုအချို့ ကြုံခဲ့ရပြီးဖြစ်သည်။



လက်ရှိတွင် ထိပ်တန်းအခွန်ထမ်းစာရင်းတွင် ပါဝင်သည့် ပုဂ္ဂလိကဘဏ်များမှာမူ နိုင်ငံတော်သို့ ထိုက်တန်စွာ အခွန်ပေးဆောင်ခြင်းဖြင့် အများပြည်သူ ယုံကြည်ရသည့် ဘဏ်များအဖြစ် သက်သေပြလျက်ရှိသည်။



နိုင်ငံတော်သို့ အခွန်ထိုက်တန်စွာ ပေးဆောင်သည့် ဘဏ်များ၊ ငွေဖြူဖြင့်သာ တည်ထောင်ထားသည့် ဘဏ်များမှသာလျှင် အများပြည်သူ ယုံကြည်ထိုက်သည့်ဘဏ်များ ဖြစ်မည်ဖြစ်ပြီး ထိုသို့မဟုတ်ပဲ အခွန်ထမ်းစာရင်းတွင် အကြိမ်ကြိမ် ပါဝင်မလာသည့် ဘဏ်များကိုမူ အများပြည်သူ ယုံကြည်ထိုက်မထိုက် ပြည်သူကသာ ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။



Read More =====> http://ift.tt/1mbQaI3



(ဘဏ်လုပ်ငန်းရှင်များ အပါအ၀င် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များနှင့်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံကြစဉ်)





from Eleven Media Group's Facebook Wall http://ift.tt/1eJparB

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3