Skip to main content

ရွေးကောက်ပွဲ ကတိမတည်ဟု ဆိုကာ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို တာဝ...



ရွေးကောက်ပွဲ ကတိမတည်ဟု ဆိုကာ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို တာဝန်မှ ရုပ်သိမ်းရေး မဲဆန္ဒရှင်အချို့ ပြင်ဆင်



ထားဝယ်၊ မတ် ၁၆



တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးအား ရွေးကောက်ပွဲ ကတိမတည်ဟု ဆိုကာ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းပေးရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရန် စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုကို ကမကထ ပြုသည့် ကံပေါက်ဒေသ ဖွံ့ဖြိုးရေး ကွန်ရက်က ပြောကြားသည်။



၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသော ရေဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးသည် ကံပေါက်ဒေသ ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လွှတ်တော်ကဏ္ဍတွင် သာမက ပြည်သူများနှင့် တွေ့ဆုံပြီး ဦးစီး ဆောင်ရွက်ပေးခြင်း မရှိခြင်းကြောင့် ယင်းသို့ ကန့်ကွက်ရန် ပြည်သူများ၏ သဘောထား လက်မှတ်များကို မတ်လ ၆ ရက်နေ့မှ စတင် စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းကွန်ရက်မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။



“၂၀၁၀ မဲလာဆွယ်တုန်းကတော့ အမတ်လောင်းဖြစ်ရင် လမ်းဖောက်ပေးမယ်။ မီးရအောင် လုပ်ပေးမယ် ပြောပြီးတော့ အခု ၂၀၁၄ ရောက်သွားပြီ ဘာမှ မဖြစ်လာဘူး” ဟု အထက်ပါ အဖွဲ့ဝင်က ဆိုသည်။



ကံပေါက်ဒေသတွင် အမှန်တကယ် လိုအပ်နေသည့် လမ်း၊ မီး စသည့် လိုအပ်ချက်များကို လွှတ်တော်တွင် တင်ပြပေးခြင်း၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနှင့် လာရောက် တွေ့ဆုံခြင်း ဆွေးနွေးပေးခြင်း မရှိခဲ့ဖူးဟု ကံပေါက်ဒေသ ဖွံ့ဖြိုးရေး ကွန်ရက်က ပြောကြားသည်။



ရေဖြူမြို့နယ် မဲဆန္ဒနယ် ပြည်သူများ၏ လက်မှတ်များကို ရနိုင်သမျှ စုဆောင်းသွားမည် ဖြစ်ပြီး လက်မှတ် ၁၅၀၀ ခန့် ရရှိနေပြီ ဖြစ်ကြောင်း အထက်ပါ ကွန်ရက်က ဆိုသည်။



ဦးဝင်းဦး ဝင်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် မူလ မဲဆန္ဒရှင်၏ ၁ ရာခိုင်နှုန်း ဖြစ်သည့် လက်မှတ် အရေအတွက် မည်မျှလိုမည်၊ လက်ရှိ ရရှိထားသည့် လက်မှတ်များတွင် မူလ မဲဆန္ဒရှင် မည်မျှ ပါသည်တို့ကို သိရှိနိုင်ရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။



“ပါတီကို တိုက်ခိုက်တာ၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာ၊ သူ့ကိုယ်ကျိုး စီးပွားကို ဆုတ်ယုတ်အောင် လုပ်တာ မဟုတ်ပါဘူး။ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ လုပ်ဆောင်မှု အားနည်းလို့ပါ” ဟု အထက်ပါ အဖွဲ့ဝင်က ဆိုသည်။



အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကို ဆက်သွယ်မေးမြန်းရာ မိမိအနေနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ကိုင်နေပြီး မဲဆန္ဒနယ် အတွင်းရှိ ရွာများအနက် ကံပေါက်ကို အများဆုံး ရောက်ကြောင်း၊ ဒေသခံများ အနေနှင့် သဘော မပေါက်သည့် အတွက် ယင်းသို့ လုပ်ကိုင်ခြင်း ဖြစ်နိုင်ကြောင်း ပြန်လည် ဖြေကြားသည်။



ပြည်ထောင်စုလွှတ်တော်တွင် ရွာထဲက လမ်းကိစ္စလောက်ကို ဆွေးနွေး၍ မရဘဲ ယင်းကိစ္စမျိုးကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက တိုင်းလွှတ်တော် အတွင်းတွင် ဆွေးနွေးရမည် ဖြစ်ကြောင်း၊ မိမိအနေနှင့် ရေဖြူမြို့နယ် အတွင်းရှိ ရေနက်ဆိပ်ကမ်း ကိစ္စ၊ စက်မှုဇုန် ကိစ္စများကို လွှတ်တော်အတွင်း မေးမြန်းခဲ့သကဲ့သို့ပင် ကံပေါက်လမ်းခင်းမည့် ကိစ္စကိုလည်း ကုမ္ပဏီကိုလည်း ပြောပေးဖူးကြောင်း ဦးဝင်းဦးက တုံ့ပြန် ပြောကြားသည်။



“လွှတ်တော် ကိုယ်စားလှယ် လုပ်ရတာ ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူလည်း ရှိမှာပဲလေ။ ဒီလိုပဲပေါ့။ လူတစ်သိန်း ရှိတာကို တစ်သိန်းလုံး ကျေနပ်အောင် မလုပ်နိုင်တာ ကျွန်တော်ညံ့လို့ပဲ ပြောကြပါစို့” ဟု ဦးဝင်းဦးက ဆိုသည်။



လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုလျှင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များ အနက် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည် ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ) တွင် ဖော်ပြထားသည်။



ယင်းတိုင်ကြားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့် အညီ စုံစမ်း စစ်ဆေးရမည် ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် အနေနှင့်လည်း ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော် လည်းကောင်း ပြန်လည် ချေပခွင့် ရှိသည်။



(Dawei Watch)

from The Voice Weekly's Facebook Wall http://ift.tt/1gsGWyM

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3