Skip to main content

လက်ပံတောင်းတောင် စီမံကိန်းအား မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စနစ်တကျ စီမံခန့်ခွဲန...



လက်ပံတောင်းတောင် စီမံကိန်းအား မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိကြောင်း ESIA အစီရင်ခံစာတွင် ဖော်ပြ



စတင်ထုတ်လုပ်သည့်အချိန်မှ မိုင်းပိတ်သိမ်းချိန်အထိ ဆိုးကျိုးများစွာ ကြုံတွေ့နိုင်ပြီး စီမံကိန်းမှ ထွက်ပေါ်လာသည့် စွန့်ပစ်ကျောက် တစ်ဘီလျံတန်မှ အလွန်အမင်း ဆိုးရွားသော အန္တရာယ် ဖြစ်ပေါ်လာစေနိုင်သော လက်ပံတောင်းတောင်စီမံကိန်းအား လုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေနှင့် စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် Knight Pie'sold-KP က ရေးသားထားသည့် ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ (ESIA) တွင် ရေးသားဖော်ပြထားသည်။



“ကုမ္ပဏီကလည်း မလုပ်နိုင်ဘူး။ အစိုးရကရော လုပ်နိုင်ပါ့မလား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သတ္တုတွင်း ၀န်ကြီးဌာနရော၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနကပါ လုပ်နိုင်တဲ့ Capacity မရှိဘူး။ ကုမ္ပဏီကလည်း မလုပ်နိုင်ဘူး။ အစိုးရကလည်း မလုပ်နိုင်ဘူးဆိုရင် ဒီလောက်ကြီးတဲ့ အန္တရာယ်ကြီးကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲ” ဟု Eco-Dev မှ ဦးဝင်းမျိုးသူက ပြောကြားသည်။



မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်ကိုင်နေသည့် လက်ပံတောင်းတောင် ကြေးနီသတ္တုတူးဖော်ခြင်း လုပ်ငန်းတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီက စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း မရှိသည့်အတွက် ဖြစ်ပေါ်နေသည့် သက်ရောက်မှုများကို သင့်တော်သည့် အစိုးရအဖွဲ့အစည်းမှနေ၍ ကြီးကြပ်ထိန်းကျောင်းပြီး ရေရှည်တွင် ပတ်ဝန်းကျင်ကောင်းများကို ထိန်းထားနိုင်ရန်အတွက် ဆောင်ရွက်ရန်လိုအပ်နေကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။



လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း၏ အဓိက ဆိုးကျိုးများအနက် စွန့်ပစ်ကျောက်များမှ ထွက်ပေါ်လာသည့် အက်စစ်ပျော်ရည်သည် စီမံကိန်းဧရိယာ၏ မြေပေါ်နှင့် မြေအောက်ရေတို့အား အလွန်အမင်း ဆိုးရွားသောအန္တရာယ် ဖြစ်လာစေနိုင်ကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် Knight Pie'sold-KP က ရေးသားထားသည့် ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ (ESIA) အရ သိရသည်။



စီမံကိန်းမှ မိုင်းသက်တမ်းနှစ် (၃၀) အတွင်း ခန့်မှန်းတန်ချိန် တစ်ဘီလျံ ကြေးနီများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စွန့်ပစ်ကျောက်များ ဖယ်ရှားမှု အချိုး ၀ ဒသမ ၉၉ အရ စွန့်ပစ်ကျောက် တစ်ဘီလျံတန် ထွက်ရှိလာမည်ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။



မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီသတ္တု တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ စွန့်ပစ်ကျောက်များမှ ဖြစ်ပေါ်လာသော သတ္တုဓာတ်ပါသည့် အက်စစ်ပျော်ရည်သည် စီမံကိန်းဧရိယာ၏ မြေပေါ်နှင့်မြေအောက်ရေတို့အား ပတ်ဝန်းကျင်ဆိုင်ရာ အလွန်အမင်းဆိုးဝါးသော အန္တရာယ်တစ်ခု ဖြစ်စေနိုင်သည်။



၎င်းအပြင် စီမံကိန်းဧရိယာမှ ထွက်ရှိလာနိုင်ဖွယ်ရှိသော ရေသည်လည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။



ထို့ပြင် စွန့်ပစ်ကျောက်တုံးပုံတွင် စွန့်ပစ်မည့် ကျောက်တုံးများကို ဘူမိဓာတု အရည်အသွေး စစ်ဆေးရာ၌ စစ်ဆေးသည့် ကျောက်တုံးများ၏ ၇၁ ရာခိုင်နှုန်းသည် ရေ၊ လေ တို့နှင့် ထိတွေ့ပါက အက်စစ်ရေများကို ဖြစ်စေနိုင်ပြီး ၁၈ ရာခိုင်နှုန်းသည် အခြားဓာတ်သတ္တုများ ပါဝင်သည်ကို တွေ့ရှိရကြောင်းနှင့် အဆိုပါကျောက်တုံးများနှင့် ထိတွေ့သည့်ရေတွင် အက်စစ်ဓာတ် များလာသည်နှင့်အမျှ သတ္တုမော်လီကျုများ ပိုမိုဖျော်ထုတ်လာနိုင်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

from Eleven Media Group's Facebook Wall http://ift.tt/1mbQ8jp

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...