Skip to main content

မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာလုပ်ငန်းနှင့်စာရင်းကိုင်လုပ်ငန်း စွမ်းရည်မြှင့်တင်ေ...



မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာလုပ်ငန်းနှင့်စာရင်းကိုင်လုပ်ငန်း စွမ်းရည်မြှင့်တင်ရေးအတွက်

ကုန်သည်များနှင့် စက်မှူလက်မှူ လုပ်ငန်းရှင်များအသင်းချူပ် နှင့်

လန်ဒန်အခြေစိုက် ACCA တို့

နားလည်မှုစာချွန်လွှာ ရေးထိုး



ရန်ကုန်-မတ်၁၇



မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာလုပ်ငန်းနှင့်စာရင်းကိုင်လုပ်ငန်း စွမ်းရည်မြှင့်တင်ရေး၊အုပ်ချူပ်မှုနှင့် ကျင့်ဝတ်ဆိုင်ရာမြှင့်တင်နိင်ရေး ၊ စီးပွားေးရးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှူလက်မှူ လုပ်ငန်းရှင်များအသင်းချူပ် နှင့် လန်ဒန်အခြေစိုက် The Association of Chartered Certified Accountants (ACCA) တို့သည်

မတ်လ ၁၆ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Chatrium Hotelတွင် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးပွဲကို ကျင်းပခဲ့သည်။

ACCA ၏ Head of Emerging Markets – ASIA , Mr.Reza Ali က “The Role of Finance Professionals in Building a Strong and Sustainable Economy” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးစဈေးကွက်တွင် ငွေကြေးဆိုင်ရာနှင့်စာရင်းကိုင်ပညာ တို့အား အခြေခံအုတ်မြစ်ကောင်းထားရှိ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတကာစံနှုန်းအဆင့်မီမှီ ငွေကြေး နှင့် စာရင်းကိုင်ပညာကို ကျင့်သုံးခြင်းဖြင့် ရင်နှီးမြှပ်နှံမှုအခွင့်အလမ်းများပိုမိုရရှိနိုင်ကြောင်း၊ ယခုအခါ ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းများမှ CEO အများစုသည် ယခင်က CFO ဟုခေါ်သည့် ငွေစာရင်း အရာရှိများဖြစ်ကြကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် ၉၀% ကျော်ကလည်း စာရင်းကိုင်ပညာကို မဖြစ်မနေတတ် ကျွမ်းရမည့် ပညာဟုရှုမြင်၍သင်ယူလာကြကြောင်း စသည်ဖြင့် တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ ACCA နှင့် ကုန်သည်စက်မှူအသင်းချူပ်တို့၏ ပူးတွဲ သုသေသနလုပ်ငန်း များဆောင်ရွက်ရန်၊ နည်းပညာဦးဆောင်မှုဆိုင်ရာအတွေးအခေါ်များနှင့်ပတ်သက်၍ စာအုပ်စာတမ်းပြုစုသွားရန်၊ သင်တန်းများ၊ ဖိုရမ်များ၊ Conference များ၊ သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်ပူးပေါင်း ဆောင်ရွက်ရန၊် နည်းပညာအထောက်အပံ့နှင့် အကူအညီများစီစဉ်ပေးရန် စသည့်အချက်များပါဝင်သည့် နားလည်မှုစာချွန်လွှာ (MoU) အားကုန်သည်စက်မှူအသင်းချုပ်ဥက္ကဌ ဦးဝင်းအောင်၊ ဒုတိယဥက္ကဌ Dr. မောင်မောင်လေး နှင့် ACCA, Emerging Markets Director Ms.Lucia Real Martin နှင့် Head of Emerging Markets - ASIA , Mr.Reza Ali တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ (MoU)ရေးထိုးပွဲသို့ ကုန်သည်စက်မှူအသင်းချုပ်ဥက္ကဌ ဦးဝင်းအောင်၊ဒုတိယဥက္ကဌ များဖြစ်ကြသော ဦးဇော်မင်းဝင်း၊Dr. မောင်မောင်လေး၊ဦးမြဟန်၊ ဦးသိန်းဟန်၊ ACCA, Emerging Markets Director Ms.Lucia Real Martin နှင့် Head of Emerging Markets - ASIA , Mr.Reza Ali ၊ MICPA မှဦးဝင်းသင်၊တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

လန်ဒန်အခြေစိုက် ACCA သည် စာရင်းကိုင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း(၁၇၃) နိုင်ငံတွင် ကျောင်းသားပေါင်း (၄၂၈,၀၀၀) နှင့် အသင်းဝင်ပေါင်း (၁၆၂,၀၀၀) ရှိသည်။ ကုန်သည်စက်မှုအသင်းချုပ်သည် ၂၀၀၀ ပြည့်နှစ်မှစတင်၍ လူ့စွမ်းအားအရင်းအမြစ်တိုးတက် စေရန် ရည်ရွယ်၍ UMFCCI Training Center ကိုဖွင့်လှစ်ကာ နိုင်ငံတကာစီးပွားရေးဆိုင်ရာသင်တန်းများကို ၄လတစ်ကြိမ်ပုံမှန် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။





from Popular Myanmar News Journal's Facebook Wall http://ift.tt/1mbQbLV

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...